စလင်းတွင် USDP ပါတီဝင် တစ်ဦးနှင့်ဇနီးဖြစ်သူအား အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား

556

NP News - အောက်တိုဘာ ၁၃
စလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် (USDP) တစ်ဦး နှင့် ဇနီးဖြစ်သူအားအကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာတွင်နေထိုင်သော စလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးတိုးတိုး(ခ)ဦးဖိုးတိုး (၅၇)နှစ်သည် ဇနီးဖြစ်သူ ဒေါ်မိုးမိုးစိုး(၅၈)နှစ်နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အအဖွဲ့ အင်အား ၁ဝ ဦးခန့်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာခဲ့ပြီး ၎င်းတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ နိုင်ငံရေးပါတီဝင်တစ်ဦးနှင့် အရပ်သားပြည်သူတစ်ဦးအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
စလင္းတြင္ USDP ပါတီဝင္ တစ္ဦးႏွင့္ဇနီးျဖစ္သူအား အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြား
NP News - ေအာက္တိုဘာ ၁၃
စလင္းၿမိဳ႕နယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဝင္ (USDP) တစ္ဦး ႏွင့္ ဇနီးျဖစ္သူအားအၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၁ ရက္ နံနက္ ၁၁ နာရီတြင္ မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္၊ သနပ္ကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ေက်း႐ြာတြင္ေနထိုင္ေသာ စလင္းၿမိဳ႕နယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဝင္ ဦးတိုးတိုး(ခ)ဦးဖိုးတိုး (၅၇)ႏွစ္သည္ ဇနီးျဖစ္သူ ေဒၚမိုးမိုးစိုး(၅၈)ႏွစ္ႏွင့္အတူ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အအဖြဲ႕ အင္အား ၁ဝ ဦးခန႔္က ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေရာက္ရွိလာခဲ့ၿပီး ၎တို႔ႏွစ္ဦးအား အၾကမ္းဖက္ၿခိမ္းေျခာက္၍ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မွ ႏိုင္ငံေရးပါတီဝင္တစ္ဦးႏွင့္ အရပ္သားျပည္သူတစ္ဦးအား ပစ္မွတ္ထားဖမ္းဆီး၍ ၿခိမ္းေျခာက္ေငြေတာင္းခံျခင္း၊ သတ္ျဖတ္ျခင္းမ်ားစေသာ လူသားခ်င္းမစာနာသည့္ လူမဆန္ေသာ ရာဇဝတ္မႈမ်ားအား က်ဴးလြန္လုပ္ေဆာင္လ်က္ရွိသည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ ဖမ္းဆီးခံထားရသူမ်ားအား ျပန္လည္ကယ္တင္ႏိုင္ေရး လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။