မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်

3097
ရဲပြည့် (NP News) - ဇူလိုင် ၁၂
မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အကြိုဗိုလ်လုပွဲကို အကောင်းဆုံးအုပ်စု ဒုတိယနေရာဖြင့် တက်ရောက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ (MFF) မှ ထုတ်ပြန်ထား သည်။

၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်းမြို့တွင် ဇူလိုင်လ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို အုပ်စုသုံးခုခွဲထားပြီး အုပ်စုသုံးခုမှ အုပ်စုပထမ သုံးသင်း၊ အကောင်းဆုံး အုပ်စုဒုတိယတစ်သင်း၊ စုစုပေါင်း လေးသင်းသည် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် အကောင်းဆုံး အုပ်စုဒုတိယနေရာဖြင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် အုပ်စု(ဂ)တွင် ထိုင်း၊ ဖိလစ်ပိုင်အသင်းတို့နှင့်တစ်အုပ်စုတည်းကျရောက်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ထိုင်းကိုရှုံးနိမ့်ခဲ့ပြီး ဖိလစ်ပိုင်းအသင်းကို အနိုင်ရရှိခဲ့ခြင်းကြောင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အတွက်ကြောင့် ၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့်အင်ဒိုအသင်း ၊ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲ ဗိုလ်လုပွဲတွင်
ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဗီယက်နမ်အသင်းနှင့်တွေ့ဆုံတိုင်း ရလဒ်မကောင်တတ်သည့် အနေအထားမျိုးဖြစ်သည့်အတွက် ယခုတွေ့ဆုံချိန်တွင် အနိုင်ယူနိုင်ရန်လိုအပ်နေကြောင်း သိရသည်။

zawgyi version
ျမန္မာယူ-၁၉ အမ်ိဳးသမီးအသင္းသည္ ထိုင္းအသင္းကို ရႈံးနိမ့္ခဲ့ေသာ္လည္း အႀကိဳဗိုလ္လုပြဲကို တက္ေရာက္ႏိုင္
ရဲျပည့္ (NP News) - ဇူလိုင္ ၁၂
ျမန္မာယူ-၁၉ အမ်ိဳးသမီးအသင္းသည္ ထိုင္းအသင္းကို ရႈံးနိမ့္ခဲ့ေသာ္လည္း အႀကိဳဗိုလ္လုပြဲကို အေကာင္းဆုံးအုပ္စု ဒုတိယေနရာျဖင့္ တက္ေရာက္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ (MFF) မွ ထုတ္ျပန္ထား သည္။
၂ဝ၂၃ အာဆီယံ အမ်ိဳးသမီး ယူ-၁၉ ၿပိဳင္ပြဲကို အင္ဒိုနီးရွားႏိုင္ငံ ပလမ္ဘန္းၿမိဳ႕တြင္ ဇူလိုင္လ ၅ ရက္မွ ၁၇ ရက္အထိ က်င္းပျပဳလုပ္ေနျခင္းျဖစ္သည္။
ယင္းၿပိဳင္ပြဲကို အုပ္စုသုံးခုခြဲထားၿပီး အုပ္စုသုံးခုမွ အုပ္စုပထမ သုံးသင္း၊ အေကာင္းဆုံး အုပ္စုဒုတိယတစ္သင္း၊ စုစုေပါင္း ေလးသင္းသည္ ဆီမီးဖိုင္နယ္အဆင့္သို႔ တက္ေရာက္ႏိုင္မည္ျဖစ္ၿပီး ျမန္မာယူ-၁၉ အမ်ိဳးသမီးအသင္းသည္ အေကာင္းဆုံး အုပ္စုဒုတိယေနရာျဖင့္ တက္ေရာက္ႏိုင္ခဲ့ျခင္းျဖစ္သည္။
ျမန္မာယူ-၁၉ အမ်ိဳးသမီးအသင္းသည္ အုပ္စု(ဂ)တြင္ ထိုင္း၊ ဖိလစ္ပိုင္အသင္းတို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ခဲ့သည္။ ျမန္မာအမ်ိဳးသမီးအသင္းသည္ ထိုင္းကိုရႈံးနိမ့္ခဲ့ၿပီး ဖိလစ္ပိုင္းအသင္းကို အႏိုင္ရရွိခဲ့ျခင္းေၾကာင့္ အႀကိဳဗိုလ္လုပြဲသို႔ တက္ေရာက္ထားႏိုင္ခဲ့ျခင္းျဖစ္သည္။
ထို႔အတြက္ေၾကာင့္ ၂ဝ၂၃ အာဆီယံ အမ်ိဳးသမီး ယူ-၁၉ ၿပိဳင္ပြဲ အႀကိဳဗိုလ္လုပြဲတြင္ ထိုင္းအသင္းႏွင့္အင္ဒိုအသင္း ၊ ျမန္မာအသင္းႏွင့္ ဗီယက္နမ္အသင္းတို႔ အသီးသီးယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။
ျမန္မာလက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းသည္ ၿပီးခဲ့သည့္ ဆီးဂိမ္းၿပိဳင္ပြဲ ဗိုလ္လုပြဲတြင္
ဗီယက္နမ္အသင္းကို ရႈံးနိမ့္ခဲ့ၿပီး ဗီယက္နမ္အသင္းႏွင့္ေတြ႕ဆုံတိုင္း ရလဒ္မေကာင္တတ္သည့္ အေနအထားမ်ိဳးျဖစ္သည့္အတြက္ ယခုေတြ႕ဆုံခ်ိန္တြင္ အႏိုင္ယူႏိုင္ရန္လိုအပ္ေနေၾကာင္း သိရသည္။