AI နည်းပညာက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ကုလသမဂ္ဂအကြီးအကဲ သတိပေး

 1536

Pika (NP News) - ဇူလိုင် ၁၉

AI နည်းပညာသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် AI နည်းပညာကို ထိန်းသိမ်းရန်အတွက် အစီအစဉ်များ လုပ်ဆောင်ထားရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ အန်တိုနီယိုဂူတာရက်စ်က "AI နည်းပညာဟာ ကျွန်တော်တို့ရဲ့ လူမှု ဘဝတွေအပေါ် သက်ရောက်မှုတွေရှိပါတယ်။ AI နည်းပညာဟာ အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့အလားအလာတွေ အများကြီးရှိပါတယ်။ အကောင်းဖက်ကဆိုရင် ဆင်းရဲမွဲတေမှုတွေကို အဆုံးသတ်ဖို့ ဒါမှမဟုတ် ကင်ဆာရောဂါကို ကုသတဲ့နေရာတွေမှာ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ အဆိုးဖက်ကဆိုရင်တော့ အဲဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိနေနိုင်ပါတယ်" ဟု ပြောခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗားလီး က "AI ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့လုပ်ငန်းတွေကို ထိခိုက်မှုတွေ ရှိလာစေနိုင်ပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုကို အနှောင့်အယှက်ပေးလာနိုင်ပါတယ်။ ဒီ AI နည်းပညာဟာ ကာကွယ်ရေး၊ ဟန့်တားခြင်းတွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့အခြေခံယူဆချက်တွေကို စိန်ခေါ်နေသလိုပါပဲ" ဟု ပြောခဲ့သည်။

ထို့အပြင် (၂ဝ၂၆) ခုနှစ်တွင် လူအသေအပျောက်ရှိစေနိုင်သော လက်နက်စနစ်များကိုတားမြစ်နိုင်မည့်စာချုပ်ကို ချုပ်ဆိုရန် အဖွဲ့ဝင်နိုင်ငံများကို အန်တိုနီယိုဂူတာရက်စ် က တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ AI နည်းပညာကို အကြမ်းဖက်မှုပုံစံများကို ခွဲခြားသတ်မှတ်ရန် (သို့မဟုတ်) အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန် အသုံးပြုနိုင်သော်လည်း ၎င်းကို အကြမ်းဖက်သမားများ (သို့မဟုတ်) အစိုးရများက ဆိုးရွားသောရည်ရွယ်ချက်ဖြင့် အသုံးပြုမည်ဆိုပါက ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုများ နှင့် ပျက်စီးမှုများကို ဖြစ်စေနိုင်ကြောင်း အန်တိုနီယိုဂူတာရက်စ်က သတိပေးပြောဆိုခဲ့သည်။

AI နည်းပညာကို နျူကလီးယားလက်နက်စနစ်များ (သို့မဟုတ်) ဇီဝနည်းပညာ နှင့် ချိတ်ဆက်အသုံးပြုပါက ပျက်စီးမှုများဖြစ်စေနိုင်ကြောင်း ၎င်းက ထပ်မံသတိပေးပြောဆိုခဲ့သည်။ ထို့အပြင် အန်တိုနီယိုဂူတာရက်စ်သည် ယခုနှစ်ကုန်တွင် AI နည်းပညာကို စီမံခန့်ခွဲရန်အတွက် ရွေးချယ်စရာများကို လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း လည်း သိရသည်။

Zawgyi Version;
AI နည္းပညာက ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကို အႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း ကုလသမဂၢအႀကီးအကဲ သတိေပး
Pika (NP News) - ဇူလိုင္ ၁၉

AI နည္းပညာသည္ ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကို အႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္က သတိေပးေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ AI နည္းပညာကို ထိန္းသိမ္းရန္အတြက္ အစီအစဥ္မ်ား လုပ္ေဆာင္ထားရန္ အဖြဲ႕ဝင္ႏိုင္ငံအားလုံးကို တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ အန္တိုနီယိုဂူတာရက္စ္က "AI နည္းပညာဟာ ကြၽန္ေတာ္တို႔ရဲ႕ လူမႈ ဘဝေတြအေပၚ သက္ေရာက္မႈေတြရွိပါတယ္။ AI နည္းပညာဟာ အေကာင္းနဲ႔အဆိုးဒြန္တြဲေနတဲ့အလားအလာေတြ အမ်ားႀကီးရွိပါတယ္။ အေကာင္းဖက္ကဆိုရင္ ဆင္းရဲမြဲေတမႈေတြကို အဆုံးသတ္ဖို႔ ဒါမွမဟုတ္ ကင္ဆာေရာဂါကို ကုသတဲ့ေနရာေတြမွာ အကူအညီေပးႏိုင္မွာျဖစ္ပါတယ္။ အဆိုးဖက္ကဆိုရင္ေတာ့ အဲဒါဟာ ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးအတြက္ အလြန္ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြ ရွိေနႏိုင္ပါတယ္" ဟု ေျပာခဲ့သည္။

ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိမ္းစ္ကလဲဗားလီး က "AI ဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕လုပ္ငန္းေတြကို ထိခိုက္မႈေတြ ရွိလာေစႏိုင္ပါတယ္။ ဒါဟာ ကမာၻလုံးဆိုင္ရာတည္ၿငိမ္မႈကို အေႏွာင့္အယွက္ေပးလာႏိုင္ပါတယ္။ ဒီ AI နည္းပညာဟာ ကာကြယ္ေရး၊ ဟန႔္တားျခင္းေတြနဲ႔ပတ္သက္တဲ့ ကြၽန္ေတာ္တို႔ရဲ႕အေျခခံယူဆခ်က္ေတြကို စိန္ေခၚေနသလိုပါပဲ" ဟု ေျပာခဲ့သည္။

ထို႔အျပင္ (၂ဝ၂၆) ခုႏွစ္တြင္ လူအေသအေပ်ာက္ရွိေစႏိုင္ေသာ လက္နက္စနစ္မ်ားကိုတားျမစ္ႏိုင္မည့္စာခ်ဳပ္ကို ခ်ဳပ္ဆိုရန္ အဖြဲ႕ဝင္ႏိုင္ငံမ်ားကို အန္တိုနီယိုဂူတာရက္စ္ က တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ AI နည္းပညာကို အၾကမ္းဖက္မႈပုံစံမ်ားကို ခြဲျခားသတ္မွတ္ရန္ (သို႔မဟုတ္) အပစ္အခတ္ရပ္စဲေရးကို ေစာင့္ၾကည့္ရန္ အသုံးျပဳႏိုင္ေသာ္လည္း ၎ကို အၾကမ္းဖက္သမားမ်ား (သို႔မဟုတ္) အစိုးရမ်ားက ဆိုး႐ြားေသာရည္႐ြယ္ခ်က္ျဖင့္ အသုံးျပဳမည္ဆိုပါက ေၾကာက္မက္ဖြယ္ေကာင္းေသာ ေသဆုံးမႈမ်ား ႏွင့္ ပ်က္စီးမႈမ်ားကို ျဖစ္ေစႏိုင္ေၾကာင္း အန္တိုနီယိုဂူတာရက္စ္က သတိေပးေျပာဆိုခဲ့သည္။

AI နည္းပညာကို န်ဴကလီးယားလက္နက္စနစ္မ်ား (သို႔မဟုတ္) ဇီဝနည္းပညာ ႏွင့္ ခ်ိတ္ဆက္အသုံးျပဳပါက ပ်က္စီးမႈမ်ားျဖစ္ေစႏိုင္ေၾကာင္း ၎က ထပ္မံသတိေပးေျပာဆိုခဲ့သည္။ ထို႔အျပင္ အန္တိုနီယိုဂူတာရက္စ္သည္ ယခုႏွစ္ကုန္တြင္ AI နည္းပညာကို စီမံခန႔္ခြဲရန္အတြက္ ေ႐ြးခ်ယ္စရာမ်ားကို လုပ္ေဆာင္ရန္ ေတာင္းဆိုခဲ့ေၾကာင္း လည္း သိရသည္။

Related news

© 2021. All rights reserved.