မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းက ၂ဝ၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၃ ဘီလျံနီးပါးအထိ မြင့်တက်လာဖွယ်ရှိနေဟုဆို

5178

ဂျန်ဇက် (NP News) - သြဂုတ် ၄
မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂ဝ၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၇၈ ဘီလျံအထိ မြင့်တက် လာဖွယ်ရှိနေကြောင်း သိရသည်။
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် statista အဖွဲ့၏ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်း သည် ၂ဝ၂၃ ခုနှစ်မှ ၂ဝ၂၈ ခုနှစ်အတွင်း ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂ဝ၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၉၉ ဘီလျံရှိမည်ဖြစ်သော်လည်း ၂ဝ၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၇၈ ဘီလျံအထိ မြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂ဝ၂၃ ခုနှစ်နောက်ပိုင်းတွင် တဖြည်းဖြည်း ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂ဝ၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၃၅ ဘီလျံ၊ ၂ဝ၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ဝ ဒသမ ၇၇ ဘီလျံ၊ ၂ဝ၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၃၅ ဘီလျံ၊ ၂ဝ၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၂၆ ဘီလျံအထိ မြင့်တက်နေမည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက်အဖွဲ့က ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၂ဝ၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၁၆ ဘီလျံရှိခဲ့ပြီး ၂ဝ၂၂ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၇၆ ဘီလျံအထိ သာရှိခဲ့ပြီး ၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် နောက်ဆုံး ၁ဝ နှစ်အတွင်း တိုးတက်မှုနှုန်း အနည်းဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဂျန်ဇက် (NP News) - သြဂုတ် ၎