တရုတ်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရေကြီးမှုထဲ ပိတ်မိနေသူများကို စစ်ဘက်သုံးရဟတ်ယာဉ်များနဲ့ အစားစာများ ပေးဝေနေရ

 533

ဂျန်ဇက် (NP News) - ဩဂုတ် ၁

တရုတ်နိုင်ငံဘေဂျင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုများ ၄ ရက်ဆက်တိုက်ဖြစ်ပေါ်နေခဲ့ခြင်းကြောင့် ပိတ်မိနေသူ များအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို စစ်ဘက်သုံးရဟတ်ယာဉ်များ နဲ့ပေးပို့ကူညီပေးလျက်ရှိနေကြောင်း သိရပါတယ်။

Doksuri အမည်ရှိ စူပါတိုက်ဖွန်းမုန်တိုင်းဟာ ဇူလိုင် ၂၉ ရက်ကတည်းက တရုတ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပေကျင်းမြို့ နဲ့ ပတ်ဝန်းကျင်မြို့များမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးမှုများ ဖြစ်လျက်ရှိနေကြောင်း သိရပါတယ်။ လူပေါင်းထောင်ချီကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပေမယ့် လူရာချီ ဆက်လက်ပိတ်မိနေဆဲဖြစ် ကြောင်း၊ ပေကျင်းမြို့ရှိ ရေကြီးနေတဲ့မြို့မှာ နှစ်ဦးသေဆုံးခဲ့ကြောင်း၊ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန် ထားပါတယ်။
တရုတ်စစ်တပ်ဟာ ရေကြီးမှုကြောင့် ပိတ်မိနေတဲ့မီးရထားထဲရှိ ခရီးသည်တွေအပြင် အခြားပိတ်မိနေသူတွေကို စစ်ဘက်သုံးရဟတ်ယာဉ် ၄ စင်း နဲ့ အစားစားများ ဖြန့်ဝေပေးလျက်ရှိနေကြောင်း သိရပါတယ်။ ရေကြီးမှုများ ကြောင့် ပေကျင်းမြို့ရှိ လမ်းပေါင်းရာချီဟာ မြစ်ပြင်သဖွယ်ဖြစ်နေခဲ့ပြီး ကားများ၊ ရထားများပိတ်မိနေဆဲဖြစ် ကြောင်း၊ ရေကြီးမှုကြောင့် မြစ်ရေများလည်း စိုးရိမ်ရေအမှတ်အထိ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်တဲ့ စီစီတီဗွီက "ပေကျင်းမြို့ရှိနေရာအများအပြားဟာ ရေကြီးမှုကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရတယ်။ ရထားလမ်းတွေမှာလည်း ရေတွေ အောက်ရောက်ရှိခဲ့လို ရထားတွေ ဆက်မထွက်နိုင်ခဲ့ ဘူး။ အချို့နေရာတွေမှာမီးပွိုင့်တွေ ကောင်းစွာအလုပ်မလုပ်တော့ဘူး" လို့ ပြောပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မိုးရွာသွန်းမှုနဲ့အတူ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလျှပ်ခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများ လည်း သြဂုတ် ၂ ရက်မှာ ထပ်မံဖြစ်ပွားလာဖွယ်ရှိနေကြောင်း တရုတ်အာဏာပိုင်တွေက သတိပေးထားပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားဆက္လက္ျဖစ္ပြားေနျခင္းေၾကာင့္ ေရႀကီးမႈထဲ ပိတ္မိေနသူမ်ားကို စစ္ဘက္သုံးရဟတ္ယာဥ္မ်ားနဲ႔ အစားစာမ်ား ေပးေဝေနရ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁

တ႐ုတ္ႏိုင္ငံေဘဂ်င္းၿမိဳ႕မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ား ၄ ရက္ဆက္တိုက္ျဖစ္ေပၚေနခဲ့ျခင္းေၾကာင့္ ပိတ္မိေနသူ မ်ားအတြက္ ကူညီကယ္ဆယ္ေရးပစၥည္းမ်ားကို စစ္ဘက္သုံးရဟတ္ယာဥ္မ်ား နဲ႔ေပးပို႔ကူညီေပးလ်က္ရွိေနေၾကာင္း သိရပါတယ္။

Doksuri အမည္ရွိ စူပါတိုက္ဖြန္းမုန္တိုင္းဟာ ဇူလိုင္ ၂၉ ရက္ကတည္းက တ႐ုတ္ႏိုင္ငံကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး ေပက်င္းၿမိဳ႕ နဲ႔ ပတ္ဝန္းက်င္ၿမိဳ႕မ်ားမွာ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေရႀကီးမႈမ်ား ျဖစ္လ်က္ရွိေနေၾကာင္း သိရပါတယ္။ လူေပါင္းေထာင္ခ်ီကို ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ေပမယ့္ လူရာခ်ီ ဆက္လက္ပိတ္မိေနဆဲျဖစ္ ေၾကာင္း၊ ေပက်င္းၿမိဳ႕ရွိ ေရႀကီးေနတဲ့ၿမိဳ႕မွာ ႏွစ္ဦးေသဆုံးခဲ့ေၾကာင္း၊ တ႐ုတ္အာဏာပိုင္ေတြက သတင္းထုတ္ျပန္ ထားပါတယ္။
တ႐ုတ္စစ္တပ္ဟာ ေရႀကီးမႈေၾကာင့္ ပိတ္မိေနတဲ့မီးရထားထဲရွိ ခရီးသည္ေတြအျပင္ အျခားပိတ္မိေနသူေတြကို စစ္ဘက္သုံးရဟတ္ယာဥ္ ၄ စင္း နဲ႔ အစားစားမ်ား ျဖန႔္ေဝေပးလ်က္ရွိေနေၾကာင္း သိရပါတယ္။ ေရႀကီးမႈမ်ား ေၾကာင့္ ေပက်င္းၿမိဳ႕ရွိ လမ္းေပါင္းရာခ်ီဟာ ျမစ္ျပင္သဖြယ္ျဖစ္ေနခဲ့ၿပီး ကားမ်ား၊ ရထားမ်ားပိတ္မိေနဆဲျဖစ္ ေၾကာင္း၊ ေရႀကီးမႈေၾကာင့္ ျမစ္ေရမ်ားလည္း စိုးရိမ္ေရအမွတ္အထိ ေရာက္ရွိလာခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံပိုင္မီဒီယာတစ္ခုျဖစ္တဲ့ စီစီတီဗြီက "ေပက်င္းၿမိဳ႕ရွိေနရာအမ်ားအျပားဟာ ေရႀကီးမႈေၾကာင့္ ဆိုး႐ြားစြာ ထိခိုက္ပ်က္စီးခဲ့ရတယ္။ ရထားလမ္းေတြမွာလည္း ေရေတြ ေအာက္ေရာက္ရွိခဲ့လို ရထားေတြ ဆက္မထြက္ႏိုင္ခဲ့ ဘူး။ အခ်ိဳ႕ေနရာေတြမွာမီးပြိဳင့္ေတြ ေကာင္းစြာအလုပ္မလုပ္ေတာ့ဘူး" လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕မွာ မိုး႐ြာသြန္းမႈနဲ႔အတူ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလွ်ပ္ျခင္း၊ ေလျပင္းတိုက္ခိုက္ျခင္းမ်ားလည္း ၾသဂုတ္ ၂ ရက္မွာ ထပ္မံျဖစ္ပြားလာဖြယ္ရွိေနေၾကာင္း တ႐ုတ္အာဏာပိုင္ေတြက သတိေပးထားပါတယ္။

Related news

© 2021. All rights reserved.