Belt and Road Initiative: မြန်မာတွေ တရုတ်ဗဟိုပြုသည့် ကမ္ဘာ့ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ကျန်နေခဲ့မလား၊ အမီလိုက်ကြမှာလား (ဆောင်းပါး)

 1737

ထွန်းမွန်သက် (NP News) - ဩဂုတ် ၁

၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များက စတင်တည်ဆောက်ခဲ့သည့် တရုတ်-လာအို မီးရထား လမ်းကြောင့် ကုန်းတွင်းပိတ်နိုင်ငံငယ်ဖြစ်သည့် အရှေ့တောင်အာရှက လာအိုနိုင်ငံလေးသည် ယခုအခါ ဒေသတွင်း အချက်အချာကျသည့် နိုင်ငံအဖြစ်သို့ ပြောင်းလဲခဲ့ပါပြီ။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၌ ဝန်ဆောင်မှု စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ၌ ပထမဆုံး နိုင်ငံတကာခရီးသည်တင်ရထားကို စတင်ပြေးဆွဲခဲ့သော တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် လာအိုနိုင်ငံ၊ မြို့တော် ဗီယမ်ကျန်းတို့ကို ချိတ်ဆက်ထားသည့် အဆိုပါ တရုတ်-လာအို မီးရထား လမ်းကြောင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်ပစ္စည်း စီးဆင်းမှု၊ ကုန်သွယ်မှုများကို တိုးချဲ့လုပ်ဆောင်နိုင်ခဲ့ကြပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံသည်လည်း GDP ၂၁ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

အဆိုပါ မီးရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုသည့် Belt and Road Initiative ၏ အသီးအပွင့်တစ်ခုဖြစ်ပြီး တရုတ်-အာဆီယံ ကုန်သွယ်မှုလမ်းကြောင်းများအပြင် မဲခေါင်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်း တိုးတက်မှုများအတွက် အဓိကကျသည့် လမ်းကြောင်းလည်း ဖြစ်လာခဲ့သည်။

မီးရထားလမ်းအား စတင်ဆောက်လုပ်မည် ဆိုစဉ်ကလည်း တရုတ်၏ ကြွေးမြီထောင် ချောက်၌ ကျရောက်မည့် အန္တရာယ်ရှိကြောင်း လာအိုနိုင်ငံအား နိုင်ငံတကာက ဝိုင်းဝန်းပြောဆိုခဲ့မှုများ ရှိခဲ့သည်။

လာအိုနိုင်ငံသည် ဖြိုးတိုးတက်ရေး စီမံကိန်းများ လုပ်ဆောင်နိုင်ရန် လိုအပ်သည့် ငွေကြေးရင်းနှီးမှုကို ရေအားလျှပ်စစ်ထုတ်လုပ် ရောင်းချခြင်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး အာဆီယံ၏ ဘတ္ထရီအိုးကြီးဟုပင် တင်စားကြသည်။

တကယ်တော့ လာအိုနိုင်ငံအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ စတင်ဆောင်ရွက်စဉ်ကလည်း ကန့်ကွက်မှုများစွာ ပေါ်ပေါက်ခဲ့ပြီး မဲခေါင်မြစ်ရေ တိမ်ကောမည်ဟု ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော်လည်း လာအိုနိုင်ငံအစိုးရ အဆက်ဆက်၏ စီမံကိန်းနှင့် စီမံကိန်းမှ ရရှိလာမည့် အကျိုးကျေးဇူးများအပေါ် အမြင်ပြတ်သားခြင်း၊ ဆုံးဖြတ်ချက် ပြတ်သားခြင်းများကြောင့် လာအိုသည် အာဆီယံ၏ ဘတ္ထရီအိုးကြီး အဖြစ်မှ ယခုဆိုလျှင် တရုတ်နှင့် အာဆီယံအကြား အဓိက ကုန်သွယ်လမ်းကြောင်း အထိ ဖြစ်လာခဲ့ပါပြီ။

ထို့အတူ အဆိုပါ တရုတ်-လာအို မီးရထားလမ်း စီမံကိန်း၌ ထိုင်းနိုင်ငံကလည်း ပါဝင်တော့မှာဖြစ်ပြီး နောင်ငါးနှစ်အကြာ ၂၀၂၈ ခုနှစ်၌ အပြီးသတ် တည်ဆောက်ရန် လျာထားကြပြီး ဖြစ်သည်။ ထိုမြန်နှုန်းမြင့် မီးရထားလမ်း စီမံကိန်းသည် ဘန်ကောက်မှ တဆင့် ကွာလာလမ်ပူ၊ စင်ကာပူအထိ ချိတ်ဆက်မည် ဖြစ်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် အလိုအလျောက် ရရှိပြီး ဖြစ်ပါလိမ့်မည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ၊ ကျောက်ဖြူ - မန္တလေး - မူဆယ် ရထားလမ်း အလွန်နှောင့်နှေးနေလျှင် ကိုယ့်နိုင်ငံ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးခြင်း၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုမရှိခြင်း စသည့် ဆုံးရှုံးမှုများကိုသာ ရရှိကြရပါလိမ့်မည်။ ကျောက်ဖြူ-ကူမင်း ရထားလမ်းသည် မြန်မာဘက်အခြမ်း တည်ဆောက်ရေးလုပ်ငန်းများ မစတင်နိုင်သေးသော်လည်း တရုတ်နိုင်ငံဘက်ခြမ်းကတော့ တဆင့်ချင်းတည် ဆောက်လျက်ရှိနေပါသည်။

ကျောက်ဖြူ - ကူမင်း မီးရထားလမ်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းစီမံကိန်း (China-Myanmar Economic Corridor) ၏ အရေးပါသော စီမံကိန်းတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ သို့သော်လည်း မည်သို့ပင် အရေးပါသည့် စီမံကိန်းဆိုသော်လည်း တရုတ်-လာအို-ထိုင်း မီးရထားလမ်းမှတဆင့် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိပြီးဖြစ်လျှင် တရုတ်-မြန်မာ မီးရထားလမ်းသည် တရုတ်၏ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက် အရေးပါသော လမ်းကြောင်းအဖြစ် ဆက်လက်တည်ရှိတော့မည် မဟုတ်ပေ။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် တရုတ်၏ Belt and Road Initiative အစိတ်အပိုင်းများ၌ မိမိနိုင်ငံအတွက် အကျိုးအမြတ်ကို အရယူသင့်ပါသည်။

ထို့အတူ ပါကစ္စတန်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် လာဟိုရယ် မြို့ရှိ Rahal Orange Line metro သည်လည်း တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်လမ်း၏ အစောဆုံးအကောင် အထည် ဖော်နိုင်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ကာ ၂၀၂၀ ခုနှစ် အောက်တိုဘာလအတွင်းက ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ ယခုဆိုလျှင် ခရီးသည် သန်း ၅၀ ခန့်ကို ဝန်ဆောင်မှုပေးပြီးဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ တရုတ်၏ Belt and Road Initiative နှင့် ပိုးလမ်းမစီးပွားရေး စီမံကိန်းများသည် မြန်မာနိုင်ငံကို ကွေ့ကာဝိုက်ကာ အကောင်အထည်ပေါ်နေကြပြီဖြစ်သည်။

ဒုတိယကမ္ဘာစစ်ပြီးသည့်အချိန်မှ စတင်ပြောင်းလဲလာခဲ့သည့် ကမ္ဘာ့အထိုင်များ၊ အရွေ့များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များသည် လှိုင်းလေးလှိုင်းအထိ ပြောင်းလဲလာခဲ့ပြီဖြစ်ကာ ယခုဆိုလျှင် တရုတ်ကို ဗဟိုပြု၍ ကုန်းတွင်းပိတ်နိုင်ငံများနှင့် အီသီယိုးပီးယားကဲ့သို့ ဖွံ့ဖြိုးမှု လွန်စွာနောက်ကျသည့် နိုင်ငံများပင် အခြေခံအဆောက်အအုံများ စုံလင်ဖွံ့ဖြိုးလာပြီဖြစ်ကာ မိမိတို့ နိုင်ငံသာလျှင် ပဋိပက္ခများ၊ လူ့အခွင့်အရေး၊ မြေယာအငြင်းပွားမှု၊ ဒီမိုကရေစီအရေး စသဖြင့် အရေးကိစ္စများစွာဖြင့် ကျန်နေခဲ့အုံးမည်ကို လွန်စွာစိုးထိတ်မိပါသည်။

ဖော်ပြပါ အကြောင်းအရာနှင့် ပတ်သက်၍ မြန်မာ့အရေးနှင့် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဦးခင်မောင်ဇော်က “မြန်မာပြည်က ပြီးခဲ့တဲ့လှိုင်းလေးလှိုင်းမှာ တစ်လှိုင်းမှာမှ မပါခဲ့ဘူး။ မာရှယ်ပလန်နဲ့ အနောက်ဥရောပတစ်ခုလုံး တိုးတက်အောင် လုပ်သွားခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဆီမှာလည်း ပြည်တော်သာစီမံကိန်းဆိုပြီး လုပ်ခဲ့တာပဲ။ ဒါပေမယ့် အဲဒီတုန်းက ငါတို့ကို ကိုလိုနီပြုခဲ့တာဆိုပြီး သိပ်မကြိုက်ခဲ့ကြဘူး။ အဲဒီတော့ ဖြစ်မလာဘူး။ ဒုတိယလှိုင်း … တောင်ကိုးရီးယား၊ ဂျပန်တို့ကို ဆွဲတင်သွားတယ်။ အာရှကျားလေးကောင်ပေါ့။ အဲဒီအချိန်တုန်းကလည်း ဆိုရှယ်လစ်ဖြစ်နေတယ်။ နောက်တစ်ခါ တတိယလှိုင်း ဝါရှင်တန်ကွန်ဆန်းဆပ်ဆိုတဲ့ အိမ်နီးချင်းနိုင်ငံတွေ ထိုင်းတို့၊ အင်ဒိုနီးရှားတို့၊ မလေးရှားတို့ကို နိုင်ငံတကာ MNE (Multinational Enterprises) တွေနဲ့ ဆွဲတင်သွားခဲ့တယ်။ တိုးတက်သွားကြတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ နိုင်ငံက ကျန်ခဲ့တယ်။ အခု နောက်ဆုံးလှိုင်းက တရုတ်ကိုဗဟိုပြုပြီး ကမ္ဘာကချမ်းသာနေပြီ။ ဒီအချိန်မှာ တရုတ်နဲ့ပေါင်းလို့ မအောင်မြင်ပါဘူးဆိုတဲ့ အတွေးနဲ့ ကျွန်တော်တို့က ကျန်ခဲ့လို့မဖြစ်တော့ဘူး” ဟု NP News နှင့် သီးသန့် အင်တာဗျူး၌ သုံးသပ်သွားခဲ့သည်။

နိဂုံးချုပ် တင်ပြရသော် ဒီမိုကရေစီကို ခြိမ်းခြောက်နေခြင်းက ရေအားလျှပ်စစ်စီမံကိန်း၊ မီးရထားလမ်း စီမံကိန်းနှင့် အခြားသော ဖွံ့ဖြိုးတိုးတက်မှု စီးပွားရေး စီမံကိန်းများ မဟုတ်ပေ။ ဆင်းရဲမွဲတေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ ထိုမှ အကျိုးဆက်အနေဖြင့် ရာဇဝတ်မှုများပြားခြင်း၊ ပညာရေးအဆင့်အတန်း နိမ့်ကျခြင်းများကသာ ဒီမိုကရေစီကို အမှန်တကယ် ခြိမ်းခြောက်မည့် အကြောင်းတရားများ ဖြစ်တာကြောင့် ဖွံ့ဖြိုးတိုးတက်ရေး နှင့် အခြေခံအဆောက်အအုံ စီမံကိန်းများကို မြန်မာနိုင်ငံအနေဖြင့် အမြန်ဆုံး အကောင်အထည် ဖော်သင့်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

zawgyi version
Belt and Road Initiative: ျမန္မာေတြ တ႐ုတ္ဗဟိုျပဳသည့္ ကမာၻ႔ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား၌ က်န္ေနခဲ့မလား၊ အမီလိုက္ၾကမွာလား (ေဆာင္းပါး)

ထြန္းမြန္သက္ (NP News) - ဩဂုတ္ ၁

၂၀၁၅ ခုႏွစ္ႏွင့္ ၂၀၁၆ ခုႏွစ္မ်ားက စတင္တည္ေဆာက္ခဲ့သည့္ တ႐ုတ္-လာအို မီးရထား လမ္းေၾကာင့္ ကုန္းတြင္းပိတ္ႏိုင္ငံငယ္ျဖစ္သည့္ အေရွ႕ေတာင္အာရွက လာအိုႏိုင္ငံေလးသည္ ယခုအခါ ေဒသတြင္း အခ်က္အခ်ာက်သည့္ ႏိုင္ငံအျဖစ္သို႔ ေျပာင္းလဲခဲ့ပါၿပီ။

၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ၌ ဝန္ေဆာင္မႈ စတင္ဖြင့္လွစ္ခဲ့ၿပီး ၂၀၂၃ ခုႏွစ္ ဧၿပီလ၌ ပထမဆုံး ႏိုင္ငံတကာခရီးသည္တင္ရထားကို စတင္ေျပးဆြဲခဲ့ေသာ တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕ႏွင့္ လာအိုႏိုင္ငံ၊ ၿမိဳ႕ေတာ္ ဗီယမ္က်န္းတို႔ကို ခ်ိတ္ဆက္ထားသည့္ အဆိုပါ တ႐ုတ္-လာအို မီးရထား လမ္းေၾကာင့္ တ႐ုတ္ႏိုင္ငံႏွင့္ အာဆီယံႏိုင္ငံမ်ားအၾကား ကုန္ပစၥည္း စီးဆင္းမႈ၊ ကုန္သြယ္မႈမ်ားကို တိုးခ်ဲ႕လုပ္ေဆာင္ႏိုင္ခဲ့ၾကၿပီး ကုန္းတြင္းပိတ္ႏိုင္ငံျဖစ္သည့္ လာအိုႏိုင္ငံသည္လည္း GDP ၂၁ ရာခိုင္ႏႈန္းအထိ တိုးတက္လာမည္ဟု ကမာၻ႔ဘဏ္က ခန႔္မွန္းထားသည္။

အဆိုပါ မီးရထားလမ္းသည္ တ႐ုတ္ႏိုင္ငံက အဆိုျပဳသည့္ Belt and Road Initiative ၏ အသီးအပြင့္တစ္ခုျဖစ္ၿပီး တ႐ုတ္-အာဆီယံ ကုန္သြယ္မႈလမ္းေၾကာင္းမ်ားအျပင္ မဲေခါင္ေဒသ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ား၊ ခရီးသြားလုပ္ငန္း တိုးတက္မႈမ်ားအတြက္ အဓိကက်သည့္ လမ္းေၾကာင္းလည္း ျဖစ္လာခဲ့သည္။

မီးရထားလမ္းအား စတင္ေဆာက္လုပ္မည္ ဆိုစဥ္ကလည္း တ႐ုတ္၏ ေႂကြးၿမီေထာင္ ေခ်ာက္၌ က်ေရာက္မည့္ အႏၲရာယ္ရွိေၾကာင္း လာအိုႏိုင္ငံအား ႏိုင္ငံတကာက ဝိုင္းဝန္းေျပာဆိုခဲ့မႈမ်ား ရွိခဲ့သည္။

လာအိုႏိုင္ငံသည္ ၿဖိဳးတိုးတက္ေရး စီမံကိန္းမ်ား လုပ္ေဆာင္ႏိုင္ရန္ လိုအပ္သည့္ ေငြေၾကးရင္းႏွီးမႈကို ေရအားလွ်ပ္စစ္ထုတ္လုပ္ ေရာင္းခ်ျခင္းမွ ရရွိခဲ့ျခင္းျဖစ္ၿပီး အာဆီယံ၏ ဘတၳရီအိုးႀကီးဟုပင္ တင္စားၾကသည္။

တကယ္ေတာ့ လာအိုႏိုင္ငံအေနျဖင့္ ေရအားလွ်ပ္စစ္စီမံကိန္းမ်ား စတင္ေဆာင္႐ြက္စဥ္ကလည္း ကန႔္ကြက္မႈမ်ားစြာ ေပၚေပါက္ခဲ့ၿပီး မဲေခါင္ျမစ္ေရ တိမ္ေကာမည္ဟု ေဝဖန္မႈမ်ားစြာ ျဖစ္ေပၚခဲ့ပါသည္။ သို႔ေသာ္လည္း လာအိုႏိုင္ငံအစိုးရ အဆက္ဆက္၏ စီမံကိန္းႏွင့္ စီမံကိန္းမွ ရရွိလာမည့္ အက်ိဳးေက်းဇူးမ်ားအေပၚ အျမင္ျပတ္သားျခင္း၊ ဆုံးျဖတ္ခ်က္ ျပတ္သားျခင္းမ်ားေၾကာင့္ လာအိုသည္ အာဆီယံ၏ ဘတၳရီအိုးႀကီး အျဖစ္မွ ယခုဆိုလွ်င္ တ႐ုတ္ႏွင့္ အာဆီယံအၾကား အဓိက ကုန္သြယ္လမ္းေၾကာင္း အထိ ျဖစ္လာခဲ့ပါၿပီ။

ထို႔အတူ အဆိုပါ တ႐ုတ္-လာအို မီးရထားလမ္း စီမံကိန္း၌ ထိုင္းႏိုင္ငံကလည္း ပါဝင္ေတာ့မွာျဖစ္ၿပီး ေနာင္ငါးႏွစ္အၾကာ ၂၀၂၈ ခုႏွစ္၌ အၿပီးသတ္ တည္ေဆာက္ရန္ လ်ာထားၾကၿပီး ျဖစ္သည္။ ထိုျမန္ႏႈန္းျမင့္ မီးရထားလမ္း စီမံကိန္းသည္ ဘန္ေကာက္မွ တဆင့္ ကြာလာလမ္ပူ၊ စင္ကာပူအထိ ခ်ိတ္ဆက္မည္ ျဖစ္ေသာေၾကာင့္ တ႐ုတ္ႏိုင္ငံအေနျဖင့္ အိႏၵိယသမုဒၵရာ ထြက္ေပါက္ အလိုအေလ်ာက္ ရရွိၿပီး ျဖစ္ပါလိမ့္မည္။

သို႔ျဖစ္၍ ျမန္မာႏိုင္ငံ၊ ေက်ာက္ျဖဴ - မႏၲေလး - မူဆယ္ ရထားလမ္း အလြန္ေႏွာင့္ေႏွးေနလွ်င္ ကိုယ့္ႏိုင္ငံ ျပည္သူေတြ အလုပ္အကိုင္ အခြင့္အလမ္း ဆုံးရႈံးျခင္း၊ ခရီးသြားက႑ ဖြံ႕ၿဖိဳးမႈေနာက္က်ျခင္း၊ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးမႈမရွိျခင္း စသည့္ ဆုံးရႈံးမႈမ်ားကိုသာ ရရွိၾကရပါလိမ့္မည္။ ေက်ာက္ျဖဴ-ကူမင္း ရထားလမ္းသည္ ျမန္မာဘက္အျခမ္း တည္ေဆာက္ေရးလုပ္ငန္းမ်ား မစတင္ႏိုင္ေသးေသာ္လည္း တ႐ုတ္ႏိုင္ငံဘက္ျခမ္းကေတာ့ တဆင့္ခ်င္းတည္ ေဆာက္လ်က္ရွိေနပါသည္။

ေက်ာက္ျဖဴ - ကူမင္း မီးရထားလမ္းသည္ တ႐ုတ္-ျမန္မာ စီးပြားေရးစၾကၤန္လမ္းစီမံကိန္း (China-Myanmar Economic Corridor) ၏ အေရးပါေသာ စီမံကိန္းတစ္ခု ျဖစ္ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း မည္သို႔ပင္ အေရးပါသည့္ စီမံကိန္းဆိုေသာ္လည္း တ႐ုတ္-လာအို-ထိုင္း မီးရထားလမ္းမွတဆင့္ တ႐ုတ္ႏိုင္ငံအတြက္ အိႏၵိယသမုဒၵရာ ထြက္ေပါက္ရရွိၿပီးျဖစ္လွ်င္ တ႐ုတ္-ျမန္မာ မီးရထားလမ္းသည္ တ႐ုတ္၏ အိႏၵိယသမုဒၵရာ ထြက္ေပါက္အတြက္ အေရးပါေသာ လမ္းေၾကာင္းအျဖစ္ ဆက္လက္တည္ရွိေတာ့မည္ မဟုတ္ေပ။

သို႔ျဖစ္ပါ၍ ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္၏ Belt and Road Initiative အစိတ္အပိုင္းမ်ား၌ မိမိႏိုင္ငံအတြက္ အက်ိဳးအျမတ္ကို အရယူသင့္ပါသည္။

ထို႔အတူ ပါကစၥတန္ႏိုင္ငံ၏ ဒုတိယအႀကီးဆုံး ၿမိဳ႕ျဖစ္သည့္ လာဟိုရယ္ ၿမိဳ႕ရွိ Rahal Orange Line metro သည္လည္း တ႐ုတ္-ပါကစၥတန္ စီးပြားေရးစၾကၤန္လမ္း၏ အေစာဆုံးအေကာင္ အထည္ ေဖာ္ႏိုင္ခဲ့သည့္ စီမံကိန္းတစ္ခုျဖစ္ကာ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ဖြင့္လွစ္ခဲ့ၿပီးျဖစ္ကာ ယခုဆိုလွ်င္ ခရီးသည္ သန္း ၅၀ ခန႔္ကို ဝန္ေဆာင္မႈေပးၿပီးျဖစ္ေၾကာင္း သိရသည္။ သို႔ျဖစ္၍ တ႐ုတ္၏ Belt and Road Initiative ႏွင့္ ပိုးလမ္းမစီးပြားေရး စီမံကိန္းမ်ားသည္ ျမန္မာႏိုင္ငံကို ေကြ႕ကာဝိုက္ကာ အေကာင္အထည္ေပၚေနၾကၿပီျဖစ္သည္။

ဒုတိယကမာၻစစ္ၿပီးသည့္အခ်ိန္မွ စတင္ေျပာင္းလဲလာခဲ့သည့္ ကမာၻ႔အထိုင္မ်ား၊ အေ႐ြ႕မ်ားႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းစဥ္မ်ားသည္ လႈိင္းေလးလႈိင္းအထိ ေျပာင္းလဲလာခဲ့ၿပီျဖစ္ကာ ယခုဆိုလွ်င္ တ႐ုတ္ကို ဗဟိုျပဳ၍ ကုန္းတြင္းပိတ္ႏိုင္ငံမ်ားႏွင့္ အီသီယိုးပီးယားကဲ့သို႔ ဖြံ႕ၿဖိဳးမႈ လြန္စြာေနာက္က်သည့္ ႏိုင္ငံမ်ားပင္ အေျခခံအေဆာက္အအုံမ်ား စုံလင္ဖြံ႕ၿဖိဳးလာၿပီျဖစ္ကာ မိမိတို႔ ႏိုင္ငံသာလွ်င္ ပဋိပကၡမ်ား၊ လူ႔အခြင့္အေရး၊ ေျမယာအျငင္းပြားမႈ၊ ဒီမိုကေရစီအေရး စသျဖင့္ အေရးကိစၥမ်ားစြာျဖင့္ က်န္ေနခဲ့အုံးမည္ကို လြန္စြာစိုးထိတ္မိပါသည္။

ေဖာ္ျပပါ အေၾကာင္းအရာႏွင့္ ပတ္သက္၍ ျမန္မာ့အေရးႏွင့္ ႏိုင္ငံတကာေရးရာ ကြၽမ္းက်င္သူ ဦးခင္ေမာင္ေဇာ္က “ျမန္မာျပည္က ၿပီးခဲ့တဲ့လႈိင္းေလးလႈိင္းမွာ တစ္လႈိင္းမွာမွ မပါခဲ့ဘူး။ မာရွယ္ပလန္နဲ႔ အေနာက္ဥေရာပတစ္ခုလုံး တိုးတက္ေအာင္ လုပ္သြားခဲ့တယ္။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ဆီမွာလည္း ျပည္ေတာ္သာစီမံကိန္းဆိုၿပီး လုပ္ခဲ့တာပဲ။ ဒါေပမယ့္ အဲဒီတုန္းက ငါတို႔ကို ကိုလိုနီျပဳခဲ့တာဆိုၿပီး သိပ္မႀကိဳက္ခဲ့ၾကဘူး။ အဲဒီေတာ့ ျဖစ္မလာဘူး။ ဒုတိယလႈိင္း … ေတာင္ကိုးရီးယား၊ ဂ်ပန္တို႔ကို ဆြဲတင္သြားတယ္။ အာရွက်ားေလးေကာင္ေပါ့။ အဲဒီအခ်ိန္တုန္းကလည္း ဆိုရွယ္လစ္ျဖစ္ေနတယ္။ ေနာက္တစ္ခါ တတိယလႈိင္း ဝါရွင္တန္ကြန္ဆန္းဆပ္ဆိုတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြ ထိုင္းတို႔၊ အင္ဒိုနီးရွားတို႔၊ မေလးရွားတို႔ကို ႏိုင္ငံတကာ MNE (Multinational Enterprises) ေတြနဲ႔ ဆြဲတင္သြားခဲ့တယ္။ တိုးတက္သြားၾကတယ္။ အဲဒီမွာလည္း ကြၽန္ေတာ္တို႔ ႏိုင္ငံက က်န္ခဲ့တယ္။ အခု ေနာက္ဆုံးလႈိင္းက တ႐ုတ္ကိုဗဟိုျပဳၿပီး ကမာၻကခ်မ္းသာေနၿပီ။ ဒီအခ်ိန္မွာ တ႐ုတ္နဲ႔ေပါင္းလို႔ မေအာင္ျမင္ပါဘူးဆိုတဲ့ အေတြးနဲ႔ ကြၽန္ေတာ္တို႔က က်န္ခဲ့လို႔မျဖစ္ေတာ့ဘူး” ဟု NP News ႏွင့္ သီးသန႔္ အင္တာဗ်ဴး၌ သုံးသပ္သြားခဲ့သည္။

နိဂုံးခ်ဳပ္ တင္ျပရေသာ္ ဒီမိုကေရစီကို ၿခိမ္းေျခာက္ေနျခင္းက ေရအားလွ်ပ္စစ္စီမံကိန္း၊ မီးရထားလမ္း စီမံကိန္းႏွင့္ အျခားေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ စီးပြားေရး စီမံကိန္းမ်ား မဟုတ္ေပ။ ဆင္းရဲမြဲေတျခင္း၊ အလုပ္အကိုင္ အခြင့္အလမ္း ရွားပါးျခင္း၊ ထိုမွ အက်ိဳးဆက္အေနျဖင့္ ရာဇဝတ္မႈမ်ားျပားျခင္း၊ ပညာေရးအဆင့္အတန္း နိမ့္က်ျခင္းမ်ားကသာ ဒီမိုကေရစီကို အမွန္တကယ္ ၿခိမ္းေျခာက္မည့္ အေၾကာင္းတရားမ်ား ျဖစ္တာေၾကာင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ႏွင့္ အေျခခံအေဆာက္အအုံ စီမံကိန္းမ်ားကို ျမန္မာႏိုင္ငံအေနျဖင့္ အျမန္ဆုံး အေကာင္အထည္ ေဖာ္သင့္ေနၿပီျဖစ္ေၾကာင္း တင္ျပလိုက္ရပါသည္။

Related news

© 2021. All rights reserved.