ဩစတြေးလျကမ်းခြေမှာ အာကာသအမှိုက်လို့ယူဆရတဲ့ လျှို့ဝှက်ဆန်းကြယ် အရာဝတ္ထုတစ်ခုတွေ့ရှိ

3662

ရောင်နီ (NP News) - ဇူလိုင် ၂ဝ
သြစတြေးလျရဲ့ဝေးလံခေါင်သီတဲ့ အနောက်ဘက်ကမ်းခြေတစ်ခုမှာ အာကာသအမှိုက်လို့ ယူဆရတဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ ဆလင်ဒါ ပုံသဏ္ဍာန်အရာဝတ္ထုတစ်ခု ရေမျောကမ်းတင်လာခဲ့ပါတယ်။ ၎င်းဟာ နိုင်ငံခြားဒုံးပျံ တစ်ခုခုမှ လွင့်စင်လာတဲ့ အာကာသအမှိုက် ဟုတ်၊ မဟုတ်ကို သြစတြေးလျ အာကာသအေဂျင်စီက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။
မော်တော်ကားငယ်တစ်စီးစာခန့် အရွယ်အစားရှိတဲ့ အာကာသယာဉ်တစ်ခုခုရဲ့အမှိုက်လို့ ယူဆရတဲ့ အဆိုပါ အရာဝတ္တုကို သြစတြေးလျအနောက်ပိုင်း မြို့တော် ပက်တ် မြောက်ဘက် ၂၅ဝ ကီလိုမီတာ (၁၅၅ မိုင်) အကွာရှိ Green Head မှာ တနင်္ဂနွေနေ့ (ဇူလိုင် ၁၆ ရက်) က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အာကာသအမှိုက် ဟုတ်၊ မဟုတ်နဲ့ ဘယ်လို အဓိပ္ပာယ်ရှိတဲ့ အရာဝတ္ထုဆိုတာ ဖော်ထုတ်ဖို့ အခြားအာကာသအေဂျင်စီတွေနဲ့ ဆက်သွယ်ထားတယ်လို့ သြစတြေးလျ အာကာသ အေဂျင်စီက တနင်္လာနေ့(ဇူလိုင် ၁၇) မှာ Twitter မှ ပြောကြားခဲ့ပါတယ်။
ဥရောပအာကာသအေဂျင်စီမှ အင်ဂျင်နီယာချုပ်အန်ဒရာဘွိုင်က ၎င်းနဲ့ ၎င်းရဲ့လုပ်ဖော်ကိုင်ဖက်များအနေနဲ့ အဆိုပါ အရာဝတ္တုဟာ ဂြိုဟ်တုလွှတ်တင်စဉ် အိန္ဒိယသမုဒ္ဓရာထဲပြုတ်ကျခဲ့ပြီး မျောပါလာတဲ့အရာဖြစ်တယ်လို့ ယုံကြည် ကြောင်း ပြောကြားပါတယ်။
ပုံသဏ္ဍာန်နဲ့ အရွယ်အစားကိုအခြေခံကာ မတူညီတဲ့မစ်ရှင်များစွာအတွက် အသုံးပြုထားတဲ့ အိန္ဒိယဒုံးပျံမှ အပေါ် အဆင့်အင်ဂျင်တစ်ခုဖြစ်တယ်လို့ ခန့်မှန်းထားကြောင်း ၎င်းက ဆိုပါတယ်။ ဒီသတင်းအတွက် အိန္ဒိယ အာကာသ သုတေသနအဖွဲ့က ချက်ချင်း မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
အနောက်သြစတြေးလျရဲတပ်ဖွဲ့က အစိုးရဓာတုဗေဒခွဲခြမ်းစိတ်ဖြာမှုတစ်ခုအရ အဆိုပါအရာဟာ အန္တရာယ်တစ်စုံ တစ်ရာမရှိ ဘေးကင်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Zawgyi Version;
ဩစေၾတးလ်ကမ္းေျခမွာ အာကာသအမႈိက္လို႔ယူဆရတဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္ အရာဝတၳဳတစ္ခုေတြ႕ရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၂ဝ
ၾသစေၾတးလ်ရဲ႕ေဝးလံေခါင္သီတဲ့ အေနာက္ဘက္ကမ္းေျခတစ္ခုမွာ အာကာသအမႈိက္လို႔ ယူဆရတဲ့ လွ်ိဳ႕ဝွက္ ဆန္းၾကယ္တဲ့ ဆလင္ဒါ ပုံသ႑ာန္အရာဝတၳဳတစ္ခု ေရေမ်ာကမ္းတင္လာခဲ့ပါတယ္။ ၎ဟာ ႏိုင္ငံျခားဒုံးပ်ံ တစ္ခုခုမွ လြင့္စင္လာတဲ့ အာကာသအမႈိက္ ဟုတ္၊ မဟုတ္ကို ၾသစေၾတးလ် အာကာသေအဂ်င္စီက စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။
ေမာ္ေတာ္ကားငယ္တစ္စီးစာခန္႔ အ႐ြယ္အစားရွိတဲ့ အာကာသယာဥ္တစ္ခုခုရဲ႕အမႈိက္လို႔ ယူဆရတဲ့ အဆိုပါ အရာဝတၱဳကို ၾသစေၾတးလ်အေနာက္ပိုင္း ၿမိဳ႕ေတာ္ ပက္တ္ ေျမာက္ဘက္ ၂၅ဝ ကီလိုမီတာ (၁၅၅ မိုင္) အကြာရွိ Green Head မွာ တနဂၤေႏြေန႔ (ဇူလိုင္ ၁၆ ရက္) က ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ အာကာသအမႈိက္ ဟုတ္၊ မဟုတ္နဲ႔ ဘယ္လို အဓိပၸာယ္ရွိတဲ့ အရာဝတၳဳဆိုတာ ေဖာ္ထုတ္ဖို႔ အျခားအာကာသေအဂ်င္စီေတြနဲ႔ ဆက္သြယ္ထားတယ္လို႔ ၾသစေၾတးလ် အာကာသ ေအဂ်င္စီက တနလၤာေန႔(ဇူလိုင္ ၁၇) မွာ Twitter မွ ေျပာၾကားခဲ့ပါတယ္။
ဥေရာပအာကာသေအဂ်င္စီမွ အင္ဂ်င္နီယာခ်ဳပ္အန္ဒရာဘြိဳင္က ၎နဲ႔ ၎ရဲ႕လုပ္ေဖာ္ကိုင္ဖက္မ်ားအေနနဲ႔ အဆိုပါ အရာဝတၱဳဟာ ၿဂိဳဟ္တုလႊတ္တင္စဥ္ အိႏၵိယသမုဒၶရာထဲျပဳတ္က်ခဲ့ၿပီး ေမ်ာပါလာတဲ့အရာျဖစ္တယ္လို႔ ယုံၾကည္ ေၾကာင္း ေျပာၾကားပါတယ္။
ပုံသ႑ာန္နဲ႔ အ႐ြယ္အစားကိုအေျခခံကာ မတူညီတဲ့မစ္ရွင္မ်ားစြာအတြက္ အသုံးျပဳထားတဲ့ အိႏၵိယဒုံးပ်ံမွ အေပၚ အဆင့္အင္ဂ်င္တစ္ခုျဖစ္တယ္လို႔ ခန္႔မွန္းထားေၾကာင္း ၎က ဆိုပါတယ္။ ဒီသတင္းအတြက္ အိႏၵိယ အာကာသ သုေတသနအဖြဲ႕က ခ်က္ခ်င္း မွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။
အေနာက္ၾသစေၾတးလ်ရဲတပ္ဖြဲ႕က အစိုးရဓာတုေဗဒခြဲျခမ္းစိတ္ျဖာမႈတစ္ခုအရ အဆိုပါအရာဟာ အႏၲရာယ္တစ္စုံ တစ္ရာမရွိ ေဘးကင္းေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။