ရန်ကုန်အပါအဝင် မြို့ပေါင်း(၁၀)ခုရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအတွက်သင်တန်းသားများခေါ်ယူ

1932
စော(NP News) - ဇူလိုင် ၂၁
ရန်ကုန်အပါအဝင် မြို့ပေါင်း(၁၀)ခုရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများအတွက် သင်တန်းသားများခေါ်ယူနေကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ယနေ့(ဇူလိုင်လ ၂၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာထားခြင်းဖြစ်သည်။
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့၌ ဖွင့်လှစ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါသင်တန်းတွင် စက်ချုပ်သင်တန်းများ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်အပါအဝင် မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အိမ်တွင်းမှုသက်မွေးပညာလုပ်ငန်းပညာသင်ကျောင်းများ၌ သင်တန်းအမှတ်စဉ် (၃/၂၀၂၃)ကို ဇူလိုင်လ (၂၄)ရက်မှ စက်တင်ဘာလ (၁)ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါသင်တန်းများကို တစ်နှစ်လျှင် အပတ်စဉ် (၈)ခုဖြင့်ဖွင့်လှစ်လျက်ရှိပြီး အပတ်စဉ်တစ်ခုလျှင် သင်တန်းကာလ (၆)ပတ်ကြာ သင်ကြားပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

zawgyi version
ရန္ကုန္အပါအဝင္ ၿမိဳ႕ေပါင္း(၁၀)ခုရွိ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္းမ်ားအတြက္သင္တန္းသားမ်ားေခၚယူ
ေစာ(NP News) - ဇူလိုင္ ၂၁
ရန္ကုန္အပါအဝင္ ၿမိဳ႕ေပါင္း(၁၀)ခုရွိ အိမ္တြင္းမႈ သက္ေမြးလုပ္ငန္းပညာသင္ေက်ာင္းမ်ားအတြက္ သင္တန္းသားမ်ားေခၚယူေနေၾကာင္း သိရသည္။
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာနသည္ ယေန႔(ဇူလိုင္လ ၂၁ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အသိေပးေၾကညာထားျခင္းျဖစ္သည္။
အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္းမ်ားကို ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ ပုသိမ္၊ ေတာင္ငူ၊ ျမစ္ႀကီးနား၊ ဖ်ာပုံ၊ စစ္ေတြ၊ ႐ြာငံႏွင့္ ထားဝယ္ၿမိဳ႕တို႔၌ ဖြင့္လွစ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါသင္တန္းတြင္ စက္ခ်ဳပ္သင္တန္းမ်ား၊ လက္မႈသင္တန္း၊ မုန႔္မ်ိဳးစုံျပဳလုပ္နည္းသင္တန္း၊ အစားအစာခ်က္ျပဳတ္နည္းသင္တန္းႏွင့္ ပန္းအလွျပင္သင္တန္းတို႔ကို ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္အပါအဝင္ မႏၲေလး၊ ေမာ္လၿမိဳင္၊ ပုသိမ္ေက်ာင္းမ်ား၌ စေန၊ တနဂၤေႏြေန႔မ်ားတြင္လည္း အထူးသင္တန္းမ်ားအား ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
အိမ္တြင္းမႈသက္ေမြးပညာလုပ္ငန္းပညာသင္ေက်ာင္းမ်ား၌ သင္တန္းအမွတ္စဥ္ (၃/၂၀၂၃)ကို ဇူလိုင္လ (၂၄)ရက္မွ စက္တင္ဘာလ (၁)ရက္အထိ ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။
အထက္ပါသင္တန္းမ်ားကို တစ္ႏွစ္လွ်င္ အပတ္စဥ္ (၈)ခုျဖင့္ဖြင့္လွစ္လ်က္ရွိၿပီး အပတ္စဥ္တစ္ခုလွ်င္ သင္တန္းကာလ (၆)ပတ္ၾကာ သင္ၾကားေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။