နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်ဒိုနီးရှားနိုင်ငံရှိ တွန်ဟွန်စျေးမှာ ခွေးသား၊ ကြောင်သား ရောင်းဝယ်မှု တားမြစ်ထား

3070
ရောင်နီ (NP News) - ဇူလိုင် ၂၄
တိရိစ္ဆာန်တွေကို လူမြင်ကွင်းမှာပဲ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်း၊ ထုရိုက်သတ်ခြင်းစတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အင်ဒိုနီးရှားနိုင်ငံရှိ တွန်ဟွန်စျေးမှာ ခွေးသားနဲ့ကြောင်သား ရောင်းဝယ်ခြင်းကို တာဝန်ရှိသူတွေက သောကြာနေ့ (ဇူလိုင်လ ၂၁ ရက်)မှာ တားမြစ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝှမ်းရှိ တိရိစ္ဆာန်ချစ်သူတွေအတွက် အောင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။

မြောက်ဆူလာဝေစီပြည်နယ်ရှိ တွန်ဟွန်စျေးမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ တားမြစ်ပိတ်ပင်မှုဟာ နိုင်ငံအတွင်း နေထိုင်တဲ့ မွတ်စလင်အများစု ခွေးသားမစားတဲ့တိုင် တစ်နှစ်ကို ခွေးနဲ့ကြောင် တစ်သန်းခန့် အသတ်ခံနေရတဲ့ အင်ဒိုနီးရှားအတွက် ပထမဆုံး တားမြစ်ပိတ်ပင်မှုပဲ ဖြစ်ပါတယ်။ ခွေးနဲ့ကြောင်သားစားခြင်းဟာ မြောက်ဆူလာဝီမှာ အကြီးဆုံး လူမျိုးစုဖြစ်တဲ့ မီနာဟာဆာ လူမျိုး၊ ဘိုးဘေးတွေရဲ့ အစဉ်အလာတစ်ခုဖြစ်ပြီး တွန်ဟွန်တာဝန်ရှိသူတွေက ဒေသခံတွေ ခွေးအသားစားခြင်းရဲ့ ကျန်းမာရေး အန္တရာယ်တွေကို အသိပညာပေးနိုဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
"တွန်ဟွန်ဟာ ခွေးနဲ့ ကြောင်တွေ ရောင်းဝယ်ဖောက်ကားမှုကနေ လုံးဝကင်းစင်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ တွန်ဟွန်မှာ ခွေးတွေနဲ့ ကြောင်တွေကို စိတ်ဝင်စားမှု လျှော့ချဖို့ ဈေးကွက်ထဲက သူတို့ရဲ့ရောင်းအားကို ရပ်တန့်လိုက်ပြီ ဖြစ်လို့ပါ" လို့ တွန်အိုဟုန်မြို့ အတွင်းရေးမှူး မစ္စတာအက်ဝင်ရောရင်းက ပြောပါတယ်။
တားမြစ်ချက်ကို ချိုးဖောက်သူ ဘယ်သူမဆို ဥပဒေအရ အရေးယူဒဏ်ခတ်မှုခံရမှာဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ခွေးနဲ့ကြောင်သား ကုန်သည်ဟောင်းတွေအတွက် အစားထိုး အသက်မွေးဝမ်းကြောင်း ပံ့ပိုးပေးမှာဖြစ်တယ်လို့ မစ္စတာရောရင်း က ပြောကြားပါတယ်။ ၂၀၂၁ ခုနှစ် စစ်တမ်းတစ်ခုအရ အင်ဒိုနီးရှားနိုင်ငံသား ၉၃ ရာခိုင်နှုန်းက ခွေးသားစားခွင့် ပိတ်ပင်ချက်ကို ထောက်ခံခဲ့ပြီး လူဦးရေရဲ့ ၄.၅ ရာခိုင်နှုန်းကသာ အဲဒီအသားကို စားဖူးကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း တစ်ပတ်ကို ခွေးနဲ့ ကြောင် အကောင်ရေ ၂၀၀၀၀ ကျော်ခန့်ကတော့ သတ်ဖြတ်ခံရလျက် ရှိပါတယ်။

zawgyi version
နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ အင္ဒိုနီးရွားႏိုင္ငံရွိ တြန္ဟြန္ေစ်းမွာ ေခြးသား၊ ေၾကာင္သား ေရာင္းဝယ္မႈ တားျမစ္ထား
ေရာင္နီ (NP News) - ဇူလိုင္ ၂၄
တိရိစာၦန္ေတြကို လူျမင္ကြင္းမွာပဲ အရွင္လတ္လတ္မီးရႈိ႕သတ္ျဖတ္ျခင္း၊ ထု႐ိုက္သတ္ျခင္းစတဲ့ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားေနတဲ့ အင္ဒိုနီးရွားႏိုင္ငံရွိ တြန္ဟြန္ေစ်းမွာ ေခြးသားနဲ႔ေၾကာင္သား ေရာင္းဝယ္ျခင္းကို တာဝန္ရွိသူေတြက ေသာၾကာေန႔ (ဇူလိုင္လ ၂၁ ရက္)မွာ တားျမစ္ခဲ့ပါတယ္။ ဒါဟာ ကမာၻတစ္ဝွမ္းရွိ တိရိစာၦန္ခ်စ္သူေတြအတြက္ ေအာင္ပြဲတစ္ခု ျဖစ္လာခဲ့ပါတယ္။
ေျမာက္ဆူလာေဝစီျပည္နယ္ရွိ တြန္ဟြန္ေစ်းမွာ ျပဳလုပ္ခဲ့တဲ့ အဆိုပါ တားျမစ္ပိတ္ပင္မႈဟာ ႏိုင္ငံအတြင္း ေနထိုင္တဲ့ မြတ္စလင္အမ်ားစု ေခြးသားမစားတဲ့တိုင္ တစ္ႏွစ္ကို ေခြးနဲ႔ေၾကာင္ တစ္သန္းခန႔္ အသတ္ခံေနရတဲ့ အင္ဒိုနီးရွားအတြက္ ပထမဆုံး တားျမစ္ပိတ္ပင္မႈပဲ ျဖစ္ပါတယ္။ ေခြးနဲ႔ေၾကာင္သားစားျခင္းဟာ ေျမာက္ဆူလာဝီမွာ အႀကီးဆုံး လူမ်ိဳးစုျဖစ္တဲ့ မီနာဟာဆာ လူမ်ိဳး၊ ဘိုးေဘးေတြရဲ႕ အစဥ္အလာတစ္ခုျဖစ္ၿပီး တြန္ဟြန္တာဝန္ရွိသူေတြက ေဒသခံေတြ ေခြးအသားစားျခင္းရဲ႕ က်န္းမာေရး အႏၲရာယ္ေတြကို အသိပညာေပးႏိုဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။
"တြန္ဟြန္ဟာ ေခြးနဲ႔ ေၾကာင္ေတြ ေရာင္းဝယ္ေဖာက္ကားမႈကေန လုံးဝကင္းစင္ႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ တြန္ဟြန္မွာ ေခြးေတြနဲ႔ ေၾကာင္ေတြကို စိတ္ဝင္စားမႈ ေလွ်ာ့ခ်ဖို႔ ေဈးကြက္ထဲက သူတို႔ရဲ႕ေရာင္းအားကို ရပ္တန႔္လိုက္ၿပီ ျဖစ္လို႔ပါ" လို႔ တြန္အိုဟုန္ၿမိဳ႕ အတြင္းေရးမႉး မစၥတာအက္ဝင္ေရာရင္းက ေျပာပါတယ္။
တားျမစ္ခ်က္ကို ခ်ိဳးေဖာက္သူ ဘယ္သူမဆို ဥပေဒအရ အေရးယူဒဏ္ခတ္မႈခံရမွာျဖစ္ၿပီး ေဒသဆိုင္ရာ အာဏာပိုင္ေတြက ေခြးနဲ႔ေၾကာင္သား ကုန္သည္ေဟာင္းေတြအတြက္ အစားထိုး အသက္ေမြးဝမ္းေၾကာင္း ပံ့ပိုးေပးမွာျဖစ္တယ္လို႔ မစၥတာေရာရင္း က ေျပာၾကားပါတယ္။ ၂၀၂၁ ခုႏွစ္ စစ္တမ္းတစ္ခုအရ အင္ဒိုနီးရွားႏိုင္ငံသား ၉၃ ရာခိုင္ႏႈန္းက ေခြးသားစားခြင့္ ပိတ္ပင္ခ်က္ကို ေထာက္ခံခဲ့ၿပီး လူဦးေရရဲ႕ ၄.၅ ရာခိုင္ႏႈန္းကသာ အဲဒီအသားကို စားဖူးေၾကာင္း သိရပါတယ္။ ဒါေပမယ့္လည္း တစ္ပတ္ကို ေခြးနဲ႔ ေၾကာင္ အေကာင္ေရ ၂၀၀၀၀ ေက်ာ္ခန္႔ကေတာ့ သတ္ျဖတ္ခံရလ်က္ ရွိပါတယ္။