RB လိုက်ပ်ဇစ်အသင်းနောက်ခံလူ Josko Gvardiol အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိခဲ့သည့် မန်စီးတီး

 422

Pika (NP News) - ဇူလိုင် ၂ဝ

မန်စီးတီးအသင်းနှင့် RB လိုက်ပ်ဇစ်အသင်းတို့သည် RB လိုက်ပ်ဇစ်အသင်းနောက်ခံလူ Josko Gvardiol အပြောင်း အရွှေ့အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိထားပြီးပြီဖြစ်ပြီး အပြီးသတ်ခေါ်ယူရန်နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်၊၊

ဘောလုံးသတင်းထောက် ဖာဘရီဇီရိုရိုမာနိုသည် Josko Gvardiol အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း ပြောင်းရွှေ့ကြေးဘယ်လောက်ဆိုသည့်အချက်ကို ထုတ်ဖော် ပြောဆိုခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။ မန်စီးတီးအသင်းနှင့် RB လိုက်ပ်ဇစ်အသင်းတို့သည် အသက်(၂၁)နှစ် အရွယ် Josko Gvardiol အပြောင်းအရွှေ့အတွက် သီတင်းပတ်များစွာကြာ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် လက်ရှိနွေရာသီကာလတွင် Josko Gvardiol ကို ဦးစားပေးခေါ်ယူရန် လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့်လတည်းက ၎င်းနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက်များရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖာဘရီဇီရိုရိုမာနို၏ အဆိုအရ Josko Gvardiolသည် ၎င်း၏ဆေးစစ်မှု ပထမပိုင်းကို ဇွန်လ(၁၉)ရက်တွင် လုပ်ဆောင်ခဲ့ပြီး နှစ်သင်းကြားအပြောင်းအရွှေ့မှာ ပြီးဆုံးရန် နီးစပ်နေပြီဖြစ်သည်။ သို့သော်လည်း ကျန်ရှိနေသည့် အရာများမှာ Josko Gvardiol၏ အပြီးသတ်ဆေးစစ်မှုများ လုပ်ဆောင်ရန် နှင့် အပြောင်းအရွှေ့သဘောတူညီချက် အတွက် စာချုပ်ချုပ်ဆိုရန်သာရှိတော့ကြောင်း သိရသည်။

Josko Gvardiol ၏ အပြောင်းအရွှေ့အတွက် RB လိုက်ပ်ဇစ်အသင်းက တောင်းဆိုခဲ့သည့်ဈေးမှာ ယူရိုသန်း (၁ဝဝ) ဖြစ်သော်လည်း အပြီးသတ်ပြောင်းရွှေ့ကြေးကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။ မန်စီးတီးနည်းပြဂွါဒီယိုလာ နှင့် အသင်းကစားသမားများသည် ၎င်းတို့၏ ရာသီကြိုခြေစမ်းပွဲများအတွက် ဇူလိုင်လ(၁၉)ရက်က ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး Josko Gvardiol ကို လာမည့်ရက်ပိုင်းအတွင်း မန်စီးတီးအသင်းနှင့်အတူ တွေ့မြင်ရနိုင်ဖွယ်ရှိနေသည်။

Zawgyi Version;
RB လိုက္ပ္ဇစ္အသင္းေနာက္ခံလူ Josko Gvardiol အေျပာင္းအေ႐ႊ႕အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို သေဘာတူညီမႈရရွိခဲ့သည့္ မန္စီးတီး
Pika (NP News) - ဇူလိုင္ ၂ဝ

မန္စီးတီးအသင္းႏွင့္ RB လိုက္ပ္ဇစ္အသင္းတို႔သည္ RB လိုက္ပ္ဇစ္အသင္းေနာက္ခံလူ Josko Gvardiol အေျပာင္း အေ႐ႊ႕အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို သေဘာတူညီမႈရရွိထားၿပီးၿပီျဖစ္ၿပီး အၿပီးသတ္ေခၚယူရန္နီးစပ္ေနၿပီ ျဖစ္ေၾကာင္း သိရသည္၊၊

ေဘာလုံးသတင္းေထာက္ ဖာဘရီဇီ႐ို႐ိုမာႏိုသည္ Josko Gvardiol အေျပာင္းအေ႐ႊ႕အတြက္ အသင္းႏွစ္သင္းၾကား သေဘာတူညီမႈရရွိခဲ့ေၾကာင္း ေျပာဆိုခဲ့ေသာ္လည္း ေျပာင္းေ႐ႊ႕ေၾကးဘယ္ေလာက္ဆိုသည့္အခ်က္ကို ထုတ္ေဖာ္ ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။ မန္စီးတီးအသင္းႏွင့္ RB လိုက္ပ္ဇစ္အသင္းတို႔သည္ အသက္(၂၁)ႏွစ္ အ႐ြယ္ Josko Gvardiol အေျပာင္းအေ႐ႊ႕အတြက္ သီတင္းပတ္မ်ားစြာၾကာ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ သေဘာတူညီမႈရရွိခဲ့ျခင္းျဖစ္သည္။

မန္စီးတီးအသင္းသည္ လက္ရွိေႏြရာသီကာလတြင္ Josko Gvardiol ကို ဦးစားေပးေခၚယူရန္ လုပ္ေဆာင္ခဲ့ၿပီး ၿပီးခဲ့သည့္လတည္းက ၎ႏွင့္ ပုဂၢိဳလ္ေရးအရ သေဘာတူညီခ်က္မ်ားရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
ဖာဘရီဇီ႐ို႐ိုမာႏို၏ အဆိုအရ Josko Gvardiolသည္ ၎၏ေဆးစစ္မႈ ပထမပိုင္းကို ဇြန္လ(၁၉)ရက္တြင္ လုပ္ေဆာင္ခဲ့ၿပီး ႏွစ္သင္းၾကားအေျပာင္းအေ႐ႊ႕မွာ ၿပီးဆုံးရန္ နီးစပ္ေနၿပီျဖစ္သည္။ သို႔ေသာ္လည္း က်န္ရွိေနသည့္ အရာမ်ားမွာ Josko Gvardiol၏ အၿပီးသတ္ေဆးစစ္မႈမ်ား လုပ္ေဆာင္ရန္ ႏွင့္ အေျပာင္းအေ႐ႊ႕သေဘာတူညီခ်က္ အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုရန္သာရွိေတာ့ေၾကာင္း သိရသည္။

Josko Gvardiol ၏ အေျပာင္းအေ႐ႊ႕အတြက္ RB လိုက္ပ္ဇစ္အသင္းက ေတာင္းဆိုခဲ့သည့္ေဈးမွာ ယူ႐ိုသန္း (၁ဝဝ) ျဖစ္ေသာ္လည္း အၿပီးသတ္ေျပာင္းေ႐ႊ႕ေၾကးကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း သိရသည္။ မန္စီးတီးနည္းျပဂြါဒီယိုလာ ႏွင့္ အသင္းကစားသမားမ်ားသည္ ၎တို႔၏ ရာသီႀကိဳေျခစမ္းပြဲမ်ားအတြက္ ဇူလိုင္လ(၁၉)ရက္က ဂ်ပန္ႏိုင္ငံသို႔ ထြက္ခြာခဲ့ၿပီး Josko Gvardiol ကို လာမည့္ရက္ပိုင္းအတြင္း မန္စီးတီးအသင္းႏွင့္အတူ ေတြ႕ျမင္ရႏိုင္ဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.