လော့စ်အိန်ဂျလိစ်မြို့တွင် အာရှတိုက်သားများအပေါ်မုန်တီးသော ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း (၃၇၁)ရာခိုင်နှုန်းထိ မြင့်တက်လာ

1400

Pika (NP News) - ဇူလိုင် ၂၉
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် အာရှတိုက်သားများအပေါ် အမုန်းတရားထားမှု ပိုမိုမြင့်တက်လာခဲ့ ကြောင်း လော့စ်အိန်ဂျလိစ်ရဲဌာနက ထုတ်ပြန်ပြောခဲ့သည်။
လေ့စ်အိန်ဂျလိစ်မြို့တွင် အာရှတိုက်သားများအပေါ် မုန်းတီးမှုနှင့်ပတ်သက်သည့် ရာဇဝတ်မှုမှာ(၃၃)မှုရှိခဲ့ပြီး ကိုဗစ် (၁၉)ရောဂါမဖြစ်ပွားမီကာလ (၂ဝ၁၉)ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရာဇဝတ်မှု(၇)မှု နှင့် နှိုင်းယှဉ်မည်ဆိုပါက (၃၇၁)ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် အမုန်းတရားနှင့်ပတ်သက်သည့် ရာဇဝတ်မှုများမှာ ၂ဝ၂၂ ခုနှစ်တွင် (၁၅) ရာခိုင်နှုန်း တိုးလာကြောင်း လော့စ်အိန်ဂျလိစ်ရဲဌာနက ထုတ်ပြန်ခဲ့သည်။ လော့စ်အိန်ဂျလိစ်ရဲဌာန၏ ထုတ်ပြန်ချက်အရ ၂ဝ၂၁ ခုနှစ်တွင် အမုန်းတရားနှင့်ပတ်သက်သည့် ရာဇဝတ်မှုမှာ (၆၁ဝ) မှုသာ ရှိခဲ့သော်လည်း ၂ဝ၂၂ ခုနှစ်တွင် အမုန်းတရားနှင့်ပတ်သက်သည့် ရာဇဝတ်မှု(၇ဝ၁)မှုထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ(၇ဝ၁)မှုအနက် (၉ဝ)မှာ ဟစ်စပန်းနစ်မုန်တီးရေးရာဇဝတ်မှုများဖြစ်ပြီး ၂ဝ၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုထက် (၁၂)ရာခိုင်နှုန်း လျော့ကျသွားကြောင်းသိရသည်။ ထို့အပြင် လူမဲမုန်းတီးရေးရာဇဝတ်မှုမှာ (၁၈ဝ)မှုရှိခဲ့ပြီး (၂ဝ၂၁)ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက (၃၆)ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရသည်။
အစီရင်ခံစာအရ ဂျူးလူမျိုးများသည် ဘာသာရေးကဏ္ဍနှင့်ပတ်သက်သည့် အမုန်းတရားရာဇဝတ်မှုများဒဏ်ကို အခံရဆုံးသော အသိုင်းအဝိုင်းတစ်ခုဖြစ်ပြီး (၂ဝ၂၂)ခုနှစ်တွင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အမုန်းတရားရာဇဝတ်မှု (၈၉)မှု ရှိခဲ့ပြီး ၂ဝ၂၁ ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက (၂၄)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။ ထို့အပြင် လိင်တူ ချစ်သူများသည်လည်း လိင်တူစုံတွဲမုန်းတီးရေး ရာဇဝတ်မှုများဒဏ်ကို အခံရဆုံးသော အသိုင်းအဝိုင်းတစ်ခုဖြစ် ကြောင်းလည်း သိရသည်။
လိင်တူမုန်းတီးရေးရာဇဝတ်မှုများတွင် စော်ကားမှု၊ဖျက်ဆီးမှု နှင့် ခြိမ်းခြောက်မှုတို့ ပါဝင်ကြောင်း သိရသည်။ ၂ဝ၂၂ ခုနှစ်တွင် လိင်တူစုံတွဲမုန်းတီးရေးရာဇဝတ်မှုမှာ (၉၃)မှုရှိခဲ့ပြီး ၂ဝ၂၁ ခုနှစ် နှင့် နှိုင်းယှဉ်မည်ဆိုပါက (၉)ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။ အစီရင်ခံစာအရ ၂ဝ၂၂ ခုနှစ်တွင် လိင်ပြောင်းမုန်းတီးရေး ရာဇဝတ်မှုမှာ (၂၉)မှုရှိပြီး ၂ဝ၂၁ ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက (၅၃)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။ ၂ဝ၂၂ ခုနှစ်က လော့စ်အိန်ဂျလိစ်မြို့တွင် လမ်းဘေးဈေးသည်တစ်ဦးအပေါ် အမုန်းတရားနှင့်ပတ်သက်သည့် ရာဇဝတ်မှုတစ်ခုရှိ ခဲ့ပြီး ၂ဝ၂၁ ခုနှစ်တွင် (၂)မှုရှိခဲ့ကြောင်း သိရသည်။
LAPDသည် အဆိုပါအစီရင်ခံစာကို လော့စ်အိန်ဂျလိစ်မြို့တော်ကောင်စီ၏ အဆိုပြုချက်ဖြင့် ရဲကော်မရှင်ထံတင်ပြ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်မတ်လတွင် လော့စ်အိန်ဂျလိစ်မြို့ရဲကော်မရှင်သည် တောင်အမေရိက တိုက်သားနှင့် လမ်းဘေးဈေးသည်များအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းများအပါအဝင် မြို့တွင်းတွင် အမုန်းတရား ကြောင့်ဖြစ်ပွားသော ရာဇဝတ်မှုများနှင့်ပတ်သက်သည့် ဒေတာအချက်အလက်များကို ပေးအပ်ရန် LAPD ကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ အာရွတိုက္သားမ်ားအေပၚမုန္တီးေသာ ရာဇဝတ္မႈျဖစ္ပြားမႈႏႈန္း (၃၇၁)ရာခိုင္ႏႈန္းထိ ျမင့္တက္လာ
Pika (NP News) - ဇူလိုင္ ၂၉
အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ အာရွတိုက္သားမ်ားအေပၚ အမုန္းတရားထားမႈ ပိုမိုျမင့္တက္လာခဲ့ ေၾကာင္း ေလာ့စ္အိန္ဂ်လိစ္ရဲဌာနက ထုတ္ျပန္ေျပာခဲ့သည္။
ေလ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ အာရွတိုက္သားမ်ားအေပၚ မုန္းတီးမႈႏွင့္ပတ္သက္သည့္ ရာဇဝတ္မႈမွာ(၃၃)မႈရွိခဲ့ၿပီး ကိုဗစ္ (၁၉)ေရာဂါမျဖစ္ပြားမီကာလ (၂ဝ၁၉)ခုႏွစ္တြင္ျဖစ္ပြားခဲ့ေသာ ရာဇဝတ္မႈ(၇)မႈ ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၃၇၁)ရာခိုင္ႏႈန္း တိုးလာေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ အမုန္းတရားႏွင့္ပတ္သက္သည့္ ရာဇဝတ္မႈမ်ားမွာ ၂ဝ၂၂ ခုႏွစ္တြင္ (၁၅) ရာခိုင္ႏႈန္း တိုးလာေၾကာင္း ေလာ့စ္အိန္ဂ်လိစ္ရဲဌာနက ထုတ္ျပန္ခဲ့သည္။ ေလာ့စ္အိန္ဂ်လိစ္ရဲဌာန၏ ထုတ္ျပန္ခ်က္အရ ၂ဝ၂၁ ခုႏွစ္တြင္ အမုန္းတရားႏွင့္ပတ္သက္သည့္ ရာဇဝတ္မႈမွာ (၆၁ဝ) မႈသာ ရွိခဲ့ေသာ္လည္း ၂ဝ၂၂ ခုႏွစ္တြင္ အမုန္းတရားႏွင့္ပတ္သက္သည့္ ရာဇဝတ္မႈ(၇ဝ၁)မႈထိ ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
အဆိုပါ(၇ဝ၁)မႈအနက္ (၉ဝ)မွာ ဟစ္စပန္းနစ္မုန္တီးေရးရာဇဝတ္မႈမ်ားျဖစ္ၿပီး ၂ဝ၂၁ ခုႏွစ္တြင္ျဖစ္ပြားခဲ့သည့္ ရာဇဝတ္မႈထက္ (၁၂)ရာခိုင္ႏႈန္း ေလ်ာ့က်သြားေၾကာင္းသိရသည္။ ထို႔အျပင္ လူမဲမုန္းတီးေရးရာဇဝတ္မႈမွာ (၁၈ဝ)မႈရွိခဲ့ၿပီး (၂ဝ၂၁)ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၃၆)ရာခိုင္ႏႈန္းတိုးလာခဲ့ေၾကာင္း သိရသည္။
အစီရင္ခံစာအရ ဂ်ဴးလူမ်ိဳးမ်ားသည္ ဘာသာေရးက႑ႏွင့္ပတ္သက္သည့္ အမုန္းတရားရာဇဝတ္မႈမ်ားဒဏ္ကို အခံရဆုံးေသာ အသိုင္းအဝိုင္းတစ္ခုျဖစ္ၿပီး (၂ဝ၂၂)ခုႏွစ္တြင္ ကိုးကြယ္ယုံၾကည္မႈဆိုင္ရာ အမုန္းတရားရာဇဝတ္မႈ (၈၉)မႈ ရွိခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၂၄)ရာခိုင္ႏႈန္း တိုးလာခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ လိင္တူ ခ်စ္သူမ်ားသည္လည္း လိင္တူစုံတြဲမုန္းတီးေရး ရာဇဝတ္မႈမ်ားဒဏ္ကို အခံရဆုံးေသာ အသိုင္းအဝိုင္းတစ္ခုျဖစ္ ေၾကာင္းလည္း သိရသည္။
လိင္တူမုန္းတီးေရးရာဇဝတ္မႈမ်ားတြင္ ေစာ္ကားမႈ၊ဖ်က္ဆီးမႈ ႏွင့္ ၿခိမ္းေျခာက္မႈတို႔ ပါဝင္ေၾကာင္း သိရသည္။ ၂ဝ၂၂ ခုႏွစ္တြင္ လိင္တူစုံတြဲမုန္းတီးေရးရာဇဝတ္မႈမွာ (၉၃)မႈရွိခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္ ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၉)ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ေၾကာင္း သိရသည္။ အစီရင္ခံစာအရ ၂ဝ၂၂ ခုႏွစ္တြင္ လိင္ေျပာင္းမုန္းတီးေရး ရာဇဝတ္မႈမွာ (၂၉)မႈရွိၿပီး ၂ဝ၂၁ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၅၃)ရာခိုင္ႏႈန္း တိုးလာခဲ့ေၾကာင္း သိရသည္။ ၂ဝ၂၂ ခုႏွစ္က ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ လမ္းေဘးေဈးသည္တစ္ဦးအေပၚ အမုန္းတရားႏွင့္ပတ္သက္သည့္ ရာဇဝတ္မႈတစ္ခုရွိ ခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္တြင္ (၂)မႈရွိခဲ့ေၾကာင္း သိရသည္။
LAPDသည္ အဆိုပါအစီရင္ခံစာကို ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ေတာ္ေကာင္စီ၏ အဆိုျပဳခ်က္ျဖင့္ ရဲေကာ္မရွင္ထံတင္ျပ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္မတ္လတြင္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရဲေကာ္မရွင္သည္ ေတာင္အေမရိက တိုက္သားႏွင့္ လမ္းေဘးေဈးသည္မ်ားအေပၚ ရာဇဝတ္မႈက်ဴးလြန္ျခင္းမ်ားအပါအဝင္ ၿမိဳ႕တြင္းတြင္ အမုန္းတရား ေၾကာင့္ျဖစ္ပြားေသာ ရာဇဝတ္မႈမ်ားႏွင့္ပတ္သက္သည့္ ေဒတာအခ်က္အလက္မ်ားကို ေပးအပ္ရန္ LAPD ကို ၫႊန္ၾကားခဲ့ေၾကာင္း သိရသည္။