ဘီယာဆိုင်ထိုင်နေသည့် လူငယ်(၃)ဦးကို လူ(၈)ဦးပါသောအဖွဲ့က ဓားဖြင့်ဝင်ခုတ်မှု မန္တလေး၌ဖြစ်ပွား

1756
သန့်ဇင် (NP News) - ဇူလိုင် ၂၉
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဘီယာဆိုင်ထိုင်နေသည့် လူငယ်(၃)ဦးအား ဓားများကိုင်ဆောင်လာသည့်လူ(၈)ဦးက ဓားဖြင့်ဝင်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း ရွှေမဥ္ဇူ ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဓားခုတ်မှုဖြစ်စဉ်သည် ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်)၊ ည ၁၀ နာရီအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ X ၁၄၀ လမ်းရှိ ဘီယာဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လူငယ်(၃)ယောက်က ဘီယာထိုင်သောက်နေတာပါ။ အဲဒါကို လူ(၈)ယောက်ကဝင်ခုတ်သွားတာပါ။ ရန်ငြိုးရှိတာလားတော့မသိပါဘူး။ ပြောသံကြားတာတော့ လူမှားတာလို့ပြောပါတယ်”ဟု ရေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထိုသို့ ဓားဖြင့် အခုတ်ခံရသော လူငယ်(၃)ဦးအနက် (၂၂)အရွယ်အမျိုးသားတစ်ဦးမှာညတွင်းချင်းသေဆုံးသွားခဲ့ပြီး ကျန်(၂၃)နှစ်နှင့် (၂၈)နှစ်အရွယ် အမျိုးသား(၂)ဦးမှာ စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ခုတ်တဲ့လူက(၈)ယောက်ပေါ့။ အခုတ်ခံရတဲ့(၃)ယောက်ထဲက တစ်ယောက်ကညတွင်းချင်းဆုံးတယ်။ အသက်(၂၂)အရွယ်ပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါဓားခုတ်ခံရမှုကြောင့် သေဆုံးသွားခဲ့သော အမျိုးသားနှင့် ကျန်(၂)ဦးအား ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှကားဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဘီယာဆိုင္ထိုင္ေနသည့္ လူငယ္(၃)ဦးကို လူ(၈)ဦးပါေသာအဖြဲ႕က ဓားျဖင့္ဝင္ခုတ္မႈ မႏၲေလး၌ျဖစ္ပြား
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၉
မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ဘီယာဆိုင္ထိုင္ေနသည့္ လူငယ္(၃)ဦးအား ဓားမ်ားကိုင္ေဆာင္လာသည့္လူ(၈)ဦးက ဓားျဖင့္ဝင္ခုတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊမၪၨဴ ပရဟိတလူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါ ဓားခုတ္မႈျဖစ္စဥ္သည္ ယမန္ေန႔ (ဇူလိုင္လ ၂၈ ရက္)၊ ည ၁၀ နာရီအခ်ိန္ခန႔္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၂ X ၁၄၀ လမ္းရွိ ဘီယာဆိုင္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“လူငယ္(၃)ေယာက္က ဘီယာထိုင္ေသာက္ေနတာပါ။ အဲဒါကို လူ(၈)ေယာက္ကဝင္ခုတ္သြားတာပါ။ ရန္ၿငိဳးရွိတာလားေတာ့မသိပါဘူး။ ေျပာသံၾကားတာေတာ့ လူမွားတာလို႔ေျပာပါတယ္”ဟု ေရမၪၨဴပရဟိတလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထိုသို႔ ဓားျဖင့္ အခုတ္ခံရေသာ လူငယ္(၃)ဦးအနက္ (၂၂)အ႐ြယ္အမ်ိဳးသားတစ္ဦးမွာညတြင္းခ်င္းေသဆုံးသြားခဲ့ၿပီး က်န္(၂၃)ႏွစ္ႏွင့္ (၂၈)ႏွစ္အ႐ြယ္ အမ်ိဳးသား(၂)ဦးမွာ စိုးရိမ္ဖြယ္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ခုတ္တဲ့လူက(၈)ေယာက္ေပါ့။ အခုတ္ခံရတဲ့(၃)ေယာက္ထဲက တစ္ေယာက္ကညတြင္းခ်င္းဆုံးတယ္။ အသက္(၂၂)အ႐ြယ္ေပါ့” ဟု ၎ကဆက္လက္ေျပာသည္။
အဆိုပါဓားခုတ္ခံရမႈေၾကာင့္ ေသဆုံးသြားခဲ့ေသာ အမ်ိဳးသားႏွင့္ က်န္(၂)ဦးအား ေ႐ႊမၪၨဴပရဟိတလူမႈကူညီေရးအသင္းမွကားျဖင့္ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။