ရွေးကောက်ပွဲ ကိန်းဂဏန်းများ နောက်ကွယ်က  အချက်အလက်ကို  လှစ်ဟကြည့်ခြင်း
                        
                            
                             
 664
 
                             
                            
                            
                         
                        
သုတကျော်  (NP News) - စက်တင်ဘာလ ၂၄ 
      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက်ကို ခပ်စိပ်စိပ်ထုတ်ပြန်လာကြောင်း တွေ့မြင်ရသည်။ ယင်းမှာ ရွေးကောက်ပွဲကြီး နီးလာပြီဖြစ်ကြောင်း ခေါင်းလောင်းသံများဖြစ်သကဲ့သို့ သတိထားစောင့် ကြည့်ရမည့် အချက်အလက်များလည်း တသီတတန်း ပါဝင်လာကြောင်းကို တွေ့မြင်ရသည်။ 
	(UEC) က ထုတ်ပြန်ထားသော အချက်အလက် များအရ ယခု ရွေးကောက်ပွဲကို နိုင်သူအကုန်ယူ စနစ် (FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ရောနှောကျင်းပမည်ဖြစ်ပြီး ယင်းမှာ မြန်မာ့ရွေး ကောက်ပွဲသမိုင်းအတွက်လည်း ပထမဆုံး ဖြစ်လာ မည် ဖြစ်သည်။
	ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်ပေါင်း (၃၃၀) သတ်မှတ်ထားပြီး ယင်း အတွက် နိုင်သူအကုန်ယူစနစ် (FPTP)ကို ကျင့် သုံးမည်ဖြစ်သည်။ အမျိုးသားလွှတ်တော် အတွက်မူ နိုင်သူ အကုန်ယူစနစ် (FPTP) ဖြင့် မဲဆန္ဒနယ် (၈၄) နယ်ရှိပြီး အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် မဲဆန္ဒနယ် (၂၆) နယ် ရှိသည်။ 
	တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အတွက် FPTP စနစ်ဖြင့် ပြုလုပ်မည့် မဲဆန္ဒနယ် (၃၂၂) နယ် ရှိပြီး  PR စနစ်ဖြင့်ပြုလုပ်မည် မဲဆန္ဒ နယ် (၄၂) နယ် ဖြစ်သည်။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး   မဲဆန္ဒနယ်အတွက် (၂၉)နယ်ဖြစ်သည်။ ရွေးကောက် ပွဲကို အပိုင်း (၃) ပိုင်းခန့် ခွဲလုပ်ဖွယ်ရှိပြီး လာမည့်နှစ် ဇန်နဝါရီလအတွင်းမှာပင် ရွေးကောက်ပွဲလုပ်ငန်းစဉ် အားလုံး အပြီးသတ်လုပ်ဆောင်သွားဖွယ်ရှိကြောင်း ခန့်မှန်းရသည်။ 
	ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်မည့် မြို့ နယ်များစာရင်းကို ထုတ်ပြန်ကြေညာထားရာ ယင်းမြို့ နယ်များထဲတွင် ကချင်ပြည်နယ် မှ (၆) မြို့နယ်၊ ကယားပြည်နယ်မှ (၂) မြို့နယ်၊ ကရင်ပြည်နယ်မှ (၃) မြို့နယ်၊ ချင်းပြည်နယ်မှ (၂) မြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးမှ (၁၂) မြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီးမှ (၄) မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ (၈) မြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ (၉) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ (၈) မြို့နယ်၊ မွန်ပြည်နယ် မှ (၆) မြို့နယ်၊ ရခိုင်ပြည်နယ်မှ (၃) မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးမှ (၁၂) မြို့နယ်၊ ရှမ်းပြည်နယ်မှ (၁၂) မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ (၈)မြို့နယ် နှင့် နေပြည်တော်ကောင်စီနယ်မြေမှ (၈) မြို့နယ်တို့ ပါဝင်သည်။ 
	UEC က စက်တင်ဘာလ (၁၄) ရက်တွင် ပါတီ စုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပ မည်မဟုတ်သော မဲဆန္ဒနယ်များကိုကြေညာခဲ့ရာ ပြည်သူ့လွှတ်တော်အတွက် (FPTP) စနစ်ဖြင့် ရွေး ကောက်ပွဲပြုလုပ်မည့် မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုး သားလွှတ်တော်အတွက် (FPTP) စနစ်ဖြင့် ရွေး ကောက်ပွဲပြုလုပ်မည့် မဲဆန္ဒနယ် (၉) နယ် နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် PR စနစ်ဖြင့် ရွေးကောက်ပွဲ ပြုလုပ်မည့် မဲဆန္ဒနယ် (၅၆) နယ်တို့ ပါဝင်သည်။ ယင်းသို့ ကြေညာလိုက်ပြီး နောက် UEC က သတ်မှတ်ထားသော မဲဆန္ဒနယ် စာရင်း၊ ရွေးကောက်ပွဲမပြုလုပ်မည့် မဲဆန္ဒနယ် စာရင်းနှင့် မြေပြင်အခြေအနေကို ချိန်ထိုးစဉ်းစား ကြည့်ရသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလာသည်။ 
	ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၅) နယ်၊ အမျိုးသားလွှတ်တော် အတွက် FPTP မဲဆန္ဒနယ် (၆) နယ်၊ PR မဲဆန္ဒနယ် (၂) နယ်၊ ပြည်နယ်လွှတ်တော်အတွက် FPTP  မဲ ဆန္ဒနယ် (၁၈) နယ်၊ PR မဲဆန္ဒနယ် (၂) နယ်ရှိ သည်။ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွန်၊ အင်ဂျန်းယန် မြို့နယ်တို့တွင် ရွေးကောက်ပွဲလုပ်မည်မဟုတ်ပေ။ ယင်း (၄) မြို့နယ်ကို KIA က လက်ရှိတွင် ထိန်းချုပ် ထားပြီး ရွေးကောက်ပွဲလုပ်မည့်စာရင်းတွင် ပါနေ သော မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်မှာလည်း ယင်း အဖွဲ့အောက် ကျရောက်နေကြောင်းသိရသည်။ ယင်း ကြောင့် အဆိုပါ (၂) မြို့နယ်ကို ရွေးကောက်ပွဲ မတိုင် မီ ပြန်လည်သိမ်းယူမည်လောဟုတွေးစရာ ဖြစ်လာ သည်။ 
	ဗန်းမော်တွင်မူ တပ်မတော်က အသာစီးရနေရာ တစ်မြို့လုံးကို သိမ်းရန် အလားအလာ ကောင်းနေပြီ ဖြစ်သည်။ KIA တို့မြို့ကို တိုက်ပွဲဖော်ပြီးနောက် မြို့ မှာ အများအပြား ပျက်စီးသွားခဲ့ရာ ရွေးကောက်ပွဲကို မည်သို့လုပ်မည်ဆိုခြင်းမှာ မှန်းဆရခက်သည်။ ဖား ကန့်တွင်လည်း တပ်မတော်က အသာစီးရနေပြီး ယင်းမြို့နယ်တွင်လည်း ရွေးကောက်ပွဲ ပြန်လုပ်ရန် ရည်မှန်းထားသည်ဟု ဆိုရမည့် အခြေအနေဖြစ်သည်။ ရွှေကူကဲ့သို့ မြို့များတွင် မြို့ပေါ်တပ်မတော် ရှိသော် လည်း ကျေးရွာများတွင် လက်နက်ကိုင်တို့ရှိနေရာ မြို့ပေါ်တွင် ရွေးကောက်ပွဲလုပ်မည်လော၊ သို့မဟုတ် နယ်မြေရှင်းလင်းမှုကို တွန်းလုပ်သွားမည်လော ဆို သည့်အချက်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းသည်။ 
မြို့တော်လွိုင်ကော်အထိ သူပုန်များ ရောက်လာခဲ့ဖူး သော ကယားပြည်နယ်တွင် ပြည်သူ့လွှတ်တော် မဲ ဆန္ဒနယ် (၇) နယ်၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် (၆) နယ်၊ PR မဲဆန္ဒနယ် (၁) နယ်၊ ပြည် နယ်လွှတ်တော် FPTP မဲဆန္ဒနယ် (၇) နယ်၊ PR မဲဆန္ဒနယ် (၁) နယ်တို့ရှိရာ မယ်စဲ့ ဖားဆောင်း၊ ရှား တောမြို့နယ်တို့ကို ရွေးကောက်ပွဲတွင် ချန်လှပ်ခဲ့ သည်။ မယ်စဲ့မြို့နှင့် ရှားတောမြို့မှာ လက်နက်ကိုင်များ လက်တွင်း ရှိနေပြီး ဖားဆောင်းမြို့တွင်မူ တပ်မတော် နှင့် လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်နေသည်။ 
 ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကယားပြည်နယ်မှ လွိုင်ကော်မြို့နှင့် ဘောလ်ခဲမြို့တို့ပါဝင်ပြီး မကြာ သေးမီကာလတွင် တပ်မတော်က ပြန်လည်သိမ်းပိုက် နိုင်ခဲ့သော ဒီးမော့ဆိုမြို့တွင် တပ်မတော်နှင့် လက် နက်ကိုင်များအကြား ထိတွေ့တိုက်ပွဲ ရှိနေသေးသော် လည်း တပ်မတော်က အသာရနေရသည့်အပြင် တဖက်လက်နက်ကိုင်တို့ဘက်တွင် ခဲယမ်း ရှားပါးနေ ကြောင်း သတင်းထွက်နေရာ ယင်းပြည်နယ်မှ ကျန် မြို့များတွင် ရွေးကောက်ပွဲလုပ်ရန် အစိုးရက ဖိပြီး         ပိုမိုအားထည့်လာနိုင်မည်ဖြစ်သည်။ 
	ချင်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ် (၉) နယ်၊ အမျိုးသားလွှတ်တော် FPTP  မဲဆန္ဒ နယ် (၆) နယ်၊ PR မဲဆန္ဒနယ် (၁) နယ်၊ ပြည်နယ် လွှတ်တော်အတွက် FPTP  မဲဆန္ဒနယ် (၉) နယ်၊ PR မဲဆန္ဒနယ် (၁) နယ် ဖြစ်သည်။ ယင်းပြည်နယ်မှ မြို့ နယ် (၄) မြို့နယ်တွင် ရွေးကောက်ပွဲလုပ်မည် မဟုတ် ပေ။ ရွေးကောက်ပွဲ အပိုင်း (၁) တွင် ချင်းပြည်နယ်မှ မြို့တော်ဟားခါး နှင့် တီးတိန်မြို့တို့ ပါဝင်ရာ ထန်တ လန်မြို့၊ တွန်းဇံမြို့နှင့်ဖလမ်းမြို့တွင်သာ ရွေးကောက် ပွဲလုပ်ရန် လျာထားသည့်သဘောဖြစ်သည်။ ယခု သတင်းရေးသားချိန် စက်တင်ဘာလ (၁၇) ရက် ကာလတွင် ဖလမ်းမြို့ကို ချင်းလက်နက်ကိုင်အဖွဲ့ ဖြစ်သော CB နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေ ကြောင်း သိရသည်။ 
	စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃၇) နယ်၊ အမျိုးသားလွှတ်တော်  FPTP မဲဆန္ဒနယ် (၆) နယ်၊ PR  မဲဆန္ဒနယ် (၂) နယ်၊ တိုင်းဒေသကြီးလွှတ်တော် FPTP မဲဆန္ဒနယ် (၃၇) နယ်၊ PR  မဲဆန္ဒနယ် (၃) နယ်ရှိရာ (၁၀) မြို့နယ်တွင် ရွေးကောက်ပွဲလုပ်မည် မဟုတ်ပေ။ ယင်းတိုင်း ဒေသ ကြီးတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုလုံး ရွေးကောက်ပွဲလုပ်မည်ဖြစ်ပြီး ကျန်မြို့နယ်များ အ နက် ဆားလင်းကြီး၊ ရွှေဘို၊ ကနီ၊ ကန့်ဘလူကဲ့သို့ လက်နက်ကိုင်များက နယ်ဘက်ဒေသတွင် ရှိနေ သောမြို့နယ်များတွင်ပါ ရွေးကောက်ပွဲလုပ်မည့် သဘောဖြစ်သည်။ မလုပ်သော မြို့နယ်များထဲတွင် ထီးချိုင့်၊ ဒီပဲယင်း၊ ယင်းမာပင်ကဲ့သို့ မြို့များ ပါဝင် သည်။ NP News မှ စုံစမ်းသိရှိရသော အချက်အလက်များအရ စစ်ကိုင်းတိုင်းဒေသကြီး တွင် တပ်မတော်က အသာစီးရနေရာ ရွေးကောက်ပွဲ ကျင်းပမည့်မြို့နယ်များတွင် ပိုမိုအားစိုက်ဖွယ် ရှိ သည်။ လက်ရှိတွင်လည်း မြေပြင်တွင် ထိုးစစ်များ ဆောင်ရွက်နေသည်။ 
	မကွေးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၅) မြို့နယ်၊ အမျိုးသားလွှတ်တော်  FPTP မဲဆန္ဒနယ် (၆) နယ်၊ PR မဲဆန္ဒနယ် (၂) နယ်၊ တိုင်းဒေသကြီးလွှတ်တော် FPTP  မဲဆန္ဒနယ် (၂၅) နယ် ၊ PR မဲဆန္ဒနယ် (၄) နယ်ရှိရာ လက်နက် ကိုင်များ၏ သူပုန်ထမှုကြောင့် မကြာခဏ အွန်လိုင်း စာမျက်နှာများထက်တွင် တွေ့ရတတ်သော ပေါက်၊ မြိုင်၊ ရေစကြို အပါအဝင် မြို့နယ် (၅) မြို့နယ်တွင် ရွေးကောက်ပွဲလုပ်မည် မဟုတ်ပေ။ သို့သော် ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ ဆိပ်ဖြူကဲ့သို့ လက်နက်ကိုင်များ တိုက်ပွဲဖော်တတ်သောမြို့နယ်များတွင် ရွေးကောက်ပွဲ လုပ်မည်ဟု ဆိုနိုင်လေရာ ယင်းမြို့နယ်များကို ပိုမို အားစိုက်တော့မည်ဟု ယူဆရသည်။ NP News က မေးမြန်းချက်အရ ရွေးကောက်ပွဲ လုပ်မည့်စာရင်းမှ ချန်လှပ်ထားသော ပေါက်မြို့နယ် ဘက်တွင် PDF တို့ အားလျော့လာနေပြီး ပြည်သူ့စစ် အတွင်း ဝင်ရောက်သူ များနေကြောင်း သိရသည်။ 
	မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၈) နယ်၊ အမျိုးသားလွှတ်တော်  FPTP မဲဆန္ဒနယ် (၆) နယ်၊ PR  မဲဆန္ဒနယ် (၃) နယ်၊ တိုင်း ဒေသကြီးလွှတ်တော် FPTP(၂၈) နယ်၊ PR မဲ ဆန္ဒနယ် (၅) နယ်ရှိရာ (၃) မြို့နယ်တွင် ရွေးကောက် ပွဲလုပ်မည် မဟုတ်ပေ။ ယင်းတို့မှာ နွားထိုးကြီး၊ စဉ့် ကူး၊ မိုးကုတ်မြို့နယ်တို့ ဖြစ်သည်။ မိုးကုတ်တွင် TNLA  တို့ ရှိပြီး စဉ့်ကူးသည် MDY PDF အပါ အဝင် ယင်း၏ ပူးပေါင်းလက်နက်ကိုင်အဖွဲ့တို့ ရှိ သည်။ နွားထိုးကြီးမြို့တွင်လည်း အမြန်လမ်းပေါ် တက်လာတတ်သော PDF တို့ ရှိနေသည်။ 
	သို့သော် ယင်းအဖွဲ့တို့ကို အချိန်ယူ ရှင်းလင်း မည့်သဘောရှိပြီး စဉ့်ကူးကိုလည်း တပ်မတော်က ဝိုင်းပတ်ထားနိုင်သော အခြေအနေဖြစ်ကာ မိုးကုတ် မြို့ကို ပြန်လည်ရယူရန် အနေအထားများကိုလည်း တွေ့မြင်နေရသည်။ ထူးခြားချက်အနေဖြင့် ရခိုင်ပြည် နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၁၇) မြို့ နယ်၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် (၆) နယ်၊ PR  မဲဆန္ဒနယ် (၂) နယ်၊ ပြည်နယ်လွှတ်တော် FPTP မဲဆန္ဒနယ် (၁၇) နယ်၊ PR မဲဆန္ဒနယ် (၂)နယ် ရှိသည့်အနက် (၁၀) မြို့နယ်တွင် ရွေးကောက်ပွဲ လုပ်မည် မဟုတ်ပေ။ ရွေးကောက်ပွဲ အပိုင်း (၁) တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့၌ ရွေး ကောက်ပွဲလုပ်မည်ဖြစ်ပြီး AA ထိန်းချုပ်ရာ (၁၄) မြို့နယ်ထဲမှ (၁၀) မြို့နယ်ကို ရွေးကောက်ပွဲမှ ချန် လှပ်သော်လည်း အမ်း၊ တောင်ကုတ်၊ သံတွဲ နှင့် ဂွ တို့ကို ယင်းစာရင်းတွင် မထည့်ထားသောကြောင့် တပ်မတော်မှ ဦးစားပေး ပြန်လည်သိမ်းယူမည့် သဘောလားဟု စောင့်ကြည့်ရမည် ဖြစ်သည်။ 
	ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ် (၅၅) နယ်၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် (၆) နယ်၊ PR မဲဆန္ဒနယ် (၃) နယ်၊ ပြည် နယ်လွှတ်တော် FPTP မဲဆန္ဒနယ် (၅၅) နယ်၊ PR  (၂)နယ်ရှိသည့်အနက် (၁၇)မြို့နယ်တွင်ရွေးကောက် ပွဲ မလုပ်ကြောင်းတွေ့မြင်ရသည်။ ယင်းမြို့များထဲ တွင် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့် ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသ နှင့် မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ရ ဒေသတို့မှ မြို့များ ပါဝင်သည်။ ထို့ပြင် လက်ရှိ ကိုး ကန့် နှင့် ပလောင် လက်နက်ကိုင်အဖွဲ့တို့ ထိန်းချုပ် ထားသောမြို့အချို့လည်း ယင်းတွင် ထည့်သွင်းထား သည်။ သို့သော် လက်ရှိတပ်မတော်၏ ထိုးစစ်အောင် မြင်နေသော ပလောင်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် သီပေါမြို့ကို ထည့်သွင်းမထားသော ကြောင့် ယင်း (၂) မြို့ကို ရွေးကောက်ပွဲ မတိုင်မီ အရ ယူမည်လောဟုလည်း သုံးသပ်ရသည်။ မြေပြင်တွင် လည်း ပြန်လည်ရယူနိုင်တော့မည်အခြေအနေဟု သတင်းရင်းမြစ်များက ဆိုသည်။ 
	အတည်မပြုနိုင်သော်လည်း ထွက်ပေါ်နေသော သတင်းများအရ ကိုးကန့် တပ်ဖွဲ့ သိန္နီမှ ဆုတ်မည်ဟု ပြောနေကြသည်။ ထို့ပြင် ဆောင်းပါးတွင် ဖော်ပြခဲ့ သည့်အတိုင်း တပ်မတော်ဘက်က ပြန်လည်သိမ်းယူ မည့် အခြားမြို့များလည်း ရှိလာမည်ဖြစ်သည်။ ယခု လအတွင်း ပြုလုပ်ခဲ့သော UEC  ၏သတင်းစာရှင်း လင်းပွဲတွင် လက်နက်ကိုင်တို့အောက် ရောက်ခဲ့သော မြို့များကို ပြန်လည်ရရှိပြီးပါက ကြားဖြတ်ရွေးကောက် ပွဲ လုပ်နိုင်ကြောင်း မီဒီယာများကို UEC  ဘက်က ပြောကြားထားရာ ရွေးကောက်ပွဲလွန်ကာလတွင် နယ်မြေရှင်းလင်းပြီးသော မြို့နယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံပေါ်ပေါက်လာဖွယ်ရှိနေသည်။ 
	(၂ဝ၂၅) ခုနှစ် ရွေးကောက်ပွဲကို ပြုလုပ်ပြီးသော မြန်မာနိုင်ငံမှ အခြားရွေးကောက်ပွဲများနှင့် နှိုင်းယှဉ် စဉ်းစားမည်ဆိုပါက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ဖြင့်ပင် အကြမ်းဖျင်း တွက်ကြည့်နိုင်သည်။ မဲဆန္ဒ နယ်ပေါင်း (၃၃၀) အနက် (၂၇၄) နယ်တွင် ကျင်းပ မည်ဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း (၁) တွင် မြို့ နယ် (၁၀၂) မြို့နယ်၌ ကျင်းပမည်ဖြစ်ပြီး ကျန် မြို့ နယ် (၁၇၂) မြို့နယ် ကို အပိုင်းလိုက် ကျင်းပသွားမည် ဖြစ်သည်။ မကြာသေးသည့် ဆယ်စုနှစ်များရဲ့ ရွေး ကောက်ပွဲသမိုင်းတွင် (၂၀၁၀) ပြည့်နှစ်က မြို့နယ် (၃၃၀) အနက် (၃၂၅) မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး (၂၀၁၅) ခုနှစ်က မြို့နယ် (၃၃၀) အနက် (၃၂၃) မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ကာ (၂၀၂၀) ပြည့်နှစ်တွင် မြို့နယ် (၃၃၀) အနက် (၃၁၅) မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ် ရွေးကောက်ပွဲနှင့်ယှဉ်လျှင် မှုအရေအတွက် များစွာကွာခြားခြင်းမရှိပေ။ သို့သော် နယ်မြေ အခြေအနေနှင့် လုံခြုံမှုမှာမူ ဆက်လက်        စောင့်ကြည့်ရမည်ဖြစ်သည်။
                     
                        
                                                                    
Zawgyi Version: 
ေ႐ြးေကာက္ပြဲ ကိန္းဂဏန္းမ်ား ေနာက္ကြယ္က  အခ်က္အလက္ကို  လွစ္ဟၾကည့္ျခင္း 
သုတေက်ာ္  (NP News) - စက္တင္ဘာလ ၂၄ 
      ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က လာမည့္ ဒီဇင္ဘာလအတြင္း က်င္းပမည့္ ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ ထုတ္ျပန္ခ်က္ကို ခပ္စိပ္စိပ္ထုတ္ျပန္လာေၾကာင္း ေတြ႕ျမင္ရသည္။ ယင္းမွာ ေ႐ြးေကာက္ပြဲႀကီး နီးလာၿပီျဖစ္ေၾကာင္း ေခါင္းေလာင္းသံမ်ားျဖစ္သကဲ့သို႔ သတိထားေစာင့္ ၾကည့္ရမည့္ အခ်က္အလက္မ်ားလည္း တသီတတန္း ပါဝင္လာေၾကာင္းကို ေတြ႕ျမင္ရသည္။ 
	(UEC) က ထုတ္ျပန္ထားေသာ အခ်က္အလက္ မ်ားအရ ယခု ေ႐ြးေကာက္ပြဲကို ႏိုင္သူအကုန္ယူ စနစ္ (FPTP) ႏွင့္ အခ်ိဳးက် ကိုယ္စားျပဳစနစ္ (PR) ကို ေရာေႏွာက်င္းပမည္ျဖစ္ၿပီး ယင္းမွာ ျမန္မာ့ေ႐ြး ေကာက္ပြဲသမိုင္းအတြက္လည္း ပထမဆုံး ျဖစ္လာ မည္ ျဖစ္သည္။
	ေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္အတြက္ မဲဆႏၵနယ္ေပါင္း (၃၃၀) သတ္မွတ္ထားၿပီး ယင္း အတြက္ ႏိုင္သူအကုန္ယူစနစ္ (FPTP)ကို က်င့္ သုံးမည္ျဖစ္သည္။ အမ်ိဳးသားလႊတ္ေတာ္ အတြက္မူ ႏိုင္သူ အကုန္ယူစနစ္ (FPTP) ျဖင့္ မဲဆႏၵနယ္ (၈၄) နယ္ရွိၿပီး အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) ျဖင့္ မဲဆႏၵနယ္ (၂၆) နယ္ ရွိသည္။ 
	တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ အတြက္ FPTP စနစ္ျဖင့္ ျပဳလုပ္မည့္ မဲဆႏၵနယ္ (၃၂၂) နယ္ ရွိၿပီး  PR စနစ္ျဖင့္ျပဳလုပ္မည္ မဲဆႏၵ နယ္ (၄၂) နယ္ ျဖစ္သည္။ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ တိုင္းရင္းသားလူမ်ိဳး   မဲဆႏၵနယ္အတြက္ (၂၉)နယ္ျဖစ္သည္။ ေ႐ြးေကာက္ ပြဲကို အပိုင္း (၃) ပိုင္းခန႔္ ခြဲလုပ္ဖြယ္ရွိၿပီး လာမည့္ႏွစ္ ဇန္နဝါရီလအတြင္းမွာပင္ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ အားလုံး အၿပီးသတ္လုပ္ေဆာင္သြားဖြယ္ရွိေၾကာင္း ခန႔္မွန္းရသည္။ 
	ေ႐ြးေကာက္ပြဲအပိုင္း (၁) တြင္ ပါဝင္မည့္ ၿမိဳ႕ နယ္မ်ားစာရင္းကို ထုတ္ျပန္ေၾကညာထားရာ ယင္းၿမိဳ႕ နယ္မ်ားထဲတြင္ ကခ်င္ျပည္နယ္ မွ (၆) ၿမိဳ႕နယ္၊ ကယားျပည္နယ္မွ (၂) ၿမိဳ႕နယ္၊ ကရင္ျပည္နယ္မွ (၃) ၿမိဳ႕နယ္၊ ခ်င္းျပည္နယ္မွ (၂) ၿမိဳ႕နယ္၊ စစ္ကိုင္း တိုင္းေဒသႀကီးမွ (၁၂) ၿမိဳ႕နယ္၊ တနသၤာရီတိုင္း ေဒသႀကီးမွ (၄) ၿမိဳ႕နယ္၊ ပဲခူးတိုင္းေဒသႀကီးမွ (၈) ၿမိဳ႕နယ္၊ မေကြးတိုင္းေဒသႀကီးမွ (၉) ၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီးမွ (၈) ၿမိဳ႕နယ္၊ မြန္ျပည္နယ္ မွ (၆) ၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္မွ (၃) ၿမိဳ႕နယ္၊ ရန္ကုန္ တိုင္းေဒသႀကီးမွ (၁၂) ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္မွ (၁၂) ၿမိဳ႕နယ္၊ ဧရာဝတီတိုင္းေဒသႀကီးမွ (၈)ၿမိဳ႕နယ္ ႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမမွ (၈) ၿမိဳ႕နယ္တို႔ ပါဝင္သည္။ 
	UEC က စက္တင္ဘာလ (၁၄) ရက္တြင္ ပါတီ စုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို က်င္းပ မည္မဟုတ္ေသာ မဲဆႏၵနယ္မ်ားကိုေၾကညာခဲ့ရာ ျပည္သူ႔လႊတ္ေတာ္အတြက္ (FPTP) စနစ္ျဖင့္ ေ႐ြး ေကာက္ပြဲျပဳလုပ္မည့္ မဲဆႏၵနယ္ (၅၆) နယ္၊ အမ်ိဳး သားလႊတ္ေတာ္အတြက္ (FPTP) စနစ္ျဖင့္ ေ႐ြး ေကာက္ပြဲျပဳလုပ္မည့္ မဲဆႏၵနယ္ (၉) နယ္ ႏွင့္ တိုင္း ေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္အတြက္ PR စနစ္ျဖင့္ ေ႐ြးေကာက္ပြဲ ျပဳလုပ္မည့္ မဲဆႏၵနယ္ (၅၆) နယ္တို႔ ပါဝင္သည္။ ယင္းသို႔ ေၾကညာလိုက္ၿပီး ေနာက္ UEC က သတ္မွတ္ထားေသာ မဲဆႏၵနယ္ စာရင္း၊ ေ႐ြးေကာက္ပြဲမျပဳလုပ္မည့္ မဲဆႏၵနယ္ စာရင္းႏွင့္ ေျမျပင္အေျခအေနကို ခ်ိန္ထိုးစဥ္းစား ၾကည့္ရသည္မွာ စိတ္ဝင္စားဖြယ္ေကာင္းလာသည္။ 
	ကခ်င္ျပည္နယ္တြင္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ (၂၅) နယ္၊ အမ်ိဳးသားလႊတ္ေတာ္ အတြက္ FPTP မဲဆႏၵနယ္ (၆) နယ္၊ PR မဲဆႏၵနယ္ (၂) နယ္၊ ျပည္နယ္လႊတ္ေတာ္အတြက္ FPTP  မဲ ဆႏၵနယ္ (၁၈) နယ္၊ PR မဲဆႏၵနယ္ (၂) နယ္ရွိ သည္။ ခ်ီေဖြ၊ ေဆာ့ေလာ္၊ ဆြမ္ပရာဘြန္၊ အင္ဂ်န္းယန္ ၿမိဳ႕နယ္တို႔တြင္ ေ႐ြးေကာက္ပြဲလုပ္မည္မဟုတ္ေပ။ ယင္း (၄) ၿမိဳ႕နယ္ကို KIA က လက္ရွိတြင္ ထိန္းခ်ဳပ္ ထားၿပီး ေ႐ြးေကာက္ပြဲလုပ္မည့္စာရင္းတြင္ ပါေန ေသာ မိုးေမာက္ၿမိဳ႕နယ္ႏွင့္ မံစီၿမိဳ႕နယ္မွာလည္း ယင္း အဖြဲ႕ေအာက္ က်ေရာက္ေနေၾကာင္းသိရသည္။ ယင္း ေၾကာင့္ အဆိုပါ (၂) ၿမိဳ႕နယ္ကို ေ႐ြးေကာက္ပြဲ မတိုင္ မီ ျပန္လည္သိမ္းယူမည္ေလာဟုေတြးစရာ ျဖစ္လာ သည္။ 
	ဗန္းေမာ္တြင္မူ တပ္မေတာ္က အသာစီးရေနရာ တစ္ၿမိဳ႕လုံးကို သိမ္းရန္ အလားအလာ ေကာင္းေနၿပီ ျဖစ္သည္။ KIA တို႔ၿမိဳ႕ကို တိုက္ပြဲေဖာ္ၿပီးေနာက္ ၿမိဳ႕ မွာ အမ်ားအျပား ပ်က္စီးသြားခဲ့ရာ ေ႐ြးေကာက္ပြဲကို မည္သို႔လုပ္မည္ဆိုျခင္းမွာ မွန္းဆရခက္သည္။ ဖား ကန႔္တြင္လည္း တပ္မေတာ္က အသာစီးရေနၿပီး ယင္းၿမိဳ႕နယ္တြင္လည္း ေ႐ြးေကာက္ပြဲ ျပန္လုပ္ရန္ ရည္မွန္းထားသည္ဟု ဆိုရမည့္ အေျခအေနျဖစ္သည္။ ေ႐ႊကူကဲ့သို႔ ၿမိဳ႕မ်ားတြင္ ၿမိဳ႕ေပၚတပ္မေတာ္ ရွိေသာ္ လည္း ေက်း႐ြာမ်ားတြင္ လက္နက္ကိုင္တို႔ရွိေနရာ ၿမိဳ႕ေပၚတြင္ ေ႐ြးေကာက္ပြဲလုပ္မည္ေလာ၊ သို႔မဟုတ္ နယ္ေျမရွင္းလင္းမႈကို တြန္းလုပ္သြားမည္ေလာ ဆို သည့္အခ်က္မွာလည္း စိတ္ဝင္စားဖြယ္ ေကာင္းသည္။ 
ၿမိဳ႕ေတာ္လြိဳင္ေကာ္အထိ သူပုန္မ်ား ေရာက္လာခဲ့ဖူး ေသာ ကယားျပည္နယ္တြင္ ျပည္သူ႔လႊတ္ေတာ္ မဲ ဆႏၵနယ္ (၇) နယ္၊ အမ်ိဳးသားလႊတ္ေတာ္ FPTP မဲဆႏၵနယ္ (၆) နယ္၊ PR မဲဆႏၵနယ္ (၁) နယ္၊ ျပည္ နယ္လႊတ္ေတာ္ FPTP မဲဆႏၵနယ္ (၇) နယ္၊ PR မဲဆႏၵနယ္ (၁) နယ္တို႔ရွိရာ မယ္စဲ့ ဖားေဆာင္း၊ ရွား ေတာၿမိဳ႕နယ္တို႔ကို ေ႐ြးေကာက္ပြဲတြင္ ခ်န္လွပ္ခဲ့ သည္။ မယ္စဲ့ၿမိဳ႕ႏွင့္ ရွားေတာၿမိဳ႕မွာ လက္နက္ကိုင္မ်ား လက္တြင္း ရွိေနၿပီး ဖားေဆာင္းၿမိဳ႕တြင္မူ တပ္မေတာ္ ႏွင့္ လက္နက္ကိုင္မ်ားအၾကား တိုက္ပြဲျဖစ္ေနသည္။ 
 ေ႐ြးေကာက္ပြဲ အပိုင္း (၁) တြင္ ကယားျပည္နယ္မွ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ ေဘာလ္ခဲၿမိဳ႕တို႔ပါဝင္ၿပီး မၾကာ ေသးမီကာလတြင္ တပ္မေတာ္က ျပန္လည္သိမ္းပိုက္ ႏိုင္ခဲ့ေသာ ဒီးေမာ့ဆိုၿမိဳ႕တြင္ တပ္မေတာ္ႏွင့္ လက္ နက္ကိုင္မ်ားအၾကား ထိေတြ႕တိုက္ပြဲ ရွိေနေသးေသာ္ လည္း တပ္မေတာ္က အသာရေနရသည့္အျပင္ တဖက္လက္နက္ကိုင္တို႔ဘက္တြင္ ခဲယမ္း ရွားပါးေန ေၾကာင္း သတင္းထြက္ေနရာ ယင္းျပည္နယ္မွ က်န္ ၿမိဳ႕မ်ားတြင္ ေ႐ြးေကာက္ပြဲလုပ္ရန္ အစိုးရက ဖိၿပီး         ပိုမိုအားထည့္လာႏိုင္မည္ျဖစ္သည္။ 
	ခ်င္းျပည္နယ္တြင္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵ နယ္ (၉) နယ္၊ အမ်ိဳးသားလႊတ္ေတာ္ FPTP  မဲဆႏၵ နယ္ (၆) နယ္၊ PR မဲဆႏၵနယ္ (၁) နယ္၊ ျပည္နယ္ လႊတ္ေတာ္အတြက္ FPTP  မဲဆႏၵနယ္ (၉) နယ္၊ PR မဲဆႏၵနယ္ (၁) နယ္ ျဖစ္သည္။ ယင္းျပည္နယ္မွ ၿမိဳ႕ နယ္ (၄) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲလုပ္မည္ မဟုတ္ ေပ။ ေ႐ြးေကာက္ပြဲ အပိုင္း (၁) တြင္ ခ်င္းျပည္နယ္မွ ၿမိဳ႕ေတာ္ဟားခါး ႏွင့္ တီးတိန္ၿမိဳ႕တို႔ ပါဝင္ရာ ထန္တ လန္ၿမိဳ႕၊ တြန္းဇံၿမိဳ႕ႏွင့္ဖလမ္းၿမိဳ႕တြင္သာ ေ႐ြးေကာက္ ပြဲလုပ္ရန္ လ်ာထားသည့္သေဘာျဖစ္သည္။ ယခု သတင္းေရးသားခ်ိန္ စက္တင္ဘာလ (၁၇) ရက္ ကာလတြင္ ဖလမ္းၿမိဳ႕ကို ခ်င္းလက္နက္ကိုင္အဖြဲ႕ ျဖစ္ေသာ CB ႏွင့္ ပူးေပါင္းအဖြဲ႕က တိုက္ခိုက္ေန ေၾကာင္း သိရသည္။ 
	စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ (၃၇) နယ္၊ အမ်ိဳးသားလႊတ္ေတာ္  FPTP မဲဆႏၵနယ္ (၆) နယ္၊ PR  မဲဆႏၵနယ္ (၂) နယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ FPTP မဲဆႏၵနယ္ (၃၇) နယ္၊ PR  မဲဆႏၵနယ္ (၃) နယ္ရွိရာ (၁၀) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲလုပ္မည္ မဟုတ္ေပ။ ယင္းတိုင္း ေဒသ ႀကီးတြင္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ တစ္ခုလုံး ေ႐ြးေကာက္ပြဲလုပ္မည္ျဖစ္ၿပီး က်န္ၿမိဳ႕နယ္မ်ား အ နက္ ဆားလင္းႀကီး၊ ေ႐ႊဘို၊ ကနီ၊ ကန႔္ဘလူကဲ့သို႔ လက္နက္ကိုင္မ်ားက နယ္ဘက္ေဒသတြင္ ရွိေန ေသာၿမိဳ႕နယ္မ်ားတြင္ပါ ေ႐ြးေကာက္ပြဲလုပ္မည့္ သေဘာျဖစ္သည္။ မလုပ္ေသာ ၿမိဳ႕နယ္မ်ားထဲတြင္ ထီးခ်ိဳင့္၊ ဒီပဲယင္း၊ ယင္းမာပင္ကဲ့သို႔ ၿမိဳ႕မ်ား ပါဝင္ သည္။ NP News မွ စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရ စစ္ကိုင္းတိုင္းေဒသႀကီး တြင္ တပ္မေတာ္က အသာစီးရေနရာ ေ႐ြးေကာက္ပြဲ က်င္းပမည့္ၿမိဳ႕နယ္မ်ားတြင္ ပိုမိုအားစိုက္ဖြယ္ ရွိ သည္။ လက္ရွိတြင္လည္း ေျမျပင္တြင္ ထိုးစစ္မ်ား ေဆာင္႐ြက္ေနသည္။ 
	မေကြးတိုင္းေဒသႀကီးတြင္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ (၂၅) ၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္  FPTP မဲဆႏၵနယ္ (၆) နယ္၊ PR မဲဆႏၵနယ္ (၂) နယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ FPTP  မဲဆႏၵနယ္ (၂၅) နယ္ ၊ PR မဲဆႏၵနယ္ (၄) နယ္ရွိရာ လက္နက္ ကိုင္မ်ား၏ သူပုန္ထမႈေၾကာင့္ မၾကာခဏ အြန္လိုင္း စာမ်က္ႏွာမ်ားထက္တြင္ ေတြ႕ရတတ္ေသာ ေပါက္၊ ၿမိဳင္၊ ေရစႀကိဳ အပါအဝင္ ၿမိဳ႕နယ္ (၅) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲလုပ္မည္ မဟုတ္ေပ။ သို႔ေသာ္ ငဖဲ၊ ေစတုတၱရာ၊ ပြင့္ျဖဴ၊ ဆိပ္ျဖဴကဲ့သို႔ လက္နက္ကိုင္မ်ား တိုက္ပြဲေဖာ္တတ္ေသာၿမိဳ႕နယ္မ်ားတြင္ ေ႐ြးေကာက္ပြဲ လုပ္မည္ဟု ဆိုႏိုင္ေလရာ ယင္းၿမိဳ႕နယ္မ်ားကို ပိုမို အားစိုက္ေတာ့မည္ဟု ယူဆရသည္။ NP News က ေမးျမန္းခ်က္အရ ေ႐ြးေကာက္ပြဲ လုပ္မည့္စာရင္းမွ ခ်န္လွပ္ထားေသာ ေပါက္ၿမိဳ႕နယ္ ဘက္တြင္ PDF တို႔ အားေလ်ာ့လာေနၿပီး ျပည္သူ႔စစ္ အတြင္း ဝင္ေရာက္သူ မ်ားေနေၾကာင္း သိရသည္။ 
	မႏၲေလးတိုင္းေဒသႀကီးတြင္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ (၂၈) နယ္၊ အမ်ိဳးသားလႊတ္ေတာ္  FPTP မဲဆႏၵနယ္ (၆) နယ္၊ PR  မဲဆႏၵနယ္ (၃) နယ္၊ တိုင္း ေဒသႀကီးလႊတ္ေတာ္ FPTP(၂၈) နယ္၊ PR မဲ ဆႏၵနယ္ (၅) နယ္ရွိရာ (၃) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ ပြဲလုပ္မည္ မဟုတ္ေပ။ ယင္းတို႔မွာ ႏြားထိုးႀကီး၊ စဥ့္ ကူး၊ မိုးကုတ္ၿမိဳ႕နယ္တို႔ ျဖစ္သည္။ မိုးကုတ္တြင္ TNLA  တို႔ ရွိၿပီး စဥ့္ကူးသည္ MDY PDF အပါ အဝင္ ယင္း၏ ပူးေပါင္းလက္နက္ကိုင္အဖြဲ႕တို႔ ရွိ သည္။ ႏြားထိုးႀကီးၿမိဳ႕တြင္လည္း အျမန္လမ္းေပၚ တက္လာတတ္ေသာ PDF တို႔ ရွိေနသည္။ 
	သို႔ေသာ္ ယင္းအဖြဲ႕တို႔ကို အခ်ိန္ယူ ရွင္းလင္း မည့္သေဘာရွိၿပီး စဥ့္ကူးကိုလည္း တပ္မေတာ္က ဝိုင္းပတ္ထားႏိုင္ေသာ အေျခအေနျဖစ္ကာ မိုးကုတ္ ၿမိဳ႕ကို ျပန္လည္ရယူရန္ အေနအထားမ်ားကိုလည္း ေတြ႕ျမင္ေနရသည္။ ထူးျခားခ်က္အေနျဖင့္ ရခိုင္ျပည္ နယ္တြင္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ (၁၇) ၿမိဳ႕ နယ္၊ အမ်ိဳးသားလႊတ္ေတာ္ FPTP မဲဆႏၵနယ္ (၆) နယ္၊ PR  မဲဆႏၵနယ္ (၂) နယ္၊ ျပည္နယ္လႊတ္ေတာ္ FPTP မဲဆႏၵနယ္ (၁၇) နယ္၊ PR မဲဆႏၵနယ္ (၂)နယ္ ရွိသည့္အနက္ (၁၀) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲ လုပ္မည္ မဟုတ္ေပ။ ေ႐ြးေကာက္ပြဲ အပိုင္း (၁) တြင္ စစ္ေတြ၊ ေက်ာက္ျဖဴႏွင့္ မာန္ေအာင္တို႔၌ ေ႐ြး ေကာက္ပြဲလုပ္မည္ျဖစ္ၿပီး AA ထိန္းခ်ဳပ္ရာ (၁၄) ၿမိဳ႕နယ္ထဲမွ (၁၀) ၿမိဳ႕နယ္ကို ေ႐ြးေကာက္ပြဲမွ ခ်န္ လွပ္ေသာ္လည္း အမ္း၊ ေတာင္ကုတ္၊ သံတြဲ ႏွင့္ ဂြ တို႔ကို ယင္းစာရင္းတြင္ မထည့္ထားေသာေၾကာင့္ တပ္မေတာ္မွ ဦးစားေပး ျပန္လည္သိမ္းယူမည့္ သေဘာလားဟု ေစာင့္ၾကည့္ရမည္ ျဖစ္သည္။ 
	ရွမ္းျပည္နယ္တြင္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵ နယ္ (၅၅) နယ္၊ အမ်ိဳးသားလႊတ္ေတာ္ FPTP မဲဆႏၵနယ္ (၆) နယ္၊ PR မဲဆႏၵနယ္ (၃) နယ္၊ ျပည္ နယ္လႊတ္ေတာ္ FPTP မဲဆႏၵနယ္ (၅၅) နယ္၊ PR  (၂)နယ္ရွိသည့္အနက္ (၁၇)ၿမိဳ႕နယ္တြင္ေ႐ြးေကာက္ ပြဲ မလုပ္ေၾကာင္းေတြ႕ျမင္ရသည္။ ယင္းၿမိဳ႕မ်ားထဲ တြင္ 'ဝ' ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ ပေလာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ကိုးကန႔္ ကိုယ္ပိုင္ အုပ္ ခ်ဳပ္ခြင့္ရေဒသ ႏွင့္ မိုင္းလား ကိုယ္ပိုင္အုပ္ခ်ဳပ္ရ ေဒသတို႔မွ ၿမိဳ႕မ်ား ပါဝင္သည္။ ထို႔ျပင္ လက္ရွိ ကိုး ကန႔္ ႏွင့္ ပေလာင္ လက္နက္ကိုင္အဖြဲ႕တို႔ ထိန္းခ်ဳပ္ ထားေသာၿမိဳ႕အခ်ိဳ႕လည္း ယင္းတြင္ ထည့္သြင္းထား သည္။ သို႔ေသာ္ လက္ရွိတပ္မေတာ္၏ ထိုးစစ္ေအာင္ ျမင္ေနေသာ ပေလာင္တပ္ဖြဲ႕ ထိန္းခ်ဳပ္ထားသည့္ ေက်ာက္မဲၿမိဳ႕ႏွင့္ သီေပါၿမိဳ႕ကို ထည့္သြင္းမထားေသာ ေၾကာင့္ ယင္း (၂) ၿမိဳ႕ကို ေ႐ြးေကာက္ပြဲ မတိုင္မီ အရ ယူမည္ေလာဟုလည္း သုံးသပ္ရသည္။ ေျမျပင္တြင္ လည္း ျပန္လည္ရယူႏိုင္ေတာ့မည္အေျခအေနဟု သတင္းရင္းျမစ္မ်ားက ဆိုသည္။ 
	အတည္မျပဳႏိုင္ေသာ္လည္း ထြက္ေပၚေနေသာ သတင္းမ်ားအရ ကိုးကန႔္ တပ္ဖြဲ႕ သိႏၷီမွ ဆုတ္မည္ဟု ေျပာေနၾကသည္။ ထို႔ျပင္ ေဆာင္းပါးတြင္ ေဖာ္ျပခဲ့ သည့္အတိုင္း တပ္မေတာ္ဘက္က ျပန္လည္သိမ္းယူ မည့္ အျခားၿမိဳ႕မ်ားလည္း ရွိလာမည္ျဖစ္သည္။ ယခု လအတြင္း ျပဳလုပ္ခဲ့ေသာ UEC  ၏သတင္းစာရွင္း လင္းပြဲတြင္ လက္နက္ကိုင္တို႔ေအာက္ ေရာက္ခဲ့ေသာ ၿမိဳ႕မ်ားကို ျပန္လည္ရရွိၿပီးပါက ၾကားျဖတ္ေ႐ြးေကာက္ ပြဲ လုပ္ႏိုင္ေၾကာင္း မီဒီယာမ်ားကို UEC  ဘက္က ေျပာၾကားထားရာ ေ႐ြးေကာက္ပြဲလြန္ကာလတြင္ နယ္ေျမရွင္းလင္းၿပီးေသာ ၿမိဳ႕နယ္မ်ားအတြက္ ၾကားျဖတ္ ေ႐ြးေကာက္ပြဲ ထပ္မံေပၚေပါက္လာဖြယ္ရွိေနသည္။ 
	(၂ဝ၂၅) ခုႏွစ္ ေ႐ြးေကာက္ပြဲကို ျပဳလုပ္ၿပီးေသာ ျမန္မာႏိုင္ငံမွ အျခားေ႐ြးေကာက္ပြဲမ်ားႏွင့္ ႏႈိင္းယွဥ္ စဥ္းစားမည္ဆိုပါက ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ ျဖင့္ပင္ အၾကမ္းဖ်င္း တြက္ၾကည့္ႏိုင္သည္။ မဲဆႏၵ နယ္ေပါင္း (၃၃၀) အနက္ (၂၇၄) နယ္တြင္ က်င္းပ မည္ျဖစ္သည္။ ေ႐ြးေကာက္ပြဲအပိုင္း (၁) တြင္ ၿမိဳ႕ နယ္ (၁၀၂) ၿမိဳ႕နယ္၌ က်င္းပမည္ျဖစ္ၿပီး က်န္ ၿမိဳ႕ နယ္ (၁၇၂) ၿမိဳ႕နယ္ ကို အပိုင္းလိုက္ က်င္းပသြားမည္ ျဖစ္သည္။ မၾကာေသးသည့္ ဆယ္စုႏွစ္မ်ားရဲ႕ ေ႐ြး ေကာက္ပြဲသမိုင္းတြင္ (၂၀၁၀) ျပည့္ႏွစ္က ၿမိဳ႕နယ္ (၃၃၀) အနက္ (၃၂၅) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲ က်င္းပခဲ့ၿပီး (၂၀၁၅) ခုႏွစ္က ၿမိဳ႕နယ္ (၃၃၀) အနက္ (၃၂၃) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲ က်င္းပခဲ့ကာ (၂၀၂၀) ျပည့္ႏွစ္တြင္ ၿမိဳ႕နယ္ (၃၃၀) အနက္ (၃၁၅) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲ က်င္းပခဲ့သည္။ ထို႔ေၾကာင့္ ယခုတစ္ႀကိမ္ ေ႐ြးေကာက္ပြဲႏွင့္ယွဥ္လွ်င္ မႈအေရအတြက္ မ်ားစြာကြာျခားျခင္းမရွိေပ။ သို႔ေသာ္ နယ္ေျမ အေျခအေနႏွင့္ လုံၿခဳံမႈမွာမူ ဆက္လက္        ေစာင့္ၾကည့္ရမည္ျဖစ္သည္။