နိုင်ငံရေးအလှည့်အပြောင်းဖြစ်ရန် တပ်မတော်အနေဖြင့် ကြိုတင်ပြင်ဆင်ခဲ့ခြင်းမျိုး မရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 2131

NP News - ဇူလိုင် ၂၁

မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းဖြစ်ရန် တပ်မတော်အနေဖြင့် ကြိုတင်ပြင်ဆင်ခဲ့ခြင်းမျိုး မရှိကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၎င်းက ယနေ့(ဇူလိုင်လ ၂၁ ရက်)တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အာဏာ မရယူမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဖြစ်လာမည့် စကျင်ကျောက်တုံးတော်ကြီးကို သယ်ဆောင်ရန်အလုပ်ရှုပ်နေခဲ့ကြောင်း ၎င်းက ပြောသည်။

မီဒီယာအချို့နှင့် နိုင်ငံအချို့သည် ဖေဖော်ဝါလ ၁ ရက်တွင် နိုင်ငံရေးအလှည့်အပြောင်းကို တပ်မတော်က ကြိုတင်စီစဉ်ခဲ့ကြောင်း ပြောဆိုမှုများရှိခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“အမှန်တကယ်တော့ ကျွန်တော်တို့က ဒီအလုပ်(စကျင်ကျောက်တုံးတော်ကြီး)နဲ့ ရှုပ်နေတာ။ တပ်မတော်တစ်ရပ်လုံးမှာ ဒီအလုပ်နဲ့တင် ရှုပ်နေတာ။ ၂၅ ရက်နေ့မှာ သယ်ခဲ့တာ။ ၂၅ ရက်နေ့မှာ ဘယ်လောက်ပမာဏအထိ သယ်ရတယ်။ ဘယ်လောက်ပမာဏအထိ လုပ်ရတယ် ဆိုတာကို ပုံတွေမှာလည်း မြင်ပြီးဖြစ်ပါတယ်။ အားလုံးသည် ဒီအလုပ်ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တပ်မတော်အနေနဲ့ နိုင်ငံရေးအပြောင်းအလဲ ကြိုတင်ပြင်ဆင်ထားတာ မရှိပါဘူး။ ကျောက်တုံးတော်ကြီး သယ်ဆောင်ရေး၊ ဘုရားကြီးတည်ထားကိုးကွယ်ရေးကို အလေးထားဆောင်ရွက်နေ တာကို သတိပြုစေလိုပါတယ်” ဟု နစကပြောခွင့်ရက ပြောသည်။

လက်ရှိတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရသည် နိုင်ငံတော် တာဝန်ယူထားသည်မှာ (၂)နှစ်နှင့် (၆)လ ပြည့်တေ့ာမည်ဖြစ်သည်။

မကြာခင်အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပကာ နစကအစိုးရသက်တမ်းနှင့်ပတ်သက်၍ ဆုံးဖြတ်သွားဖွယ်ရှိကြောင်း သိရသည်။

zawgyi version
ႏိုင္ငံေရးအလွည့္အေျပာင္းျဖစ္ရန္ တပ္မေတာ္အေနျဖင့္ ႀကိဳတင္ျပင္ဆင္ခဲ့ျခင္းမ်ိဳး မရွိဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ

NP News - ဇူလိုင္ ၂၁

ျမန္မာ့ႏိုင္ငံေရး အလွည့္အေျပာင္းျဖစ္ရန္ တပ္မေတာ္အေနျဖင့္ ႀကိဳတင္ျပင္ဆင္ခဲ့ျခင္းမ်ိဳး မရွိေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

၎က ယေန႔(ဇူလိုင္လ ၂၁ ရက္)တြင္ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ရင္ျပင္ေတာ္၌ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္အာဏာ မရယူမီ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္တြင္ မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ႀကီး ျဖစ္လာမည့္ စက်င္ေက်ာက္တုံးေတာ္ႀကီးကို သယ္ေဆာင္ရန္အလုပ္ရႈပ္ေနခဲ့ေၾကာင္း ၎က ေျပာသည္။

မီဒီယာအခ်ိဳ႕ႏွင့္ ႏိုင္ငံအခ်ိဳ႕သည္ ေဖေဖာ္ဝါလ ၁ ရက္တြင္ ႏိုင္ငံေရးအလွည့္အေျပာင္းကို တပ္မေတာ္က ႀကိဳတင္စီစဥ္ခဲ့ေၾကာင္း ေျပာဆိုမႈမ်ားရွိခဲ့သည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“အမွန္တကယ္ေတာ့ ကြၽန္ေတာ္တို႔က ဒီအလုပ္(စက်င္ေက်ာက္တုံးေတာ္ႀကီး)နဲ႔ ရႈပ္ေနတာ။ တပ္မေတာ္တစ္ရပ္လုံးမွာ ဒီအလုပ္နဲ႔တင္ ရႈပ္ေနတာ။ ၂၅ ရက္ေန႔မွာ သယ္ခဲ့တာ။ ၂၅ ရက္ေန႔မွာ ဘယ္ေလာက္ပမာဏအထိ သယ္ရတယ္။ ဘယ္ေလာက္ပမာဏအထိ လုပ္ရတယ္ ဆိုတာကို ပုံေတြမွာလည္း ျမင္ၿပီးျဖစ္ပါတယ္။ အားလုံးသည္ ဒီအလုပ္ကို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ ဆိုလိုတာကေတာ့ တပ္မေတာ္အေနနဲ႔ ႏိုင္ငံေရးအေျပာင္းအလဲ ႀကိဳတင္ျပင္ဆင္ထားတာ မရွိပါဘူး။ ေက်ာက္တုံးေတာ္ႀကီး သယ္ေဆာင္ေရး၊ ဘုရားႀကီးတည္ထားကိုးကြယ္ေရးကို အေလးထားေဆာင္႐ြက္ေန တာကို သတိျပဳေစလိုပါတယ္” ဟု နစကေျပာခြင့္ရက ေျပာသည္။

လက္ရွိတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရသည္ ႏိုင္ငံေတာ္ တာဝန္ယူထားသည္မွာ (၂)ႏွစ္ႏွင့္ (၆)လ ျပည့္ေတ့ာမည္ျဖစ္သည္။

မၾကာခင္အခ်ိန္တြင္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္းအေဝးကို က်င္းပကာ နစကအစိုးရသက္တမ္းႏွင့္ပတ္သက္၍ ဆုံးျဖတ္သြားဖြယ္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.