နေတိုးက ယူဂိုဆလားဗီးယားကို ဘာကြောင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလဲ (ဘာသာပြန်ဆောင်းပါး)

 2270

မောင်ဌေးအောင် (ကျောက်မဲ) (NP News) - ဇူလိုင် ၁၇

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအခါ အနောက်တိုင်း ကျွမ်းကျင်သူအားလုံးက မတူညီတဲ့ ဝေဖန်ချက်အမျိုးမျိုးပြောဆိုကြပေမယ့် အများစုတူညီတာတစ်ခုကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု အတိုက်ခံရတာ၊ ဒါ ပထမဆုံး အကြိမ်ဖြစ်တယ်ဆိုတာပါ။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်ကကျင်းပတဲ့ ကုလသမဂ္ဂအစည်းအဝေးကို တက်ရောက်လာတဲ့ ခေါင်းဆောင်တစ်ယောက်ကတော့ ဒီအမြင်ကို ငြင်းချက်ထုတ်လိုက်ပါတယ်။ သူက “ယူကရိန်းအနေနဲ့ အလွန်ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရပါပြီ။ ဒါပေမယ့် ဒါက ၁၉၄၅ ခုနှစ်ကစလို့ ပထမဆုံးဖြစ်ခဲ့တဲ့ ဥရောပ စစ်ပွဲ တစ်ခုတော့ မဟုတ်ပါဘူး” လို့ပြောလိုက်တဲ့ ဆားဗီးယားသမ္မတ အလက်ဇင်ဒါ ဗူးဆစ် Aleksandar Vučić ပါ။ “လူတော်တော်များများက ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်မှာ ပထမဆုံးဖြစ်ခဲ့တဲ့ စစ်ပွဲလို့ ပြောကြပါတယ်။ ဒါပေမယ့်တကယ့်အမှန်တရားကတော့ ဘယ်အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုကိုမှကျူးကျော် တိုက်ခိုက်ခြင်းမရှိတဲ့ ဆာဗီးယားနိုင်ငံရဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုကို ချိုးဖောက်တိုက်ခိုက်တာခံခဲ့ရတာက ပထမဆုံးအကြိမ်ပါ။ ဒါကို ဘယ်သူမှထုတ်မပြောကြပါဘူး”တဲ့။

သူပြောတဲ့ စစ်ပွဲဆိုတာ NATO အုပ်စုက ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲပါ။ အဲဒီအချိန်တုန်းကတော့ ဆားဗီးယားကို ယူဂိုဆလပ်ဗီးယား နိုင်ငံလို့ခေါ်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်မှာ NATO က ယူဂိုဆလပ်ဗီးယားကို ကျောက်ခေတ်ပြန်ရောက်သွားတဲ့အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်သားတွေ၊ အရပ်သားနဲ့ ကလေးတွေ အများအပြား အသတ်ခံရပါတယ်။ NATO ဟာ တစ်ချက်ထဲနဲ့ နိုင်ငံတစ်ခုကို တစ်စစီပြိုကွဲအောင်ဖျက်ဆီးပစ်လိုက်ပါတယ်။ သူတို့ ဘာကြောင့် ဘယ်လို လုပ်ခဲ့ကြတာလဲဆိုတာကို နောက်ကြောင်းပြန်ကြည့်ကြပါစို့။

မတူကွဲပြားမှုများ ပေါင်းစည်းညီညွတ်မှု မရှိတဲ့အခါ
ဥရောပတိုက်ရဲ့ အရှေ့တောင်ဘက်ပိုင်းမှာ ဘော်လကန်လို့ခေါ်တဲ့ ဒေသတစ်ခုရှိပါတယ်။ ဒုတိယ ကမ္ဘာ စစ်ပြီးဆုံးချိန်မှာ ဒီဒေသဟာ ယူဂိုဆလပ်ဗီးယား ဆိုရှယ်လစ်ဖက်ဒရယ်သမ္မတ နိုင်ငံလို့ခေါ်တဲ့၊ မတူညီတဲ့ လူမျိုး ၆ မျိုးတို့ရဲ့ ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်ထူထောင်ခဲ့တာပါ။ အခုအချိန်မှာတော့ ဆားဗီးယား၊ မွန်တီနီးဂရိုး၊ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနား၊ ကရိုးရှား၊ မြောက်ပိုင်းမက်ဆီဒိုးနီးယားနဲ့ ဆလိုဗေးနီးယား ၆ နိုင်ငံအဖြစ် သီးခြား လွတ်လပ်တဲ့ နိုင်ငံတွေဖြစ်နေကြပါပြီ။

ဒါပေမယ့် ၁၉၄၆ ခုနှစ်တုန်းကတော့ တစ်နိုင်ငံထဲဘဲဖြစ်ပါတယ်။ အိန္ဒိယမှာပြောလေ့ရှိသလိုဘဲ မတူကွဲပြားမှုများရဲ့ ပေါင်းစည်းညီညွတ်မှု‌ပေါ့။ ဒါပေမယ့် ယူဂိုဆလပ်ဗီးယားရဲ့ မတူကွဲပြားမှုတွေက ၁၉၉၁ ခုနှစ်မှာ ရန်လိုမှုတွေ ပိုများလာပြီး ပိုမတည်မငြိမ်ဖြစ်လာပါတယ်။ ၁၉၉၁ ခုနှစ်မတိုင်မီအထိတော့ ဒါက သိပ်ကြီးမားတဲ့ ပြဿနာမဟုတ်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်အထိက ကွန်မြူနစ်နိုင်ငံဖြစ်နေတဲ့အတွက် မတူကွဲပြားမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ခင်ဗျားပါးစပ်ကို ပိတ်ထားရမှာဖြစ်လို့ပါ။

၁၉၉၁ ခုနှစ်ရောက်တော့ အရှေ့ဥရောပက ကွန်မြူနစ်နိုင်ငံတွေ ပြိုလဲကုန်ပါတယ်။ ယူဂိုဆလပ်ဗီးယားရဲ့ လူမျိုးစုကြားတင်းမာမှုတွေက ရုတ်တရက်ဆိုသလို ဖိနှိပ်မှု၊ ထိန်းချုပ်မှုတွေမရှိတော့ပါ။ ဒါကြောင့် ဘော့စနီးယား၊ ကရိုးရှား၊ ဆလိုဗင်းနီးယား နဲ့ မက်ဆီဒိုးနီးယားဆိုပြီး ကွဲထွက်သွားကြပါတယ်။ ဆားဗီးယားနဲ့ မွန်တီနီးဂရိုးတို့က ကျန်ရစ်ပြီးတော့ ယူဂိုဆလပ်ဗီးယားနိုင်ငံသစ် ဖြစ်လာပါတယ်။ အဲဒီနောက် ပြည်တွင်းမှာ ပဋိပက္ခတစ်ခုပေါ်လာပါတယ်။ အဲဒါက ဆားဗီးယားထဲက ပြည်နယ်တစ်ခုဖြစ်တဲ့ ကိုဆိုဗိုပါ။ ဆားဗီးယားလူမျိူးတွေကို မေးကြည့်မယ်ဆိုရင် ကိုဆိုဗိုဟာ သူတို့လူမျိုးရဲ့ နှလုံးသား၊ သူတို့ရဲ့ ပဝတ္ထိလို့ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် ၁၉၉၀ အလယ်နှစ်များအရောက်မှာတော့ ကိုဆိုဗိုမှာ နောက်မှဝင်ရောက်လာတဲ့ အယ်လ်ဘေးနီးယန်း မူဆလင်တွေအများအပြား ရှိနေကြပြီး သူတို့က ခွဲထွက်ရေးတောင်းဆိုကြပါတယ်။ ဒါပေမယ့် ဆားဗီးယားသမ္မတ ဆလိုဗိုဒန် မီလိုဆီဗစ်က သဘောမတူပါဘူး။ အစပိုင်းမှာတော့ ကိုဆိုဗိုရဲ့ တောင်းဆိုမှုတွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ပါ။ ၁၉၉၆ ခုနှစ်မှာတော့ KLA (Kosovo Liberation Army) ကိုတည်ထောင်လိုက်ပါတယ်။ သူတို့ရဲ့ မဟာဗျူဟာက သံတမန်နည်း၊ ဒီမိုကရေစီနည်းနဲ့ ‌တောင်းဆိုလို့ မရရင် လက်နက်စွဲကိုင်တိုက်ခိုက်ရေးပါ။ အဲဒီအချိန်က KLA ဟာ ပြန်ပေးဆွဲမှု၊ ဆူပူအုံကြွမှု၊ မီးရှို့မှု၊ လူသတ်မှုနဲ့ အကျဉ်းရုံးစစ်ဆေးကွပ်မျက်ခြင်းစတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရပါတယ်။ ဆူပူအုံကြွမှုတွေ ပျံ့နှံ့လာတဲ့အခါ ဆားဗီးယားက အုံကြွမှုတွေကို ချေမှုန်းပါတော့တယ်။ သင့်အနေနဲ့ KLA က ဆိုးတယ်လို့ထင်ရင် ဆားဗီးယားက ပိုဆိုးတယ်လို့ဆိုရပါလိမ့်မယ်။ ကမ္ဘာ့အင်အားကြီးတွေက ဒီရူးသွပ်မှုကိုရပ်တန့်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ ရုရှားတို့က ဆက်သွယ်ရေးအဖွဲ့ဆိုတဲ့ အမည်နဲ့ အဖွဲ့တစ်ခုဖွဲ့စည်းလိုက်ပြီး အချက်လေးချက်ကို တောင်းဆိုလိုက်ပါတယ်။ အဲဒါတွေက
(၁) ချက်ခြင်း အပစ်အခတ်ရပ်စဲရေး။
(၂) ဆာဗီးယား စစ်သားတွေ ဆုတ်ခွာရေး။
(၃) ဒုက္ခသည်အားလုံး နေရပ်ပြန်ပို့ရေးနဲ့
(၄) အပြည့်အဝ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှုရေးဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

မီလိုဆီဗစ်က အဲဒီအချက်အများစုကို သဘောတူခဲ့တဲ့တိုင် သွေးထွက်သံယို အကြမ်းဖက်မှုတွေက ဆက် လက်ဖြစ်ပွားခဲ့ပါတယ်။ ကွန်ဆိုဗို လွတ်မြောက်ရေးတပ်မတော် KLA ဟာ အပစ်အခတ်ရပ်စဲရေးကို အသုံး ချပြီး ပြန်လည်စုဖွဲ့မှုလုပ်ခဲ့ပြီး ပြန်လည်တိုက်ခိုက်ပါတယ်။ အဲဒီတော့ ဆာဗီးယားကလည်း တုန့်ပြန်တိုက်ခိုက်ပါတယ်။ အဲဒါက အညှာအတာကင်းကင်း သွေးချောင်းစီးတဲ့ တိုက်ပွဲတွေပါ။ အဲဒီအချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ယူဂိုဆလပ်ဗီးယားကို ပြစ်တင်ရှုတ်ချပါတယ်။ နောက်ပြီး ယူဂို ဆလပ်ဗီးယားကို လက်နက်ခဲယမ်းတင်သွင်းတာကို ပိတ်ပင်ခဲ့ပါတယ်။ အယ်လ်ဘေးနီးယန်းတွေနဲ့ ဆွေးနွေးဖို့လည်း ဆော်သြခဲ့ပါတယ်။ ဒါပေမယ့် NATO က ဒါလောက်နဲ့ မကျေနပ်ပါဘူး။ ဒီထက်ပိုလုပ်ချင်ကြပါတယ်။

နေတိုးက ဗုံးကြဲတိုက်ခိုက်ခြင်း
၁၉၉၈ ခုနှစ်အောက်တိုဘာလထဲမှာ နေတိုးအဖွဲ့က ယူဂိုဆလပ်ဗီးယားကို အကြမ်းဖက်မှုတွေရပ်ဖို့ ရာဇသံပေးခြိမ်းခြောက်ခဲ့ပါတယ်။ မရပ်ခဲ့ရင် လေကြောင်းကနေ တိုက်ခိုက်ရလိမ့်မယ်လို့ သတိပေးပါတယ်။ ကြောက်လန့်သွားတဲ့ မီလိုဆီဗစ်ဟာ ထိုးစစ်တွေရပ်စဲဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၉၉ ခုနှစ်မှာ အကြမ်းဖက်သွေးထွက်သံယူမှုတွေ ပြန်ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဆွေးနွေးပွဲတွေပြန်စတဲ့ အချိန်အထိ ဖြစ်ခဲ့ပါတယ်။ အယ်ဘေးနီးယန်းတွေဘက်က သဘောတူချက်ရဖို့ အဆင်သင့်ဖြစ်ခဲ့ပေမယ့် မီလိုဆီဗစ်ဘက်က သဘောမတူခဲ့ပါဘူး။ သူက ကိုဆိုဗိုကို တင့်ကားတွေနဲ့ စစ်သားတွေကို တိုးပြီးစေလွှတ်ခဲ့ပါတယ်။ အဲဒီနောက်တော့ နေတိုးက မတ်လ ၂၄ ရက်မှာ စတင်ဗုံးကြဲတိုက်ခိုက်ပါတော့တယ်။ စုစုပေါင်း ၃ လနီးပါးကြာခဲ့ပါတယ်။ အတိအကျကတော့ ၇၈ ရက်ပါ။ မဟာမိတ်တပ်ဖွဲ့ရဲ့စစ်ဆင်ရေးလို့ခေါ်ပါတယ်။ နေတိုးလေသူရဲတွေဟာ အကြိမ်ပေါင်း ၃၈,၀၀၀ ပျံသန်းခဲ့ကြပြီး ၁၀,၄၈၄ ကြိမ်ကတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပါ။ နေတိုးဟာ ဗုံးအလုံးပေါင်း ၄၂၀,၀၀၀ ကို ယူဂိုဆလပ်ဗီးယားမှာ ကြဲချခဲ့ပါတယ်။ အဲဒီအထဲမှာ ၁၅ တန်ရှိတဲ့ DU- (depleted uranium) ဒီပလိတက် ယူရေနီယမ်ဗုံးတွေနဲ့ အတွဲလိုက်ပေါက်ကွဲတဲ့ ဗုံးတွေလည်း ပါဝင်ပါတယ်။ အဲဒီ အတွဲ လိုက်ပေါက်ကွဲတတ်တဲ့ ကလပ်စတာဗုံးလက်နက်တွေကို အခုအခါမှာ‌ ပိတ်ပင်တားမြစ်ထားတာ ၁၂၃ နိုင်ငံရှိပါပြီ။ အဲဒီဗုံးကို နေတိုးက ၁၉၉၉ ခုနှစ်မှာ အသုံးပြုခဲ့တာပါ။ ဒါတွေကို ကုလသမဂ္ဂက ပိတ်ပင်တားမြစ်အရေးယူခဲ့ပါသလား။ မတားမြစ်ခဲ့ပါဘူး။ အဲဒီလို ဗုံးကြဲတိုက်ခိုက်ဖို့ကိုလည်း ကုလသမဂ္ဂက အတည်ပြု မပေးခဲ့ပါဘူး။ အဲဒီလို ဝင်ရောက်စွက်ဖက်ဖို့ကို နေတိုးအဖွဲ့က သူ့ဖာသာဆုံးဖြတ်ခဲ့တာပါ။ သူတို့က မီလိုဆီဗစ်ကို သင်ခန်းစာပေးချင်လို့ပါ။ ဗုံးကြဲတိုက်ခိုက်မှုမှာ ဘာကိုမှ ရှောင်ကွင်းတာမရှိပါ။ တံတားတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ သံရုံးတွေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးဟာ ဖရိုဖရဲ ပြိုလဲပျက်စီးကုန်ပါတယ်။ ယူဂိုဆလပ်ဗီးယား စစ်သား ၁၀၀၀ ပတ်ဝန်းကျင်သေဆုံးပြီး ဆားဗီးယား အရပ်သား ၅၀၀ လောက်သေဆုံးပါတယ်။ ဆားဗီးယားရဲ့ ထုတ်ပြန်ချက်အရ သေကြေပျက်စီးမှုအားလုံးဟာ ၂၅၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သတင်းပေးပို့ချက်တွေအရ ဒါတွေက နိုင်ငံတကာ လူ့အခွင့် အရေးဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ အတည်ပြုကြပါတယ်။ အဲဒီကိစ္စတွေအားလုံးအပေါ် တာဝန်ရှိမှုအတွက် နေတိုးအရာရှိဘယ်လောက်များများ အရေးယူခံရပါသလဲ။ မရှိပါ။ တစ်ယောက်မှ အရေးယူမခံရပါ။ တကယ်တော့ သူတို့ဟာ ဒီစစ်ရာဇဝတ်မှုတွေကို တက်တက် ကြွကြွကျူး လွန်ခဲ့ကြတာပါ။

ဖြစ်ရပ်မှန် ဇတ်လမ်းလေးတစ်ပုဒ်ကိုပြောပြပါမယ်။ ၁၉၉၉ ခုနှစ် ဧပြီလထဲမှာ နေတိုးက ယူဂိုဆလပ်ဗီး ယားက မီးရထားတံတားတစ်ခုကို တိုက်ခိုက်ခဲ့တာမှာ လူစီးရထားတစီးပါ ပါသွားပါတယ်။ အဲဒီမှာ လူ ၂၀ လောက် သေဆုံးသွားခဲ့ပြီး အားလုံးက အရပ်သားတွေပါ။ အမေရိကန် ဗိုလ်ချုပ်တစ်ယောက်က အဲဒီအမှားအတွက်တောင်းပန်ခဲ့ပြီး ဗုံးကြဲခဲ့တဲ့ ဗီဒီယိုကို ပြသခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ ရထားသွားတာက သိပ်မြန်လွန်းနေပါတယ်။

ဒါကြောင့် ဗုံးကိုရှောင်လွှဲဖို့ အချိန်မရလိုက်တဲ့ ပုံပါ။ နောက်ပိုင်းမှာတော့ ဒီဗီဒီယိုဟာ မူလပုံမှန်နှုန်းထက် ၃ ဆ အမြန်နှုန်းနဲ့ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်က လိမ်ညာခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါတယ်။ ဒါဟာ ရထားကို သိပ်မြန်မြန်မောင်းနေတယ်လို့ ထင်ရအောင် လုပ်ကြံထားတာပါဘဲ။ ဒီလိမ်ညာမှုအတွက် ဘယ်သူ့ကမှ တာဝန်မယူပါဘူး။ အမေရိကန်က ဒါကို နည်းပညာမှားယွင်းမှုပါလို့ ဆင်ခြေပေးပါတယ်။ ဒီဗိုလ်ချုပ်လည်း ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ အငြိမ်းစားယူသွားပြီး ၂၀၀၄ ခုနှစ်မှာ သမ္မတရွေးပွဲတောင် ဝင်လိုက်ပါသေးတယ်။

ဒါဟာ နေတိုးရဲ့ စစ်ပွဲအတွင်းက တကယ့်ဖြစ်ရပ်မှန်ပါ။
နောက်ဆုံးမှာတော့ နေတိုးတပ်တွေဟာ ကိုဆိုဗိုကို ဝင်ရောက် သိမ်းပိုက်လိုက်ကြပြီး ကိုဆိုဗို ကိုယ်ပိုင် အုပ်ချုပ်ရေးကို တည်ထောင်ပေးခဲ့ကြပါတယ်။ ဒီနေ့ထက်တိုင် ကိုဆိုဗိုမှာ နေတိုးရဲ့ ကိုယ်စားလှယ်ရုံးရှိနေပါတယ်။

မီလိုဆီဗစ်အနေနဲ့က နေတိုးအဖွဲ့ကို ဘယ်လိုမှ ခုခံဆန့်ကျင်နိုင်စွမ်းမရှိတော့ဘဲ သူတို့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို သဘောတူလိုက်ရပါတော့တယ်။ ကိုဆိုဗိုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဆားဗီးယားရဲ့ အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိပါတယ်။ နောက်တစ်နှစ်မှာတော့ ပြည်သူလူထုက မီလိုဆီဗစ်ကိုဖြုတ်ချလိုက်ကြပြီး စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲခံရပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ သူ့ကိုချုပ်ထားတဲ့ ထောင်ရဲ့ ဆဲလ်ခန်းထဲမှာ သေဆုံးနေတာကိုတွေ့ကြရပါတယ်။ ယူဂိုဆလပ်ဗီးယားကို ဆားဗီးယားနဲ့ မွန်တီနီးဂရိုးဆိုပြီး အမည်ပြောင်းလိုက် ကြပါတယ်။ နောက်နှစ်နှစ်အကြာမှာတော့ ဒီနှစ်နိုင်ငံဟာ တစ်နိုင်ငံချင်းစီကွဲသွားကြပါတယ်။ ဒီလိုနည်းအားဖြင့် ရာစုနှစ် တစ်ခုကြာတည်ရှိခဲ့တဲ့ ယူဂိုဆလပ်ဗီးယားရဲ့ သမိုင်းဟာလည်း အဆုံးသတ်သွားပါတော့တယ်။

ဒါပေမယ့် သမိုင်းမှာတော့ အငြင်းပွားဖွယ် အခန်းကဏ္ဍတစ်ခုချန်ရစ်ခဲ့ပါတယ်။ နေတိုးက ဆာဗီးယားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ကန်ရဲ့လား။ သူတို့ပြောတာက မီလိုဆီဗစ်ဟာ လူမျိုးတုန်းသတ်ဖြတ်ဖို့အတွက် ပြင်ဆင်နေလို့လို့ အကြောင်းပြပါတယ်။ သူဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ နေတိုးက အရပ်သားတွေကို ဗုံးကြဲသတ်ဖြတ်ရတာလဲ။ ဘာဖြစ်လို့ ရေဒီယိုအသံလွှင့်ဌာနတွေနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်ရတာလဲ။ နေတိုးက သူတို့ကိုသူတို့ ခုခံကာကွယ်‌ရေး စစ်မဟာ မိတ်အဖွဲ့လို့ခေါ်ကြတယ်။ ဒါပေမယ့် အဲဒီ ၁၉၉၉ ခုနှစ်က ၃ လအတွင်းမှာတော့ ဘာခုခံကာကွယ်‌ရေးမှ လုပ်တာမဟုတ်ပါ။ လုံးဝကို ပြင်းထန်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုပါ။

၂၀၀၁ ခုနှစ်မှာ ကုလသမဂ္ဂ တရားရုံးက ကိုဆိုဗိုစစ်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေရှိခဲ့ပေမယ့် လူမျိုးတုန်းသတ်ဖြတ်မှု မရှိခဲ့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အကြောင်းက နေတိုးက ဒီလမ်းကိုရွေးခဲ့လို့ပါ။ ၁၉၉၄ ခုနှစ်က ရဝမ်ဒါမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ခဲ့တယ်။ နေတိုးက မပါခဲ့ပါဘူး။ ၁၉၉၉ ခုနှစ်မှာ ရုရှားက ချေးချင်ညာကို တိုက်ခိုက်ခဲ့တယ်။ နေတိုးက မပတ်သက်ပြန်ပါဘူး။

ဒါပေမဲ့ ဆာဗီးယားမှာ ဖြစ်လာတဲ့အခါမှာတော့ နေတိုးက အကြမ်းဖက်သွေးထွက်သံယိုလမ်းကို ရွေးချယ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲပြီးခါနီးတုံးက အမေရိကန်က ဂျပန်ကို အနုမြူဗုံးနှစ်လုံးကြဲချခဲ့တဲ့ လုပ်ရပ်နဲ့ အတူတူပါဘဲ။ အဲဒီအချိန်မှာ စစ်ပွဲက ပြီးခါနီးနေပါပြီ။ ဘာဖြစ်လို့ အမေရိကန်က နြူကလီးယားဗုံးကို အသုံးပြုရ တာလဲ။ အမေရိကန်အပြောအရ ထပ်ပြီးသွေးချောင်းစီးမှုတွေ မဖြစ်အောင်ကာကွယ်ချင်လို့ပါတဲ့။ ဒါပေမဲ့ အဲဒီလို မဖြစ်စေချင်တာကြောင့် အပစ်မဲ့ ဂျပန်အရပ်သားပြည်သူ ၂၀၀,၀၀၀ ကျော်ကို သတ်ဖြတ်သင့်ပါသလား။ ပြောချင်တာက “သမိုင်းဆိုတာ အောင်နိုင်သူတွေက ရေးကြတာဘဲ” ဆိုတာပါ။ ဂျပန်ကိုနျူကလီယားဗုံးနှစ်လုံးကြဲချခဲ့တဲ့ ကိစ္စကို ဘယ်သူကမှ မေးခွန်းမထုတ်ကြတော့ပါဘူး။ ယူဂိုဆလပ်ဗီးယားကို အညှာတာကင်းမဲ့စွာတိုက်ခိုက်ခဲ့တာကိုလည်း မပြောကြတော့ပါဘူး။ ခံခဲ့ကြရတဲ့ သူတွေကလွဲပြီး ဘယ်သူမှ သတိရကြတော့မှာမဟုတ်ပါ။ နေတိုးကတော့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်ပွဲတစ်ပွဲကနေ နောက်တစ်ပွဲဆီကို သွားခဲ့ပါတယ်။ ယူဂိုဆလပ်ဗီးယား ပြီးတဲ့နောက် အာဖဂန်နစ္စတန်ကို သွားတိုက်ခဲ့တာပါ။ ရာဇဝတ်မှုတွေ ကျူးလွန်လေလေ အကြောင်းအမျိုးမျိုး ပြလေလေပါဘဲ။

လစ်သူယေးနီးယားမှာ ကျင်းပခဲ့တဲ့ နေတိုးထိပ်သီးအစည်းအဝေးက ပုံတွေကိုသင်တွေ့ရပါလိမ့်မယ်။ ဒါဟာ ခေတ်မီတဲ့ လူကြီးလူကောင်းများရဲ့ မဟာမိတ်အဖွဲ့ပါ။ ဒါပေမယ့် သူတို့ရဲ့ လက်တွေကတော့ အပစ်မဲ့ပြည်သူတွေရဲ့ သွေးတွေနဲ့ ရွှဲနစ်နေတယ်ဆိုတာတော့ သတိရလိုက်ပါ။

Ref: Why Did NATO Bomb Yugoslavia? | Flashback with Palki Sharma

zawgyi version
ေနတိုးက ယူဂိုဆလားဗီးယားကို ဘာေၾကာင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့တာလဲ (ဘာသာျပန္ေဆာင္းပါး)
ေမာင္ေဌးေအာင္ (ေက်ာက္မဲ) (NP News) - ဇူလိုင္ ၁၇

၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္မွာ ႐ုရွားက ယူကရိန္းကိုက်ဴးေက်ာ္တိုက္ခိုက္ခဲ့ပါတယ္။ အဲဒီအခါ အေနာက္တိုင္း ကြၽမ္းက်င္သူအားလုံးက မတူညီတဲ့ ေဝဖန္ခ်က္အမ်ိဳးမ်ိဳးေျပာဆိုၾကေပမယ့္ အမ်ားစုတူညီတာတစ္ခုကေတာ့ ဒုတိယကမာၻစစ္ေနာက္ပိုင္း ဥေရာပအခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ခု အတိုက္ခံရတာ၊ ဒါ ပထမဆုံး အႀကိမ္ျဖစ္တယ္ဆိုတာပါ။

ဒါေပမဲ့ ၂၀၂၂ ခုႏွစ္ စက္တင္ဘာလ ၂၂ ရက္ကက်င္းပတဲ့ ကုလသမဂၢအစည္းအေဝးကို တက္ေရာက္လာတဲ့ ေခါင္းေဆာင္တစ္ေယာက္ကေတာ့ ဒီအျမင္ကို ျငင္းခ်က္ထုတ္လိုက္ပါတယ္။ သူက “ယူကရိန္းအေနနဲ႔ အလြန္ခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္သန္းေနရပါၿပီ။ ဒါေပမယ့္ ဒါက ၁၉၄၅ ခုႏွစ္ကစလို႔ ပထမဆုံးျဖစ္ခဲ့တဲ့ ဥေရာပ စစ္ပြဲ တစ္ခုေတာ့ မဟုတ္ပါဘူး” လို႔ေျပာလိုက္တဲ့ ဆားဗီးယားသမၼတ အလက္ဇင္ဒါ ဗူးဆစ္ Aleksandar Vučić ပါ။ “လူေတာ္ေတာ္မ်ားမ်ားက ဒါဟာ ဒုတိယကမာၻစစ္ေနာက္ပိုင္း ဥေရာပတိုက္မွာ ပထမဆုံးျဖစ္ခဲ့တဲ့ စစ္ပြဲလို႔ ေျပာၾကပါတယ္။ ဒါေပမယ့္တကယ့္အမွန္တရားကေတာ့ ဘယ္အခ်ဳပ္အျခာ အာဏာပိုင္ႏိုင္ငံတစ္ခုကိုမွက်ဴးေက်ာ္ တိုက္ခိုက္ျခင္းမရွိတဲ့ ဆာဗီးယားႏိုင္ငံရဲ႕ ပိုင္နက္နယ္ေျမတည္တံ့ခိုင္ၿမဲမႈကို ခ်ိဳးေဖာက္တိုက္ခိုက္တာခံခဲ့ရတာက ပထမဆုံးအႀကိမ္ပါ။ ဒါကို ဘယ္သူမွထုတ္မေျပာၾကပါဘူး”တဲ့။

သူေျပာတဲ့ စစ္ပြဲဆိုတာ NATO အုပ္စုက က်ဴးေက်ာ္တိုက္ခိုက္ခဲ့တဲ့ စစ္ပြဲပါ။ အဲဒီအခ်ိန္တုန္းကေတာ့ ဆားဗီးယားကို ယူဂိုဆလပ္ဗီးယား ႏိုင္ငံလို႔ေခၚခဲ့ၾကပါတယ္။ ၁၉၉၀ ခုႏွစ္မွာ NATO က ယူဂိုဆလပ္ဗီးယားကို ေက်ာက္ေခတ္ျပန္ေရာက္သြားတဲ့အထိ ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ စစ္သားေတြ၊ အရပ္သားနဲ႔ ကေလးေတြ အမ်ားအျပား အသတ္ခံရပါတယ္။ NATO ဟာ တစ္ခ်က္ထဲနဲ႔ ႏိုင္ငံတစ္ခုကို တစ္စစီၿပိဳကြဲေအာင္ဖ်က္ဆီးပစ္လိုက္ပါတယ္။ သူတို႔ ဘာေၾကာင့္ ဘယ္လို လုပ္ခဲ့ၾကတာလဲဆိုတာကို ေနာက္ေၾကာင္းျပန္ၾကည့္ၾကပါစို႔။

မတူကြဲျပားမႈမ်ား ေပါင္းစည္းညီၫြတ္မႈ မရွိတဲ့အခါ
ဥေရာပတိုက္ရဲ႕ အေရွ႕ေတာင္ဘက္ပိုင္းမွာ ေဘာ္လကန္လို႔ေခၚတဲ့ ေဒသတစ္ခုရွိပါတယ္။ ဒုတိယ ကမာၻ စစ္ၿပီးဆုံးခ်ိန္မွာ ဒီေဒသဟာ ယူဂိုဆလပ္ဗီးယား ဆိုရွယ္လစ္ဖက္ဒရယ္သမၼတ ႏိုင္ငံလို႔ေခၚတဲ့၊ မတူညီတဲ့ လူမ်ိဳး ၆ မ်ိဳးတို႔ရဲ႕ ျပည္ေထာင္စုႏိုင္ငံတစ္ခုအျဖစ္ထူေထာင္ခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ ဆားဗီးယား၊ မြန္တီနီးဂ႐ိုး၊ ေဘာ့စနီးယားနဲ႔ ဟာဇီဂိုဗီးနား၊ က႐ိုးရွား၊ ေျမာက္ပိုင္းမက္ဆီဒိုးနီးယားနဲ႔ ဆလိုေဗးနီးယား ၆ ႏိုင္ငံအျဖစ္ သီးျခား လြတ္လပ္တဲ့ ႏိုင္ငံေတြျဖစ္ေနၾကပါၿပီ။

ဒါေပမယ့္ ၁၉၄၆ ခုႏွစ္တုန္းကေတာ့ တစ္ႏိုင္ငံထဲဘဲျဖစ္ပါတယ္။ အိႏၵိယမွာေျပာေလ့ရွိသလိုဘဲ မတူကြဲျပားမႈမ်ားရဲ႕ ေပါင္းစည္းညီၫြတ္မႈ‌ေပါ့။ ဒါေပမယ့္ ယူဂိုဆလပ္ဗီးယားရဲ႕ မတူကြဲျပားမႈေတြက ၁၉၉၁ ခုႏွစ္မွာ ရန္လိုမႈေတြ ပိုမ်ားလာၿပီး ပိုမတည္မၿငိမ္ျဖစ္လာပါတယ္။ ၁၉၉၁ ခုႏွစ္မတိုင္မီအထိေတာ့ ဒါက သိပ္ႀကီးမားတဲ့ ျပႆနာမဟုတ္ေသးပါဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ အဲဒီအခ်ိန္အထိက ကြန္ျမဴနစ္ႏိုင္ငံျဖစ္ေနတဲ့အတြက္ မတူကြဲျပားမႈရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ၊ ခင္ဗ်ားပါးစပ္ကို ပိတ္ထားရမွာျဖစ္လို႔ပါ။

၁၉၉၁ ခုႏွစ္ေရာက္ေတာ့ အေရွ႕ဥေရာပက ကြန္ျမဴနစ္ႏိုင္ငံေတြ ၿပိဳလဲကုန္ပါတယ္။ ယူဂိုဆလပ္ဗီးယားရဲ႕ လူမ်ိဳးစုၾကားတင္းမာမႈေတြက ႐ုတ္တရက္ဆိုသလို ဖိႏွိပ္မႈ၊ ထိန္းခ်ဳပ္မႈေတြမရွိေတာ့ပါ။ ဒါေၾကာင့္ ေဘာ့စနီးယား၊ က႐ိုးရွား၊ ဆလိုဗင္းနီးယား နဲ႔ မက္ဆီဒိုးနီးယားဆိုၿပီး ကြဲထြက္သြားၾကပါတယ္။ ဆားဗီးယားနဲ႔ မြန္တီနီးဂ႐ိုးတို႔က က်န္ရစ္ၿပီးေတာ့ ယူဂိုဆလပ္ဗီးယားႏိုင္ငံသစ္ ျဖစ္လာပါတယ္။ အဲဒီေနာက္ ျပည္တြင္းမွာ ပဋိပကၡတစ္ခုေပၚလာပါတယ္။ အဲဒါက ဆားဗီးယားထဲက ျပည္နယ္တစ္ခုျဖစ္တဲ့ ကိုဆိုဗိုပါ။ ဆားဗီးယားလူမ်ိဴးေတြကို ေမးၾကည့္မယ္ဆိုရင္ ကိုဆိုဗိုဟာ သူတို႔လူမ်ိဳးရဲ႕ ႏွလုံးသား၊ သူတို႔ရဲ႕ ပဝတၳိလို႔ ေျဖၾကပါလိမ့္မယ္။ ဒါေပမယ့္ ၁၉၉၀ အလယ္ႏွစ္မ်ားအေရာက္မွာေတာ့ ကိုဆိုဗိုမွာ ေနာက္မွဝင္ေရာက္လာတဲ့ အယ္လ္ေဘးနီးယန္း မူဆလင္ေတြအမ်ားအျပား ရွိေနၾကၿပီး သူတို႔က ခြဲထြက္ေရးေတာင္းဆိုၾကပါတယ္။ ဒါေပမယ့္ ဆားဗီးယားသမၼတ ဆလိုဗိုဒန္ မီလိုဆီဗစ္က သေဘာမတူပါဘူး။ အစပိုင္းမွာေတာ့ ကိုဆိုဗိုရဲ႕ ေတာင္းဆိုမႈေတြဟာ အၾကမ္းမဖက္တဲ့နည္းနဲ႔ပါ။ ၁၉၉၆ ခုႏွစ္မွာေတာ့ KLA (Kosovo Liberation Army) ကိုတည္ေထာင္လိုက္ပါတယ္။ သူတို႔ရဲ႕ မဟာဗ်ဴဟာက သံတမန္နည္း၊ ဒီမိုကေရစီနည္းနဲ႔ ‌ေတာင္းဆိုလို႔ မရရင္ လက္နက္စြဲကိုင္တိုက္ခိုက္ေရးပါ။ အဲဒီအခ်ိန္က KLA ဟာ ျပန္ေပးဆြဲမႈ၊ ဆူပူအုံႂကြမႈ၊ မီးရႈိ႕မႈ၊ လူသတ္မႈနဲ႔ အက်ဥ္း႐ုံးစစ္ေဆးကြပ္မ်က္ျခင္းစတဲ့ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့ေၾကာင္း စြပ္စြဲခံရပါတယ္။ ဆူပူအုံႂကြမႈေတြ ပ်ံ႕ႏွံ႔လာတဲ့အခါ ဆားဗီးယားက အုံႂကြမႈေတြကို ေခ်မႈန္းပါေတာ့တယ္။ သင့္အေနနဲ႔ KLA က ဆိုးတယ္လို႔ထင္ရင္ ဆားဗီးယားက ပိုဆိုးတယ္လို႔ဆိုရပါလိမ့္မယ္။ ကမာၻ႔အင္အားႀကီးေတြက ဒီ႐ူးသြပ္မႈကိုရပ္တန႔္ဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ အေနာက္ႏိုင္ငံေတြျဖစ္ၾကတဲ့ အေမရိကန္၊ အဂၤလန္၊ ဂ်ာမနီ၊ ျပင္သစ္၊ အီတလီနဲ႔ ႐ုရွားတို႔က ဆက္သြယ္ေရးအဖြဲ႕ဆိုတဲ့ အမည္နဲ႔ အဖြဲ႕တစ္ခုဖြဲ႕စည္းလိုက္ၿပီး အခ်က္ေလးခ်က္ကို ေတာင္းဆိုလိုက္ပါတယ္။ အဲဒါေတြက
(၁) ခ်က္ျခင္း အပစ္အခတ္ရပ္စဲေရး။
(၂) ဆာဗီးယား စစ္သားေတြ ဆုတ္ခြာေရး။
(၃) ဒုကၡသည္အားလုံး ေနရပ္ျပန္ပို႔ေရးနဲ႔
(၄) အျပည့္အဝ ႏိုင္ငံတကာ ေစာင့္ၾကပ္ၾကည့္ရႈေရးဆိုတဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။

မီလိုဆီဗစ္က အဲဒီအခ်က္အမ်ားစုကို သေဘာတူခဲ့တဲ့တိုင္ ေသြးထြက္သံယို အၾကမ္းဖက္မႈေတြက ဆက္ လက္ျဖစ္ပြားခဲ့ပါတယ္။ ကြန္ဆိုဗို လြတ္ေျမာက္ေရးတပ္မေတာ္ KLA ဟာ အပစ္အခတ္ရပ္စဲေရးကို အသုံး ခ်ၿပီး ျပန္လည္စုဖြဲ႕မႈလုပ္ခဲ့ၿပီး ျပန္လည္တိုက္ခိုက္ပါတယ္။ အဲဒီေတာ့ ဆာဗီးယားကလည္း တုန႔္ျပန္တိုက္ခိုက္ပါတယ္။ အဲဒါက အညႇာအတာကင္းကင္း ေသြးေခ်ာင္းစီးတဲ့ တိုက္ပြဲေတြပါ။ အဲဒီအခ်ိန္မွာ ကုလသမဂၢလုံၿခဳံေရးေကာင္စီဟာ ယူဂိုဆလပ္ဗီးယားကို ျပစ္တင္ရႈတ္ခ်ပါတယ္။ ေနာက္ၿပီး ယူဂို ဆလပ္ဗီးယားကို လက္နက္ခဲယမ္းတင္သြင္းတာကို ပိတ္ပင္ခဲ့ပါတယ္။ အယ္လ္ေဘးနီးယန္းေတြနဲ႔ ေဆြးေႏြးဖို႔လည္း ေဆာ္ၾသခဲ့ပါတယ္။ ဒါေပမယ့္ NATO က ဒါေလာက္နဲ႔ မေက်နပ္ပါဘူး။ ဒီထက္ပိုလုပ္ခ်င္ၾကပါတယ္။

ေနတိုးက ဗုံးႀကဲတိုက္ခိုက္ျခင္း
၁၉၉၈ ခုႏွစ္ေအာက္တိုဘာလထဲမွာ ေနတိုးအဖြဲ႕က ယူဂိုဆလပ္ဗီးယားကို အၾကမ္းဖက္မႈေတြရပ္ဖို႔ ရာဇသံေပးၿခိမ္းေျခာက္ခဲ့ပါတယ္။ မရပ္ခဲ့ရင္ ေလေၾကာင္းကေန တိုက္ခိုက္ရလိမ့္မယ္လို႔ သတိေပးပါတယ္။ ေၾကာက္လန႔္သြားတဲ့ မီလိုဆီဗစ္ဟာ ထိုးစစ္ေတြရပ္စဲဖို႔ သေဘာတူလိုက္ပါတယ္။ ဒါေပမယ့္ ေနာက္တစ္ႏွစ္ျဖစ္တဲ့ ၁၉၉၉ ခုႏွစ္မွာ အၾကမ္းဖက္ေသြးထြက္သံယူမႈေတြ ျပန္ျဖစ္ပါတယ္။ ျပင္သစ္ႏိုင္ငံမွာ ေဆြးေႏြးပြဲေတြျပန္စတဲ့ အခ်ိန္အထိ ျဖစ္ခဲ့ပါတယ္။ အယ္ေဘးနီးယန္းေတြဘက္က သေဘာတူခ်က္ရဖို႔ အဆင္သင့္ျဖစ္ခဲ့ေပမယ့္ မီလိုဆီဗစ္ဘက္က သေဘာမတူခဲ့ပါဘူး။ သူက ကိုဆိုဗိုကို တင့္ကားေတြနဲ႔ စစ္သားေတြကို တိုးၿပီးေစလႊတ္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ေနတိုးက မတ္လ ၂၄ ရက္မွာ စတင္ဗုံးႀကဲတိုက္ခိုက္ပါေတာ့တယ္။ စုစုေပါင္း ၃ လနီးပါးၾကာခဲ့ပါတယ္။ အတိအက်ကေတာ့ ၇၈ ရက္ပါ။ မဟာမိတ္တပ္ဖြဲ႕ရဲ႕စစ္ဆင္ေရးလို႔ေခၚပါတယ္။ ေနတိုးေလသူရဲေတြဟာ အႀကိမ္ေပါင္း ၃၈,၀၀၀ ပ်ံသန္းခဲ့ၾကၿပီး ၁၀,၄၈၄ ႀကိမ္ကေတာ့ ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္မႈေတြပါ။ ေနတိုးဟာ ဗုံးအလုံးေပါင္း ၄၂၀,၀၀၀ ကို ယူဂိုဆလပ္ဗီးယားမွာ ႀကဲခ်ခဲ့ပါတယ္။ အဲဒီအထဲမွာ ၁၅ တန္ရွိတဲ့ DU- (depleted uranium) ဒီပလိတက္ ယူေရနီယမ္ဗုံးေတြနဲ႔ အတြဲလိုက္ေပါက္ကြဲတဲ့ ဗုံးေတြလည္း ပါဝင္ပါတယ္။ အဲဒီ အတြဲ လိုက္ေပါက္ကြဲတတ္တဲ့ ကလပ္စတာဗုံးလက္နက္ေတြကို အခုအခါမွာ‌ ပိတ္ပင္တားျမစ္ထားတာ ၁၂၃ ႏိုင္ငံရွိပါၿပီ။ အဲဒီဗုံးကို ေနတိုးက ၁၉၉၉ ခုႏွစ္မွာ အသုံးျပဳခဲ့တာပါ။ ဒါေတြကို ကုလသမဂၢက ပိတ္ပင္တားျမစ္အေရးယူခဲ့ပါသလား။ မတားျမစ္ခဲ့ပါဘူး။ အဲဒီလို ဗုံးႀကဲတိုက္ခိုက္ဖို႔ကိုလည္း ကုလသမဂၢက အတည္ျပဳ မေပးခဲ့ပါဘူး။ အဲဒီလို ဝင္ေရာက္စြက္ဖက္ဖို႔ကို ေနတိုးအဖြဲ႕က သူ႔ဖာသာဆုံးျဖတ္ခဲ့တာပါ။ သူတို႔က မီလိုဆီဗစ္ကို သင္ခန္းစာေပးခ်င္လို႔ပါ။ ဗုံးႀကဲတိုက္ခိုက္မႈမွာ ဘာကိုမွ ေရွာင္ကြင္းတာမရွိပါ။ တံတားေတြ၊ ေဆး႐ုံေတြ၊ စာသင္ေက်ာင္းေတြ၊ သံ႐ုံးေတြ၊ စက္႐ုံအလုပ္႐ုံေတြ အားလုံးဟာ ဖ႐ိုဖရဲ ၿပိဳလဲပ်က္စီးကုန္ပါတယ္။ ယူဂိုဆလပ္ဗီးယား စစ္သား ၁၀၀၀ ပတ္ဝန္းက်င္ေသဆုံးၿပီး ဆားဗီးယား အရပ္သား ၅၀၀ ေလာက္ေသဆုံးပါတယ္။ ဆားဗီးယားရဲ႕ ထုတ္ျပန္ခ်က္အရ ေသေၾကပ်က္စီးမႈအားလုံးဟာ ၂၅၀၀ ေလာက္ရွိတယ္လို႔ ဆိုပါတယ္။ ေနာက္ပိုင္း သတင္းေပးပို႔ခ်က္ေတြအရ ဒါေတြက ႏိုင္ငံတကာ လူ႔အခြင့္ အေရးဥပေဒေတြကို ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ အတည္ျပဳၾကပါတယ္။ အဲဒီကိစၥေတြအားလုံးအေပၚ တာဝန္ရွိမႈအတြက္ ေနတိုးအရာရွိဘယ္ေလာက္မ်ားမ်ား အေရးယူခံရပါသလဲ။ မရွိပါ။ တစ္ေယာက္မွ အေရးယူမခံရပါ။ တကယ္ေတာ့ သူတို႔ဟာ ဒီစစ္ရာဇဝတ္မႈေတြကို တက္တက္ ႂကြႂကြက်ဴး လြန္ခဲ့ၾကတာပါ။

ျဖစ္ရပ္မွန္ ဇတ္လမ္းေလးတစ္ပုဒ္ကိုေျပာျပပါမယ္။ ၁၉၉၉ ခုႏွစ္ ဧၿပီလထဲမွာ ေနတိုးက ယူဂိုဆလပ္ဗီး ယားက မီးရထားတံတားတစ္ခုကို တိုက္ခိုက္ခဲ့တာမွာ လူစီးရထားတစီးပါ ပါသြားပါတယ္။ အဲဒီမွာ လူ ၂၀ ေလာက္ ေသဆုံးသြားခဲ့ၿပီး အားလုံးက အရပ္သားေတြပါ။ အေမရိကန္ ဗိုလ္ခ်ဳပ္တစ္ေယာက္က အဲဒီအမွားအတြက္ေတာင္းပန္ခဲ့ၿပီး ဗုံးႀကဲခဲ့တဲ့ ဗီဒီယိုကို ျပသခဲ့ပါတယ္။ အဲဒီဗီဒီယိုမွာ ရထားသြားတာက သိပ္ျမန္လြန္းေနပါတယ္။

ဒါေၾကာင့္ ဗုံးကိုေရွာင္လႊဲဖို႔ အခ်ိန္မရလိုက္တဲ့ ပုံပါ။ ေနာက္ပိုင္းမွာေတာ့ ဒီဗီဒီယိုဟာ မူလပုံမွန္ႏႈန္းထက္ ၃ ဆ အျမန္ႏႈန္းနဲ႔ ျပင္ဆင္ထားခဲ့တာျဖစ္ၿပီး ဗိုလ္ခ်ဳပ္က လိမ္ညာခဲ့ေၾကာင္းေပၚေပါက္ခဲ့ပါတယ္။ ဒါဟာ ရထားကို သိပ္ျမန္ျမန္ေမာင္းေနတယ္လို႔ ထင္ရေအာင္ လုပ္ႀကံထားတာပါဘဲ။ ဒီလိမ္ညာမႈအတြက္ ဘယ္သူ႔ကမွ တာဝန္မယူပါဘူး။ အေမရိကန္က ဒါကို နည္းပညာမွားယြင္းမႈပါလို႔ ဆင္ေျခေပးပါတယ္။ ဒီဗိုလ္ခ်ဳပ္လည္း ၾကယ္ေလးပြင့္ ဗိုလ္ခ်ဳပ္ႀကီးအျဖစ္နဲ႔ အၿငိမ္းစားယူသြားၿပီး ၂၀၀၄ ခုႏွစ္မွာ သမၼတေ႐ြးပြဲေတာင္ ဝင္လိုက္ပါေသးတယ္။

ဒါဟာ ေနတိုးရဲ႕ စစ္ပြဲအတြင္းက တကယ့္ျဖစ္ရပ္မွန္ပါ။
ေနာက္ဆုံးမွာေတာ့ ေနတိုးတပ္ေတြဟာ ကိုဆိုဗိုကို ဝင္ေရာက္ သိမ္းပိုက္လိုက္ၾကၿပီး ကိုဆိုဗို ကိုယ္ပိုင္ အုပ္ခ်ဳပ္ေရးကို တည္ေထာင္ေပးခဲ့ၾကပါတယ္။ ဒီေန႔ထက္တိုင္ ကိုဆိုဗိုမွာ ေနတိုးရဲ႕ ကိုယ္စားလွယ္႐ုံးရွိေနပါတယ္။

မီလိုဆီဗစ္အေနနဲ႔က ေနတိုးအဖြဲ႕ကို ဘယ္လိုမွ ခုခံဆန႔္က်င္ႏိုင္စြမ္းမရွိေတာ့ဘဲ သူတို႔ရဲ႕ ၿငိမ္းခ်မ္းေရး အစီအစဥ္ကို သေဘာတူလိုက္ရပါေတာ့တယ္။ ကိုဆိုဗိုက ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတဲ့ ဆားဗီးယားရဲ႕ အစိတ္အပိုင္းအျဖစ္ ဆက္လက္တည္ရွိပါတယ္။ ေနာက္တစ္ႏွစ္မွာေတာ့ ျပည္သူလူထုက မီလိုဆီဗစ္ကိုျဖဳတ္ခ်လိုက္ၾကၿပီး စစ္ရာဇဝတ္မႈေတြနဲ႔ တရားစြဲခံရပါတယ္။ ၂၀၀၆ ခုႏွစ္မွာေတာ့ သူ႔ကိုခ်ဳပ္ထားတဲ့ ေထာင္ရဲ႕ ဆဲလ္ခန္းထဲမွာ ေသဆုံးေနတာကိုေတြ႕ၾကရပါတယ္။ ယူဂိုဆလပ္ဗီးယားကို ဆားဗီးယားနဲ႔ မြန္တီနီးဂ႐ိုးဆိုၿပီး အမည္ေျပာင္းလိုက္ ၾကပါတယ္။ ေနာက္ႏွစ္ႏွစ္အၾကာမွာေတာ့ ဒီႏွစ္ႏိုင္ငံဟာ တစ္ႏိုင္ငံခ်င္းစီကြဲသြားၾကပါတယ္။ ဒီလိုနည္းအားျဖင့္ ရာစုႏွစ္ တစ္ခုၾကာတည္ရွိခဲ့တဲ့ ယူဂိုဆလပ္ဗီးယားရဲ႕ သမိုင္းဟာလည္း အဆုံးသတ္သြားပါေတာ့တယ္။

ဒါေပမယ့္ သမိုင္းမွာေတာ့ အျငင္းပြားဖြယ္ အခန္းက႑တစ္ခုခ်န္ရစ္ခဲ့ပါတယ္။ ေနတိုးက ဆာဗီးယားကို ဗုံးႀကဲတိုက္ခိုက္ခဲ့တာ မွန္ကန္ရဲ႕လား။ သူတို႔ေျပာတာက မီလိုဆီဗစ္ဟာ လူမ်ိဳးတုန္းသတ္ျဖတ္ဖို႔အတြက္ ျပင္ဆင္ေနလို႔လို႔ အေၾကာင္းျပပါတယ္။ သူဟာ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္တာေတာ့ မွန္ပါတယ္။ ဒါေပမယ့္ ဘာျဖစ္လို႔ ေနတိုးက အရပ္သားေတြကို ဗုံးႀကဲသတ္ျဖတ္ရတာလဲ။ ဘာျဖစ္လို႔ ေရဒီယိုအသံလႊင့္ဌာနေတြနဲ႔ စာသင္ေက်ာင္းေတြကို တိုက္ခိုက္ရတာလဲ။ ေနတိုးက သူတို႔ကိုသူတို႔ ခုခံကာကြယ္‌ေရး စစ္မဟာ မိတ္အဖြဲ႕လို႔ေခၚၾကတယ္။ ဒါေပမယ့္ အဲဒီ ၁၉၉၉ ခုႏွစ္က ၃ လအတြင္းမွာေတာ့ ဘာခုခံကာကြယ္‌ေရးမွ လုပ္တာမဟုတ္ပါ။ လုံးဝကို ျပင္းထန္တဲ့ ထိုးစစ္ဆင္တိုက္ခိုက္မႈပါ။

၂၀၀၁ ခုႏွစ္မွာ ကုလသမဂၢ တရား႐ုံးက ကိုဆိုဗိုစစ္ပြဲမွာ စစ္ရာဇဝတ္မႈ က်ဴးလြန္တာေတြရွိခဲ့ေပမယ့္ လူမ်ိဳးတုန္းသတ္ျဖတ္မႈ မရွိခဲ့ဘူးလို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ အေၾကာင္းက ေနတိုးက ဒီလမ္းကိုေ႐ြးခဲ့လို႔ပါ။ ၁၉၉၄ ခုႏွစ္က ရဝမ္ဒါမွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြျဖစ္ခဲ့တယ္။ ေနတိုးက မပါခဲ့ပါဘူး။ ၁၉၉၉ ခုႏွစ္မွာ ႐ုရွားက ေခ်းခ်င္ညာကို တိုက္ခိုက္ခဲ့တယ္။ ေနတိုးက မပတ္သက္ျပန္ပါဘူး။

ဒါေပမဲ့ ဆာဗီးယားမွာ ျဖစ္လာတဲ့အခါမွာေတာ့ ေနတိုးက အၾကမ္းဖက္ေသြးထြက္သံယိုလမ္းကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဒုတိယကမာၻစစ္ပြဲၿပီးခါနီးတုံးက အေမရိကန္က ဂ်ပန္ကို အႏုျမဴဗုံးႏွစ္လုံးႀကဲခ်ခဲ့တဲ့ လုပ္ရပ္နဲ႔ အတူတူပါဘဲ။ အဲဒီအခ်ိန္မွာ စစ္ပြဲက ၿပီးခါနီးေနပါၿပီ။ ဘာျဖစ္လို႔ အေမရိကန္က ျႏူကလီးယားဗုံးကို အသုံးျပဳရ တာလဲ။ အေမရိကန္အေျပာအရ ထပ္ၿပီးေသြးေခ်ာင္းစီးမႈေတြ မျဖစ္ေအာင္ကာကြယ္ခ်င္လို႔ပါတဲ့။ ဒါေပမဲ့ အဲဒီလို မျဖစ္ေစခ်င္တာေၾကာင့္ အပစ္မဲ့ ဂ်ပန္အရပ္သားျပည္သူ ၂၀၀,၀၀၀ ေက်ာ္ကို သတ္ျဖတ္သင့္ပါသလား။ ေျပာခ်င္တာက “သမိုင္းဆိုတာ ေအာင္ႏိုင္သူေတြက ေရးၾကတာဘဲ” ဆိုတာပါ။ ဂ်ပန္ကိုန်ဴကလီယားဗုံးႏွစ္လုံးႀကဲခ်ခဲ့တဲ့ ကိစၥကို ဘယ္သူကမွ ေမးခြန္းမထုတ္ၾကေတာ့ပါဘူး။ ယူဂိုဆလပ္ဗီးယားကို အညႇာတာကင္းမဲ့စြာတိုက္ခိုက္ခဲ့တာကိုလည္း မေျပာၾကေတာ့ပါဘူး။ ခံခဲ့ၾကရတဲ့ သူေတြကလြဲၿပီး ဘယ္သူမွ သတိရၾကေတာ့မွာမဟုတ္ပါ။ ေနတိုးကေတာ့ စစ္ရာဇဝတ္မႈက်ဴးလြန္တဲ့ စစ္ပြဲတစ္ပြဲကေန ေနာက္တစ္ပြဲဆီကို သြားခဲ့ပါတယ္။ ယူဂိုဆလပ္ဗီးယား ၿပီးတဲ့ေနာက္ အာဖဂန္နစၥတန္ကို သြားတိုက္ခဲ့တာပါ။ ရာဇဝတ္မႈေတြ က်ဴးလြန္ေလေလ အေၾကာင္းအမ်ိဳးမ်ိဳး ျပေလေလပါဘဲ။

လစ္သူေယးနီးယားမွာ က်င္းပခဲ့တဲ့ ေနတိုးထိပ္သီးအစည္းအေဝးက ပုံေတြကိုသင္ေတြ႕ရပါလိမ့္မယ္။ ဒါဟာ ေခတ္မီတဲ့ လူႀကီးလူေကာင္းမ်ားရဲ႕ မဟာမိတ္အဖြဲ႕ပါ။ ဒါေပမယ့္ သူတို႔ရဲ႕ လက္ေတြကေတာ့ အပစ္မဲ့ျပည္သူေတြရဲ႕ ေသြးေတြနဲ႔ ႐ႊဲနစ္ေနတယ္ဆိုတာေတာ့ သတိရလိုက္ပါ။

Ref: Why Did NATO Bomb Yugoslavia? | Flashback with Palki Sharma

Related news

© 2021. All rights reserved.