လှိုင်သာယာ၌ ဓားထိုးခံရမှုကြောင့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိ

 4246

စော(NP News) - ဇူလိုင် ၂၁

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဓားထိုးခံရမှုကြောင့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၂၀ ရက်)၊ ည(၉)နာရီအချိန်၌ လှိုင်သာယာမြို့နယ်၊ ၅၅၅ သဲကွင်းနားရှိ ဇမ္ဘူအေးဘုန်းကြီးကျောင်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရုဏာတွဲလက်နာရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်သည် အဆိုပါကျောင်းမှ ဘုန်းကြီးအချင်းချင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်လိုဖြစ်လဲမသိလိုက်ကြဘူး။ ထိုးသွင်း ဒဏ်ရာသုံးချက်ရသွားတယ်။ ဒဏ်ရာက တော်တော်နက်တယ်။ ဘုန်းဘုန်းကို အနီရောင့်အဆင့်နဲ့ အရေးပေါ် တင်လိုက်ရတာ”ဟု ကရုဏာတွဲလက်နာရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဓားထိုးခံရမှုကြောင့် အဆိုပါ ဘုန်းကြီးတွင် ဝမ်းဗိုက်နှင့် ကျောဘက်၌ ထိုးသွင်းဒဏ်ရာများရရှိကာ မေတ္တာပါရမီ လူမှုကူညီရေးအသင်းကားဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိတွင် ဓားဖြင့်ထိုးသည့် ဘုန်းကြီးအား လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

zawgyi version
လႈိင္သာယာ၌ ဓားထိုးခံရမႈေၾကာင့္ ဘုန္းႀကီးတစ္ပါး ထိခိုက္ဒဏ္ရာရရွိ
ေစာ(NP News) - ဇူလိုင္ ၂၁

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္တြင္ ဓားထိုးခံရမႈေၾကာင့္ ဘုန္းႀကီးတစ္ပါး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၂၀ ရက္)၊ ည(၉)နာရီအခ်ိန္၌ လႈိင္သာယာၿမိဳ႕နယ္၊ ၅၅၅ သဲကြင္းနားရွိ ဇမၻဴေအးဘုန္းႀကီးေက်ာင္းတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း က႐ုဏာတြဲလက္နာေရးလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္သည္ အဆိုပါေက်ာင္းမွ ဘုန္းႀကီးအခ်င္းခ်င္း ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘယ္လိုျဖစ္လဲမသိလိုက္ၾကဘူး။ ထိုးသြင္း ဒဏ္ရာသုံးခ်က္ရသြားတယ္။ ဒဏ္ရာက ေတာ္ေတာ္နက္တယ္။ ဘုန္းဘုန္းကို အနီေရာင့္အဆင့္နဲ႔ အေရးေပၚ တင္လိုက္ရတာ”ဟု က႐ုဏာတြဲလက္နာေရးလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ဓားထိုးခံရမႈေၾကာင့္ အဆိုပါ ဘုန္းႀကီးတြင္ ဝမ္းဗိုက္ႏွင့္ ေက်ာဘက္၌ ထိုးသြင္းဒဏ္ရာမ်ားရရွိကာ ေမတၱာပါရမီ လူမႈကူညီေရးအသင္းကားျဖင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေမဓာဝီေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

လက္ရွိတြင္ ဓားျဖင့္ထိုးသည့္ ဘုန္းႀကီးအား လႈိင္သာယာ အေရွ႕ပိုင္းၿမိဳ႕နယ္ ရဲစခန္းတြင္ ထိန္းသိမ္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.