ချစ်စစ်ပွဲမှ တရုတ်ရဲ့ ဒုတိယမြောက် တိုက်ကွက် (ဘာသာပြန်ဆောင်းပါး)

 1963

ပရမတ္တ ကိုမောင်ဘ (NP News) - ဇူလိုင် ၁၂

ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ သတ္ထု ဒြပ်ပေါင်းနှစ်မျိုး
ဂယ်လီယမ်နဲ့ ဂျမေးနီယမ် သတ္ထု ဒြပ်ပေါင်း ၁၄ မျိုးတင်ပို့မှုကို ခွင့်ပြုချက်လိုင်စင် လျှောက်ထားရယူရမယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၃ ရက်က ကြေညာလိုက်ပါတယ်။ ဒီရက်ဟာ အမေရိကန် လွတ်လပ်ရေးနှစ်ပတ်လည်နေ့အကြိုရက်ဖြစ်သလို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလင်း တရုတ်ကိုလာဖို့ ပြင်ဆင်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ အမေရိကန်နဲ့ အပေါင်းပါတို့က တရုတ်အပေါ်ဆင်နွှဲနေတဲ့ နည်းပညာအသာစီးရရေး စစ်ပွဲအတွင်း ပိုမိုပြင်းထန်တဲ့ တရုတ်ရဲ့တိုက်ကွက်တွေရှိလာနိုင်ကြောင်း သတိပေးချက်လည်းဖြစ်ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ဆီမီးကွန်ဒတ်တာတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဒီသတ္ထုနှစ်မျိုးကို ကမ္ဘာမှာ အများဆုံး တင်ပို့တဲ့နိုင်ငံက တရုတ်ဖြစ်နေလို့ပါ။ ဂယ်လီယမ်နဲ့ ဂျမေးနီယမ်တို့ဟာ အလွန်ရှားပါးတဲ့ သတ္ထုတွေဖြစ်ကြပြီး သူတို့ကို အလူမီနီယမ်နဲ့ ဇင့် (သွပ်) ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ထဲမှာ ဘေးထွက်ပစ္စည်းအဖြစ်နဲ့ စုဆောင်းရရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးဆုံး အလူမီနီယမ်နဲ့ ဇင့် (သွပ်) ထုတ်လုပ်သူဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဒီသတ္ထုနှစ်မျိုး တင်ပို့ရောင်းချတဲ့နေရာမှာလည်း ကမ္ဘာ့အများဆုံး ဖြစ်နေတာပါ။

ပြီးခဲ့တဲ့နှစ်စာရင်းတွေအရ တစ်ကမ္ဘာလုံးရဲ့ အဆင့်နိမ့် ဂယ်လီယမ် အကြမ်း ထုတ်လုပ်မှု ၉၈ ရာခိုင်နှုန်းဟာ တရုတ်က ဖြစ်ပါတယ်။ နိုင်ငံခြားကိုတင်ပို့တာက မက်ထရစ်တန် ၉၄ တန်ရှိပြီး ဒါဟာ ၂၀၂၁ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းတိုးလာတာ ဖြစ်တယ်လို့ United States Geological Survey (USGS) က ဆိုပါတယ်။

ဂျမေးနီးယမ် ထုတ်လုပ်မှုက ဒီထက်နည်းပေမဲ့ ကမ္ဘာ့စျေးကွက်ထဲက ၆၀ ရာခိုင်နှုန်းဟာ တရုတ်ကလာတာပါ။ လွန်ခဲ့တဲ့နှစ်က တရုတ် တင်ပို့တဲ့ ဂျမေးနီးယမ်က ၄၄ မက်ထရစ်တန် ရှိပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေ ဟာ တရုတ်ရဲ့ အဲဒီသတ္ထုနှစ်မျိုးအပေါ်၊ အထူးသဖြင့် ဂယ်လီယမ်အပေါ် မှီခိုအားထားနေရတယ်လို့ ဆိုနိုင်ပါတယ်။

ဂယ်လီယမ်က ပျော့တဲ့ ငွေသတ္တုတမျိုးဖြစ်ပြီး အီလက်ထရောနစ် ဆားကစ်ပြားတွေအတွက် ဆီမီးကွန်ဒတ်တာ ဝေဖာအချပ်ပါးလေးတွေလုပ်ရာမှာ အသုံးပြုပါတယ်။ နောက်ပြီး အလင်းထုတ်လွှတ်တဲ့ ဒိုင်အုတ် တွေပြု လုပ်ရာမှာလည်းသုံးပါတယ်။ ဂျမေးနီယမ်ကတော့ အချက်အလက်တွေကို လွှဲပြောင်းပေးတဲ့ ဖိုင်ဘာ အော့ပ်တစ် တွေထုတ်လုပ်ရာမှာအသုံးပြုပါတယ်။

တင်ပို့ခွင့် တင်းကြပ်ခြင်း
အမျိုးသားလုံခြုံရေးကို အကြောင်းပြထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်အသစ်အရ ဂယ်လီယမ်သတ္ထု ထုတ်ကုန် (၈) မျိုးနဲ့ ဂျမေးနီယမ် သတ္ထုထုတ်ကုန် (၆) မျိုးကိုတင်ပို့မဲ့ကုမ္ပဏီများဟာ သြဂုတ်လ ၁ ရက် နေ့ကစတင်ပြီး ခွင့်ပြုချက်လိုင်စင်ရှိမှ တင်ပို့ခွင့်ရကြတော့မှာပါ။ တင်ပို့သူများဟာ ဝယ်ယူသူများနဲ့ နောက်ဆုံး အသုံးပြုသူတွေကို ဖော်ပြရမယ့်အပြင် ဘယ်လိုအသုံးပြုမှာလည်းဆိုတာကိုပါ ဖော်ပြရမှာဖြစ်ပါတယ်။

ကန့်သတ်ချက်တွေဟာ ဆီမီးကွန်ဒတ်တာထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ ကာကွယ်ရေးစက်မှု လုပ်ငန်းတွေကို ပစ်မှတ်ထားပုံရပြီး အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ ချစ်စစ်ပွဲမှာလည်း အပေးအယူလုပ်နိုင်တဲ့ တရုတ်ရဲ့ အားသာချက် (bargaining power) တစ်ခု ဖြစ်လာစေမှာဖြစ်ပါတယ်။

ဆီမီးကွန်ဒတ်တာတွေဟာ အရေးအကြီးဆုံး နည်းပညာပစ္စည်းဖြစ်ပါတယ်။ သူတို့ကို စမတ်ဖုန်းတွေ၊ မော်တော်ကားတွေ၊ ရေခဲသေတ္တာတွေနဲ့ ကွန်ပျူတာတွေမှာ အသုံးပြုရသလို၊ စစ်လက်နက်ပစ္စည်းတွေနဲ့ အဆင့်မြင့် ညဏ်ရည်တု ပစ္စည်းတွေမှာလည်း အသုံးပြုကြရပါတယ်။

“ဒီလှုပ်ရှားမှုက ပစ်မှတ်တားဂက်ရှိတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာရောင်းအားအပေါ်မှာ သက်ရောက်မှု ကတော့ အကန့်အသတ်ရှိပါလိမ့်မယ်။” လို့ ယူရေးရှားဂရုရဲ့ သုတေသီများဖြစ်ကြတဲ့ အန်နာအက်ရှ်တွန်၊ ရှောက်မုန့်လုနဲ့ စကော့ ယန်းတို့က ဆိုပါတယ်။

တရုတ်ရဲ့ စည်းမျဉ်းအသစ်ထဲမှာ ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီ ဒါမှမဟုတ် နောက်ဆုံးအသုံးပြုသူ မည်သူမည်ဝါကို ရောင်းချခွင့်မရှိဆိုတာမျိုး ဖော်ပြမထားတာကို ထောက်ပြပြီး ဒါဟာ အမေရိကန်၊ ဂျပန်နဲ့ နယ်သာလန်တို့လို နိုင်ငံတွေကို တရုတ်က လက်တုန့်ပြန်တိုက်ခိုက်နိုင်တဲ့ အကွက်တွေ ရှိသေးတယ်ဆိုတာ ပြသလိုက်တာဖြစ်ပြီး နောင်ထပ် တရုတ်အပေါ် ကန့်သတ်ပိတ်ဆို့လာနိုင်မှုတွေကို ကြိုတင်ဟန့်တားလိုက်တဲ့သဘောလို့ သူတို့က ယူဆကြပါတယ်။

ဒီစည်းမျဉ်းသစ်ထွက်ပေါ်လာပြီးတဲ့နောက် အင်္ဂါနေ့မှာ ဂျမေးနီယမ်ထုတ်လုပ်တဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ထောင်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ဝ နယ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယူနန်ပြည်နယ် လင်ချန်း ရှင်းယွမ် ဂျမေးနီးယမ်းစက်မှုလုပ်ငန်း ကုမ္ပဏီရဲ့ ရှယ်ယာက ၁၀ ရာခိုင်နှုန်း ထိုးတက်ခဲ့ပြီး ရှန်းကျန့် ရှယ်ယာစျေးကွက်မှာ ၁၅ လအတွင်း အမြင့်ဆုံးနဲ့ စျေးပိတ်ခဲ့ပါတယ်။ ယူနန် ချိဟုန် သွပ်နဲ့ ဂျမေးနီယမ် ကုမ္ပဏီရှယ်ယာတွေက ရှန်ဟိုင်း ရှယ်ယာစျေးကွက်မှာ ၆ ဒသမ ၁ ရာခိုင်နှင်း ထိုးတက်ခဲ့ပြီး မေလလယ်ကနေယနေ့အတွင်း အမြင့်ဆုံးစျေးကိုရောက်ခဲ့ပါတယ်။

တဖြည်းဖြည်း ကြီးထွားလာတဲ့ ရန်မီး
၂၀၂၂ ခုနှစ် အောက်တိုဘာလကစပြီး အမေရိကန်က တရုတ်ကို တင်ပို့တဲ့ အဆင့်မြင့် ချစ်ပြားတွေနဲ့ ဆီမီး ကွန်ဒတ်တာ ပစ္စည်းတွေအပေါ်မှာ ပိတ်ပင်ကန့်သတ်မှုတွေလုပ်ခဲ့ပါတယ်။

အမေရိကန်အစိုးရက သူတို့မြေပေါ်မှာ တရုတ်ကုမ္ပဏီတွေကို ပိတ်ပင်တားမြစ်တာဟာ သူတို့နိုင်ငံရဲ့ အခွင့်အရေးလို့လည်းပြောပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ တရုတ် ချစ်ပ်ထုတ်လုပ်ရေးဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့ဖို့ရည်ရွယ်ပြီး အမေရိကန်က ချစ်ပ်ပြားရောင်းဝယ်မှုတွေမှာ ကန့်သတ်ချက်တွေ တိုးတက် လုပ်ဆောင်လာတာပါ။ အဲဒီလို တားမြစ်ကန့်သတ်ခံရမှုနဲ့ အကျုံးဝင်တဲ့ တရုတ်ကုမ္ပဏီစုစုပေါင်းဟာ ၆၀၀ ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့မတ်လမှာ တော့ အမေရိကန်က ဂျပန်နဲ့ နယ်သာလန်နိုင်ငံကိုပါ စည်းရုံးပြီး တရုတ်ကို ဆီမီးကွန်ဒတ်တာ ပစ္စည်းတင်ပို့မှုကို ပူးတွဲ ကန့်သတ်တားမြစ်တာ လုပ်လာခဲ့ပါတယ်။ ယခုနောက်ဆုံး မေလထဲက ဂျပန်နိုင်ငံ ဟီရိုးရှီးမားမှာ ကျင်းပတဲ့ ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင် ခုနှစ်နိုင်ငံက တရုတ်အပေါ်စိုးရိမ်မှုနဲ့ပတ်သက်ပြီး တသံထဲ ထွက်ခဲ့ကြကာ၊ De-risk, Not Decouple တွဲဖြုတ်မဟုတ်-အန္တရာယ်ရှောင် ပေါ်လစီကို အတည်ပြုခဲ့ကြပါတယ်။

ဒီလုပ်ဆောင်ချက်တွေက တရုတ်ပြည်တွင်းက နည်းပညာ စက်မှုလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတဲ့ တရုတ်ရဲ့ ရည်မှန်းချက်ကို ဂယိမ်းဂယိုင်ဖြစ်စေဖို့ ရည်ရွယ်တာပါ။

အဲဒီနောက် ယခုနှစ်မေလ ၂၁ ရက်မှာ တရုတ်ကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန် Micron Technology ကုမ္ပဏီရဲ့ ချစ်ပ်တွေကို မဝယ်ဖို့ ပိတ်ပင်တားမြစ် လိုက်ပါတယ်။ ဒါက ပထဆုံးအကြိမ်တရုတ်ရဲ့ တုန့်ပြန်မှုပါ။ နှစ်နိုင်ငံစလုံး ကတော့ အမျိုးသားလုံခြုံရေးကို အကြောင်းပြ ကြပါတယ်။

အခု ဇူလိုင်လ ၃ ရက်က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ စည်းကမ်းသတ်မှတ်ချက်ကတော့ တရုတ်ရဲ့ ဒုတိယမြောက်တုန့်ပြန်မှုပါ။ တရုတ်ရဲ့ ဒီစည်းမျဉ်းအသစ်မှာ မည်သည့်နိုင်ငံ၊ မည်သည့်ကုမ္ပဏီအပေါ် အရေးယူ ပိတ်ပင်ကြောင်းမဖော်ပြခဲ့ပေမယ့် အမေရိကန်တွေနဲ့ သူ့ရဲ့အပေါင်းအဖော်တွေက သူတို့ကိုရည်ရွယ်တာမှန်းသိကြပါ တယ်။

ဒါကြောင့် နယ်သာလန်နိုင်ငံက ဇူလိုင်လ ၇ ရက် (သောကြာနေ့)က သူ့ရဲ့အဆင့်မြင့် ဆီမီးကွန်ဒတ်တာ တင်ပို့မှုအပေါ် ကန့်သတ်မှုအသစ်တွေချမှတ်ခဲ့ခြင်းအားဖြင့် တရုတ်ရဲ့ လုပ်ရပ်ကို လက်တုန့်ပြန်ပါတယ်။ ဒါက ASML ရဲ့ တရုတ်ကိုတင်ပို့မှုကို တားမြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာပေါ်က အရေးအကြီးဆုံး ဆီမီးကွန်ဒတ်တာ ကုမ္ပဏီကြီး တွေထဲက တစ်ခုဖြစ်တဲ့ ASML ကို တိတိကျကျရည်ရွယ်ပြီး ပိတ်ပင်တာတော့မဟုတ်ပါ။

တချို့နိုင်ငံတွေကလည်း အစဉ်အလာအရ တောင့်တင်းခိုင်မာတဲ့ သူတို့ရဲ့ ပြည်တွင်း ချစ်ပြားစက်မှုလုပ်ငန်းတွေမှာ ထောက်ပံ့ရေးကွင်းဆက် မပြတ်စေဖို့အတွက် လုံခြုံစိတ်ချရအောင် လုပ်ကြပါတယ်။ လွန်ခဲ့တဲ့ သတင်းပတ်ထဲမှာတုန်းက ဂျပန်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ The Japanese Investment Corporation (JIC) က ဆီမီးကွန်ဒတ်တာ ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီကြီး JSR ထံမှာ ၆ ဒသမ ၃ ဘီလျံဒေါ်လာ (၉၀၃ ဒသမ ၉ ဘီလျံယန်း) တန်ဖိုးရှိတဲ့ ရှယ်ယာတွေ ဝယ်ယူရင်းနှီးမြှုပ်နှံဖို့ အဆိုပြုလိုက်ပါတယ်။ ဒီဆောင်ရွက်ချက်က နည်းပညာ အသာစီးရရေး တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲအတွင်း၊ အခြေအနေတွေ ပိုမိုသဲသန် ပြင်းထန်လာနှိုင်ချေ ရှိတာတွေကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေဘဲဖြစ်ပါကြောင်း။

ကိုးကား- China slaps export curbs on chipmaking metals in tech war warning to U.S., Europe
- Beijing jabs in US-China tech fight with chip material export curbs
- China flexes critical metals muscles with export curbs

zawgyi version
ခ်စ္စစ္ပြဲမွ တ႐ုတ္ရဲ႕ ဒုတိယေျမာက္ တိုက္ကြက္ (ဘာသာျပန္ေဆာင္းပါး)
ပရမတၱ ကိုေမာင္ဘ (NP News) - ဇူလိုင္ ၁၂

ဆီမီးကြန္ဒတ္တာ ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ သတၳဳ ျဒပ္ေပါင္းႏွစ္မ်ိဳး
ဂယ္လီယမ္နဲ႔ ဂ်ေမးနီယမ္ သတၳဳ ျဒပ္ေပါင္း ၁၄ မ်ိဳးတင္ပို႔မႈကို ခြင့္ျပဳခ်က္လိုင္စင္ ေလွ်ာက္ထားရယူရမယ္လို႔ တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနက ဇူလိုင္လ ၃ ရက္က ေၾကညာလိုက္ပါတယ္။ ဒီရက္ဟာ အေမရိကန္ လြတ္လပ္ေရးႏွစ္ပတ္လည္ေန႔အႀကိဳရက္ျဖစ္သလို အေမရိကန္ ဘ႑ာေရးဝန္ႀကီး ဂ်ဲနက္ ယဲလင္း တ႐ုတ္ကိုလာဖို႔ ျပင္ဆင္ေနတဲ့ အခ်ိန္လည္းျဖစ္ပါတယ္။

ဒီေၾကညာခ်က္ဟာ အေမရိကန္နဲ႔ အေပါင္းပါတို႔က တ႐ုတ္အေပၚဆင္ႏႊဲေနတဲ့ နည္းပညာအသာစီးရေရး စစ္ပြဲအတြင္း ပိုမိုျပင္းထန္တဲ့ တ႐ုတ္ရဲ႕တိုက္ကြက္ေတြရွိလာႏိုင္ေၾကာင္း သတိေပးခ်က္လည္းျဖစ္ပါတယ္။

ဘာျဖစ္လို႔လည္းဆိုေတာ့ ဆီမီးကြန္ဒတ္တာေတြ ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ ဒီသတၳဳႏွစ္မ်ိဳးကို ကမာၻမွာ အမ်ားဆုံး တင္ပို႔တဲ့ႏိုင္ငံက တ႐ုတ္ျဖစ္ေနလို႔ပါ။ ဂယ္လီယမ္နဲ႔ ဂ်ေမးနီယမ္တို႔ဟာ အလြန္ရွားပါးတဲ့ သတၳဳေတြျဖစ္ၾကၿပီး သူတို႔ကို အလူမီနီယမ္နဲ႔ ဇင့္ (သြပ္) ထုတ္လုပ္တဲ့ လုပ္ငန္းစဥ္ထဲမွာ ေဘးထြက္ပစၥည္းအျဖစ္နဲ႔ စုေဆာင္းရရွိပါတယ္။ ဒါေၾကာင့္ ကမာၻ႔အႀကီးဆုံး အလူမီနီယမ္နဲ႔ ဇင့္ (သြပ္) ထုတ္လုပ္သူျဖစ္တဲ့ တ႐ုတ္ႏိုင္ငံဟာ ဒီသတၳဳႏွစ္မ်ိဳး တင္ပို႔ေရာင္းခ်တဲ့ေနရာမွာလည္း ကမာၻ႔အမ်ားဆုံး ျဖစ္ေနတာပါ။

ၿပီးခဲ့တဲ့ႏွစ္စာရင္းေတြအရ တစ္ကမာၻလုံးရဲ႕ အဆင့္နိမ့္ ဂယ္လီယမ္ အၾကမ္း ထုတ္လုပ္မႈ ၉၈ ရာခိုင္ႏႈန္းဟာ တ႐ုတ္က ျဖစ္ပါတယ္။ ႏိုင္ငံျခားကိုတင္ပို႔တာက မက္ထရစ္တန္ ၉၄ တန္ရွိၿပီး ဒါဟာ ၂၀၂၁ ခုႏွစ္ကထက္ ၂၅ ရာခိုင္ႏႈန္းတိုးလာတာ ျဖစ္တယ္လို႔ United States Geological Survey (USGS) က ဆိုပါတယ္။

ဂ်ေမးနီးယမ္ ထုတ္လုပ္မႈက ဒီထက္နည္းေပမဲ့ ကမာၻ႔ေစ်းကြက္ထဲက ၆၀ ရာခိုင္ႏႈန္းဟာ တ႐ုတ္ကလာတာပါ။ လြန္ခဲ့တဲ့ႏွစ္က တ႐ုတ္ တင္ပို႔တဲ့ ဂ်ေမးနီးယမ္က ၄၄ မက္ထရစ္တန္ ရွိပါတယ္။ ဒါေၾကာင့္ အေနာက္ႏိုင္ငံေတြ ဟာ တ႐ုတ္ရဲ႕ အဲဒီသတၳဳႏွစ္မ်ိဳးအေပၚ၊ အထူးသျဖင့္ ဂယ္လီယမ္အေပၚ မွီခိုအားထားေနရတယ္လို႔ ဆိုႏိုင္ပါတယ္။

ဂယ္လီယမ္က ေပ်ာ့တဲ့ ေငြသတၱဳတမ်ိဳးျဖစ္ၿပီး အီလက္ထေရာနစ္ ဆားကစ္ျပားေတြအတြက္ ဆီမီးကြန္ဒတ္တာ ေဝဖာအခ်ပ္ပါးေလးေတြလုပ္ရာမွာ အသုံးျပဳပါတယ္။ ေနာက္ၿပီး အလင္းထုတ္လႊတ္တဲ့ ဒိုင္အုတ္ ေတြျပဳ လုပ္ရာမွာလည္းသုံးပါတယ္။ ဂ်ေမးနီယမ္ကေတာ့ အခ်က္အလက္ေတြကို လႊဲေျပာင္းေပးတဲ့ ဖိုင္ဘာ ေအာ့ပ္တစ္ ေတြထုတ္လုပ္ရာမွာအသုံးျပဳပါတယ္။

တင္ပို႔ခြင့္ တင္းၾကပ္ျခင္း
အမ်ိဳးသားလုံၿခဳံေရးကို အေၾကာင္းျပထားတဲ့ စည္းမ်ဥ္းသတ္မွတ္ခ်က္အသစ္အရ ဂယ္လီယမ္သတၳဳ ထုတ္ကုန္ (၈) မ်ိဳးနဲ႔ ဂ်ေမးနီယမ္ သတၳဳထုတ္ကုန္ (၆) မ်ိဳးကိုတင္ပို႔မဲ့ကုမၸဏီမ်ားဟာ ၾသဂုတ္လ ၁ ရက္ ေန႔ကစတင္ၿပီး ခြင့္ျပဳခ်က္လိုင္စင္ရွိမွ တင္ပို႔ခြင့္ရၾကေတာ့မွာပါ။ တင္ပို႔သူမ်ားဟာ ဝယ္ယူသူမ်ားနဲ႔ ေနာက္ဆုံး အသုံးျပဳသူေတြကို ေဖာ္ျပရမယ့္အျပင္ ဘယ္လိုအသုံးျပဳမွာလည္းဆိုတာကိုပါ ေဖာ္ျပရမွာျဖစ္ပါတယ္။

ကန႔္သတ္ခ်က္ေတြဟာ ဆီမီးကြန္ဒတ္တာထုတ္လုပ္တဲ့ကုမၸဏီေတြနဲ႔ ကာကြယ္ေရးစက္မႈ လုပ္ငန္းေတြကို ပစ္မွတ္ထားပုံရၿပီး အေမရိကန္နဲ႔ ျဖစ္ပြားေနတဲ့ ခ်စ္စစ္ပြဲမွာလည္း အေပးအယူလုပ္ႏိုင္တဲ့ တ႐ုတ္ရဲ႕ အားသာခ်က္ (bargaining power) တစ္ခု ျဖစ္လာေစမွာျဖစ္ပါတယ္။

ဆီမီးကြန္ဒတ္တာေတြဟာ အေရးအႀကီးဆုံး နည္းပညာပစၥည္းျဖစ္ပါတယ္။ သူတို႔ကို စမတ္ဖုန္းေတြ၊ ေမာ္ေတာ္ကားေတြ၊ ေရခဲေသတၱာေတြနဲ႔ ကြန္ပ်ဴတာေတြမွာ အသုံးျပဳရသလို၊ စစ္လက္နက္ပစၥည္းေတြနဲ႔ အဆင့္ျမင့္ ညဏ္ရည္တု ပစၥည္းေတြမွာလည္း အသုံးျပဳၾကရပါတယ္။

“ဒီလႈပ္ရွားမႈက ပစ္မွတ္တားဂက္ရွိတဲ့အတြက္ ကမာၻလုံးဆိုင္ရာေရာင္းအားအေပၚမွာ သက္ေရာက္မႈ ကေတာ့ အကန႔္အသတ္ရွိပါလိမ့္မယ္။” လို႔ ယူေရးရွားဂ႐ုရဲ႕ သုေတသီမ်ားျဖစ္ၾကတဲ့ အန္နာအက္ရွ္တြန္၊ ေရွာက္မုန႔္လုနဲ႔ စေကာ့ ယန္းတို႔က ဆိုပါတယ္။

တ႐ုတ္ရဲ႕ စည္းမ်ဥ္းအသစ္ထဲမွာ ဘယ္ႏိုင္ငံ၊ ဘယ္ကုမၸဏီ ဒါမွမဟုတ္ ေနာက္ဆုံးအသုံးျပဳသူ မည္သူမည္ဝါကို ေရာင္းခ်ခြင့္မရွိဆိုတာမ်ိဳး ေဖာ္ျပမထားတာကို ေထာက္ျပၿပီး ဒါဟာ အေမရိကန္၊ ဂ်ပန္နဲ႔ နယ္သာလန္တို႔လို ႏိုင္ငံေတြကို တ႐ုတ္က လက္တုန႔္ျပန္တိုက္ခိုက္ႏိုင္တဲ့ အကြက္ေတြ ရွိေသးတယ္ဆိုတာ ျပသလိုက္တာျဖစ္ၿပီး ေနာင္ထပ္ တ႐ုတ္အေပၚ ကန႔္သတ္ပိတ္ဆို႔လာႏိုင္မႈေတြကို ႀကိဳတင္ဟန႔္တားလိုက္တဲ့သေဘာလို႔ သူတို႔က ယူဆၾကပါတယ္။

ဒီစည္းမ်ဥ္းသစ္ထြက္ေပၚလာၿပီးတဲ့ေနာက္ အဂၤါေန႔မွာ ဂ်ေမးနီယမ္ထုတ္လုပ္တဲ့ တ႐ုတ္ကုမၸဏီေတြရဲ႕ ရွယ္ယာေတြ ေထာင္တက္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံ ဝ နယ္နဲ႔ မ်က္ႏွာခ်င္းဆိုင္မွာရွိတဲ့ ယူနန္ျပည္နယ္ လင္ခ်န္း ရွင္းယြမ္ ဂ်ေမးနီးယမ္းစက္မႈလုပ္ငန္း ကုမၸဏီရဲ႕ ရွယ္ယာက ၁၀ ရာခိုင္ႏႈန္း ထိုးတက္ခဲ့ၿပီး ရွန္းက်န႔္ ရွယ္ယာေစ်းကြက္မွာ ၁၅ လအတြင္း အျမင့္ဆုံးနဲ႔ ေစ်းပိတ္ခဲ့ပါတယ္။ ယူနန္ ခ်ိဟုန္ သြပ္နဲ႔ ဂ်ေမးနီယမ္ ကုမၸဏီရွယ္ယာေတြက ရွန္ဟိုင္း ရွယ္ယာေစ်းကြက္မွာ ၆ ဒသမ ၁ ရာခိုင္ႏွင္း ထိုးတက္ခဲ့ၿပီး ေမလလယ္ကေနယေန႔အတြင္း အျမင့္ဆုံးေစ်းကိုေရာက္ခဲ့ပါတယ္။

တျဖည္းျဖည္း ႀကီးထြားလာတဲ့ ရန္မီး
၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလကစၿပီး အေမရိကန္က တ႐ုတ္ကို တင္ပို႔တဲ့ အဆင့္ျမင့္ ခ်စ္ျပားေတြနဲ႔ ဆီမီး ကြန္ဒတ္တာ ပစၥည္းေတြအေပၚမွာ ပိတ္ပင္ကန႔္သတ္မႈေတြလုပ္ခဲ့ပါတယ္။

အေမရိကန္အစိုးရက သူတို႔ေျမေပၚမွာ တ႐ုတ္ကုမၸဏီေတြကို ပိတ္ပင္တားျမစ္တာဟာ သူတို႔ႏိုင္ငံရဲ႕ အခြင့္အေရးလို႔လည္းေျပာပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေတြမွာ တ႐ုတ္ ခ်စ္ပ္ထုတ္လုပ္ေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ပိတ္ဆို႔ဖို႔ရည္႐ြယ္ၿပီး အေမရိကန္က ခ်စ္ပ္ျပားေရာင္းဝယ္မႈေတြမွာ ကန႔္သတ္ခ်က္ေတြ တိုးတက္ လုပ္ေဆာင္လာတာပါ။ အဲဒီလို တားျမစ္ကန႔္သတ္ခံရမႈနဲ႔ အက်ဳံးဝင္တဲ့ တ႐ုတ္ကုမၸဏီစုစုေပါင္းဟာ ၆၀၀ ေက်ာ္ရွိပါတယ္။ ၿပီးခဲ့တဲ့မတ္လမွာ ေတာ့ အေမရိကန္က ဂ်ပန္နဲ႔ နယ္သာလန္ႏိုင္ငံကိုပါ စည္း႐ုံးၿပီး တ႐ုတ္ကို ဆီမီးကြန္ဒတ္တာ ပစၥည္းတင္ပို႔မႈကို ပူးတြဲ ကန႔္သတ္တားျမစ္တာ လုပ္လာခဲ့ပါတယ္။ ယခုေနာက္ဆုံး ေမလထဲက ဂ်ပန္ႏိုင္ငံ ဟီ႐ိုးရွီးမားမွာ က်င္းပတဲ့ ဂ်ီ-ဆဲဗင္း ထိပ္သီးအစည္းအေဝးမွာ အဖြဲ႕ဝင္ ခုႏွစ္ႏိုင္ငံက တ႐ုတ္အေပၚစိုးရိမ္မႈနဲ႔ပတ္သက္ၿပီး တသံထဲ ထြက္ခဲ့ၾကကာ၊ De-risk, Not Decouple တြဲျဖဳတ္မဟုတ္-အႏၲရာယ္ေရွာင္ ေပၚလစီကို အတည္ျပဳခဲ့ၾကပါတယ္။

ဒီလုပ္ေဆာင္ခ်က္ေတြက တ႐ုတ္ျပည္တြင္းက နည္းပညာ စက္မႈလုပ္ငန္းေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ဖို႔ဆိုတဲ့ တ႐ုတ္ရဲ႕ ရည္မွန္းခ်က္ကို ဂယိမ္းဂယိုင္ျဖစ္ေစဖို႔ ရည္႐ြယ္တာပါ။

အဲဒီေနာက္ ယခုႏွစ္ေမလ ၂၁ ရက္မွာ တ႐ုတ္ကလည္း လက္တုန႔္ျပန္တဲ့အေနနဲ႔ အေမရိကန္ Micron Technology ကုမၸဏီရဲ႕ ခ်စ္ပ္ေတြကို မဝယ္ဖို႔ ပိတ္ပင္တားျမစ္ လိုက္ပါတယ္။ ဒါက ပထဆုံးအႀကိမ္တ႐ုတ္ရဲ႕ တုန႔္ျပန္မႈပါ။ ႏွစ္ႏိုင္ငံစလုံး ကေတာ့ အမ်ိဳးသားလုံၿခဳံေရးကို အေၾကာင္းျပ ၾကပါတယ္။

အခု ဇူလိုင္လ ၃ ရက္က တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနရဲ႕ စည္းကမ္းသတ္မွတ္ခ်က္ကေတာ့ တ႐ုတ္ရဲ႕ ဒုတိယေျမာက္တုန႔္ျပန္မႈပါ။ တ႐ုတ္ရဲ႕ ဒီစည္းမ်ဥ္းအသစ္မွာ မည္သည့္ႏိုင္ငံ၊ မည္သည့္ကုမၸဏီအေပၚ အေရးယူ ပိတ္ပင္ေၾကာင္းမေဖာ္ျပခဲ့ေပမယ့္ အေမရိကန္ေတြနဲ႔ သူ႔ရဲ႕အေပါင္းအေဖာ္ေတြက သူတို႔ကိုရည္႐ြယ္တာမွန္းသိၾကပါ တယ္။

ဒါေၾကာင့္ နယ္သာလန္ႏိုင္ငံက ဇူလိုင္လ ၇ ရက္ (ေသာၾကာေန႔)က သူ႔ရဲ႕အဆင့္ျမင့္ ဆီမီးကြန္ဒတ္တာ တင္ပို႔မႈအေပၚ ကန႔္သတ္မႈအသစ္ေတြခ်မွတ္ခဲ့ျခင္းအားျဖင့္ တ႐ုတ္ရဲ႕ လုပ္ရပ္ကို လက္တုန႔္ျပန္ပါတယ္။ ဒါက ASML ရဲ႕ တ႐ုတ္ကိုတင္ပို႔မႈကို တားျမစ္ပါလိမ့္မယ္။ ဒါေပမယ့္ ကမာၻေပၚက အေရးအႀကီးဆုံး ဆီမီးကြန္ဒတ္တာ ကုမၸဏီႀကီး ေတြထဲက တစ္ခုျဖစ္တဲ့ ASML ကို တိတိက်က်ရည္႐ြယ္ၿပီး ပိတ္ပင္တာေတာ့မဟုတ္ပါ။

တခ်ိဳ႕ႏိုင္ငံေတြကလည္း အစဥ္အလာအရ ေတာင့္တင္းခိုင္မာတဲ့ သူတို႔ရဲ႕ ျပည္တြင္း ခ်စ္ျပားစက္မႈလုပ္ငန္းေတြမွာ ေထာက္ပံ့ေရးကြင္းဆက္ မျပတ္ေစဖို႔အတြက္ လုံၿခဳံစိတ္ခ်ရေအာင္ လုပ္ၾကပါတယ္။ လြန္ခဲ့တဲ့ သတင္းပတ္ထဲမွာတုန္းက ဂ်ပန္အစိုးရက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ The Japanese Investment Corporation (JIC) က ဆီမီးကြန္ဒတ္တာ ပစၥည္းေတြထုတ္လုပ္တဲ့ ကုမၸဏီႀကီး JSR ထံမွာ ၆ ဒသမ ၃ ဘီလ်ံေဒၚလာ (၉၀၃ ဒသမ ၉ ဘီလ်ံယန္း) တန္ဖိုးရွိတဲ့ ရွယ္ယာေတြ ဝယ္ယူရင္းႏွီးျမႇဳပ္ႏွံဖို႔ အဆိုျပဳလိုက္ပါတယ္။ ဒီေဆာင္႐ြက္ခ်က္က နည္းပညာ အသာစီးရေရး တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရး စစ္ပြဲအတြင္း၊ အေျခအေနေတြ ပိုမိုသဲသန္ ျပင္းထန္လာႏႈိင္ေခ် ရွိတာေတြကို ကာကြယ္ဖို႔ ႀကိဳတင္ျပင္ဆင္မႈေတြဘဲျဖစ္ပါေၾကာင္း။

ကိုးကား- China slaps export curbs on chipmaking metals in tech war warning to U.S., Europe
- Beijing jabs in US-China tech fight with chip material export curbs
- China flexes critical metals muscles with export curbs

Related news

© 2021. All rights reserved.