ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ နိုင်ငံအားလုံးကို ဆော်ဒီအာရေးဗျအစိုးရတိုက်တွန်း

 102

Pika (NP News) - စက်တင်ဘာ ၂၄
ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ နိုင်ငံအားလုံးကို ဆော်ဒီအာရေးဗျနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်က ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိမှတ်ပြုခဲ့ ပြီးနောက် Faisal bin Farhan ရဲ့တိုက်တွန်းချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
Faisal bin Farhan က “နှစ်နိုင်ငံဖြေရှင်းချက်ကို အကောင်အထည်ဖော်ရေးဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးပေးမယ့် အလားတူခြေလှမ်းတွေကို လုပ်ဆောင်ကြဖို့ နိုင်ငံတွေအားလုံးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ပြောခဲ့ပါတယ်။
Faisal bin Farhan ဟာ နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ နှစ်နိုင်ငံဖြေရှင်းချက် အကောင်အထည်ဖော်မှုဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်ညီလာခံမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါ့ပြင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့တဲ့ ပြင်သစ်ရဲ့သမိုင်းဝင်ရပ်တည်ချက်ဟာ ပါလက်စတိုင်းပြည်သူတွေကို တရားမျှတမှု‌ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဆန္ဒတွေကို ထင်ဟပ်စေတယ်လို့ Faisal bin Farhan က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ရေး အပါအဝင် နှစ်နိုင်ငံဖြေရှင်းချက် အကောင်အထည် ဖော်မှုဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်ညီလာခံမှာ ရလဒ်တွေကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဆော်ဒီအာရေးဗျနိုင်ငံက စိတ်အားထက်သန်စွာလုပ်ဆောင်သွားမယ်လို့လည်း Faisal bin Farhan က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳဖို႔ ႏိုင္ငံအားလုံးကို ေဆာ္ဒီအာေရးဗ်အစိုးရတိုက္တြန္း
Pika (NP News) - စက္တင္ဘာ ၂၄
ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳဖို႔ ႏိုင္ငံအားလုံးကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံျခားေရးဝန္ႀကီး Faisal bin Farhan က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ ျပင္သစ္က ပါလက္စတိုင္းႏိုင္ငံအျဖစ္ တရားဝင္အသိမွတ္ျပဳခဲ့ ၿပီးေနာက္ Faisal bin Farhan ရဲ႕တိုက္တြန္းခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
Faisal bin Farhan က “ႏွစ္ႏိုင္ငံေျဖရွင္းခ်က္ကို အေကာင္အထည္ေဖာ္ေရးဆိုင္ရာႀကိဳးပမ္းအားထုတ္မႈေတြကို ပံ့ပိုးေပးမယ့္ အလားတူေျခလွမ္းေတြကို လုပ္ေဆာင္ၾကဖို႔ ႏိုင္ငံေတြအားလုံးကို ကြၽန္ေတာ္တို႔ တိုက္တြန္းပါတယ္” လို႔ ေျပာခဲ့ပါတယ္။
Faisal bin Farhan ဟာ နယူးေယာက္ၿမိဳ႕မွာက်င္းပခဲ့တဲ့ ႏွစ္ႏိုင္ငံေျဖရွင္းခ်က္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ႏိုင္ငံတကာအဆင့္ျမင့္ညီလာခံမွာ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ ဒါ့ျပင္ ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳခဲ့တဲ့ ျပင္သစ္ရဲ႕သမိုင္းဝင္ရပ္တည္ခ်က္ဟာ ပါလက္စတိုင္းျပည္သူေတြကို တရားမွ်တမႈ‌ေပးဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ဆႏၵေတြကို ထင္ဟပ္ေစတယ္လို႔ Faisal bin Farhan က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ေရး အပါအဝင္ ႏွစ္ႏိုင္ငံေျဖရွင္းခ်က္ အေကာင္အထည္ ေဖာ္မႈဆိုင္ရာ ႏိုင္ငံတကာအဆင့္ျမင့္ညီလာခံမွာ ရလဒ္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံက စိတ္အားထက္သန္စြာလုပ္ေဆာင္သြားမယ္လို႔လည္း Faisal bin Farhan က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.