ပဲခူးနှင့် တနင်္သာရီမှ PDF (၄)ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

 60

သန့်ဇင် (NP News) - စက်တင်ဘာ ၂၄
ပဲခူးတိုင်း‌ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ PDF အဖွဲ့ဝင်(၄)ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် (၄) ဦးသည် ပဲခူးတိုင်းဒေသ ကြီး၊ မင်းလှမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးတို့ဖြစ်ပြီး ယနေ့(စက်တင်ဘာ ၂၄ ရက်)တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြခြင်းဖြစ်‌ေကြာင်း သိရသည်။
ထို့ပြင် ၎င်းတို့(၄)ဦးနှင့်အတူ MA-1 ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၇၁ တောင့်၊ RPG ၁ လက်၊ Type-79 ၁ လက်၊ RPG ဗုံးသီး ၃လုံး၊ ၄၀မမ ဗုံးသီး ၁ လုံးတို့လည်းပါရှိလာရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က လက်ခံရယူ၍ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ရောက်ရှိနေသော PDF အမည်ခံ အဖွဲ့ဝင်များသည် အတင်း အဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် စသည့်အကြောင်းအရာများကြောင့် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာ ကြသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးခဲ့‌‌ေကြာင်း သိရသည်

Zawgyi Version:
ပဲခူးႏွင့္ တနသၤာရီမွ PDF (၄)ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၄
ပဲခူးတိုင္း‌ေဒသႀကီးႏွင့္ တနသၤာရီတိုင္းေဒသႀကီးမွ PDF အဖြဲ႕ဝင္(၄)ဦးသည္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္။
အဆိုပါ PDF အမည္ခံအဖြဲ႕မွ အဖြဲ႕ဝင္ (၄) ဦးသည္ ပဲခူးတိုင္းေဒသ ႀကီး၊ မင္းလွၿမိဳ႕နယ္ႏွင့္ ထန္းတပင္ၿမိဳ႕နယ္တို႔မွ PDF အဖြဲ႕ဝင္ အမ်ိဳးသား ၂ ဦး၊ တနသၤာရီတိုင္းေဒသႀကီး၊ သရက္ေခ်ာင္းၿမိဳ႕နယ္မွ PDF အဖြဲ႕ဝင္ အမ်ိဳးသား ၂ ဦးတို႔ျဖစ္ၿပီး ယေန႔(စက္တင္ဘာ ၂၄ ရက္)တြင္ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာၾကျခင္းျဖစ္‌ေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔(၄)ဦးႏွင့္အတူ MA-1 ၁ လက္၊ ၎က်ည္အိမ္ ၃ ခု၊ ၎က်ည္ ၇၁ ေတာင့္၊ RPG ၁ လက္၊ Type-79 ၁ လက္၊ RPG ဗုံးသီး ၃လုံး၊ ၄၀မမ ဗုံးသီး ၁ လုံးတို႔လည္းပါရွိလာရာ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္တိုင္းမႉးတို႔က လက္ခံရယူ၍ ဂုဏ္ျပဳဆုေငြမ်ားေပးအပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဥပေဒေဘာင္အတြင္းသို႔ဝင္ေရာက္လာၾကသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားထံ ေရာက္ရွိေနေသာ PDF အမည္ခံ အဖြဲ႕ဝင္မ်ားသည္ အတင္း အဓမၼစုေဆာင္းခံၾကရျခင္း၊ အၾကမ္းဖက္အဖြဲ႕မ်ား၏ အက်ိဳးစီးပြားအတြက္ အျပစ္မဲ့ျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ၿခိမ္းေျခာက္၊ ဖမ္းဆီး၊ သတ္ျဖတ္ျခင္းႏွင့္ တပ္မေတာ္၏ တိုက္စစ္ကို ခုခံႏိုင္ေတာ့ ျခင္းမရွိဘဲ စိတ္ဓာတ္က်ဆင္းလာျခင္းတို႔အျပင္ စသည့္အေၾကာင္းအရာမ်ားေၾကာင့္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ယုံၾကည္လက္ခံၿပီး ဥပေဒေဘာင္အတြင္း ၿငိမ္းခ်မ္းစြာ ေနထိုင္၍ ၎တို႔ေၾကာင့္ နစ္နာဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ရသည့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူ လူထုအတြက္ ျပန္လည္အက်ိဳးျပဳလိုျခင္းတို႔ေၾကာင့္ လက္နက္ကိုင္ လမ္းစဥ္အားစြန႔္လႊတ္၍ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ တာဝန္ရွိသူမ်ားက ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာ ၾကသူမ်ားအား ဝန္ခံကတိလက္မွတ္ေရးထိုးေစၿပီး မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္ လႊဲေျပာင္းအပ္ႏွံေပးခဲ့‌‌ေၾကာင္း သိရသည္

Related news

© 2021. All rights reserved.