နေပြည်တော် အပါအဝင် စာစစ်ဌာန(၈)ခုမှ အောင်မြင်ထားသူများ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ပထမနှစ်ဝင်ခွင့်ကို လျှောက်ထားနိုင်

 597

ယွန်း (NP News) - ဇူလိုင် ၂၂

နေပြည်တော် အပါအဝင် စာစစ်ဌာန(၈)ခုမှ အောင်မြင်ထားသူများ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၏ ပထမနှစ်ဝင်ခွင့်ကို လျှောက်ထားနိုင်ကြောင်း သိရသည်။

အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ယနေ့ နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပထမနှစ်သင်တန်း ကျောင်းအား တက္ကသိုလ်ဝင်စာမေးပွဲ၌ မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ထားပြီး အနုပညာဝါသနာပါသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ပထမနှစ်သင်တန်းတွင် ဂီတပညာအထူးပြု အပါအဝင် သဘင်ပညာအထူးပြု၊ ပန်းချီပညာအထူးပြု၊ ပန်းပု ပညာအထူးပြု၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာအထူးပြုဘာသာရပ်များကို သင်တန်းကာလ(၄)နှစ်ဖြင့် သင်ကြားပေးသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နေပြည်တော် အပါအဝင် မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကယား၊ ချင်းနှင့် ရှမ်းတို့ရှိ စာစစ်ဌာနများမှ အောင်မြင်ခဲ့သူများသည် အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ကို လျှောက်ထားတက်ရောက် ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လျှောက်လွှာပုံစံများကို အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ရွှေစာရံဘုရားလမ်း၊ အုန်းချော ကျေးရွာ၊ ပုသိမ်ကြီးမြို့ နယ်တွင် ဝယ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာများကို လာမည့်အောက်တိုဘာ(၁၇)ရက်တွင် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း သိရပြီး အောက်တိုဘာ(၂၃)ရက်တွင် လူတွေ့စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် ဝင်ခွင့်ရစာရင်းကို အောက်တိုဘာလ(၂၆)ရက်တွင် သင်တန်းရေးရာဌာန ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၂၃-၂ဝ၂၄ တက္ကသိုလ်ပညာသင်နှစ်အား နိုဝင်ဘာ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ေနျပည္ေတာ္ အပါအဝင္ စာစစ္ဌာန(၈)ခုမွ ေအာင္ျမင္ထားသူမ်ား အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (မႏၲေလး) ၏ ပထမႏွစ္ဝင္ခြင့္ကို ေလွ်ာက္ထားႏိုင္
ယြန္း (NP News) - ဇူလိုင္ ၂၂

ေနျပည္ေတာ္ အပါအဝင္ စာစစ္ဌာန(၈)ခုမွ ေအာင္ျမင္ထားသူမ်ား အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (မႏၲေလး)၏ ပထမႏွစ္ဝင္ခြင့္ကို ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္(မႏၲေလး)မွ ယေန႔ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။

၂ဝ၂၃-၂ဝ၂၄ ပညာသင္ႏွစ္အတြက္ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္(မႏၲေလး) ပထမႏွစ္သင္တန္း ေက်ာင္းအား တကၠသိုလ္ဝင္စာေမးပြဲ၌ မည္သည့္ဘာသာတြဲျဖင့္မဆို ေအာင္ျမင္ထားၿပီး အႏုပညာဝါသနာပါသူမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

အဆိုပါ ပထမႏွစ္သင္တန္းတြင္ ဂီတပညာအထူးျပဳ အပါအဝင္ သဘင္ပညာအထူးျပဳ၊ ပန္းခ်ီပညာအထူးျပဳ၊ ပန္းပု ပညာအထူးျပဳ၊ ႐ုပ္ရွင္ႏွင့္ ျပဇာတ္ပညာအထူးျပဳဘာသာရပ္မ်ားကို သင္တန္းကာလ(၄)ႏွစ္ျဖင့္ သင္ၾကားေပးသြား မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ေနျပည္ေတာ္ အပါအဝင္ မႏၲေလး၊ မေကြး၊ စစ္ကိုင္း၊ ကခ်င္၊ ကယား၊ ခ်င္းႏွင့္ ရွမ္းတို႔ရွိ စာစစ္ဌာနမ်ားမွ ေအာင္ျမင္ခဲ့သူမ်ားသည္ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္(မႏၲေလး)ကို ေလွ်ာက္ထားတက္ေရာက္ ၾကရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ေလွ်ာက္လႊာပုံစံမ်ားကို အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္(မႏၲေလး)၊ ေ႐ႊစာရံဘုရားလမ္း၊ အုန္းေခ်ာ ေက်း႐ြာ၊ ပုသိမ္ႀကီးၿမိဳ႕ နယ္တြင္ ဝယ္ယူေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာမ်ားကို လာမည့္ေအာက္တိုဘာ(၁၇)ရက္တြင္ ေနာက္ဆုံးေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရၿပီး ေအာက္တိုဘာ(၂၃)ရက္တြင္ လူေတြ႕စစ္ေဆးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ေနာက္ ဝင္ခြင့္ရစာရင္းကို ေအာက္တိုဘာလ(၂၆)ရက္တြင္ သင္တန္းေရးရာဌာန ေၾကာ္ျငာသင္ပုန္းတြင္ ေၾကညာ၍ ေက်ာင္းအပ္လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂ဝ၂၃-၂ဝ၂၄ တကၠသိုလ္ပညာသင္ႏွစ္အား ႏိုဝင္ဘာ(၁)ရက္ေန႔တြင္ စတင္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ထည့္သြင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.