မူဆယ်မြို့ရှိ ကားဝပ်ရှော့တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး ကားနှင့်အခြား ထိခိုက်ပျက်စီးမှုများရှိခဲ့

1851
NP News - သြဂုတ် ၅
ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ ကားဝပ်ရှော့တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး ကားနှင့်အခြားထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းပေါက်ကွဲမှုဖြစ်စဉ်သည် ယမန်နေ့(သြဂုတ်လ ၄ ရက်)၊ ညနေ ၄ နာရီအချိန်ခန့်တွင် မူဆယ်မြို့၊ စက်မှုရပ်ကွက်၊ ကားဝပ်ရှော့တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့ခံများက NP News ကို ပြော သည်။
အဆိုပါဝပ်ရှော့၌ ကားပြုပြင်ရန် လာရောက်အပ်နှံထားသည့် ကားတစ်စီးပေါ်မှ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားသမားတစ်ယောက်က အဲဒီဝပ်ရှော့ကို ကားလာအပ်တာပေါ့။ ရှေ့တစ်ပတ်လောက်က အပ်ထားတာ။ အဲဒီကားသမားက မနေ့က ကားပေါ်မှာ ပစ္စည်းကျန်ခဲ့လို့ဆိုပြီးတော့ ပြန်လာယူတယ်။ လာယူတော့ အဲဒီအချိန်မှာ ကွဲသွားတာပေါ့။ ပစ္စည်းလာယူတဲ့သူကတော့ သေသွားတယ်။ ပွဲချင်းပြီးကို သေသွားတာပါ”ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ကားလာရောက်ပြုပြင်သူ အမျိုးသားတစ်ဦးသည် နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အနီးရှိ လူအချို့မှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ပေါက်ကွဲမှုကြောင့် ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်အချို့မှာလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

zawgyi version
မူဆယ္ၿမိဳ႕ရွိ ကားဝပ္ေရွာ့တစ္ခု၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ တစ္ဦးေသဆုံးခဲ့ၿပီး ကားႏွင့္အျခား ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့
NP News - ၾသဂုတ္ ၅
ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕ရွိ ကားဝပ္ေရွာ့တစ္ခု၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ လူတစ္ဦးေသဆုံးခဲ့ၿပီး ကားႏွင့္အျခားထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။
၎ေပါက္ကြဲမႈျဖစ္စဥ္သည္ ယမန္ေန႔(ၾသဂုတ္လ ၄ ရက္)၊ ညေန ၄ နာရီအခ်ိန္ခန႔္တြင္ မူဆယ္ၿမိဳ႕၊ စက္မႈရပ္ကြက္၊ ကားဝပ္ေရွာ့တစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မူဆယ္ၿမိဳ႕ခံမ်ားက NP News ကို ေျပာ သည္။
အဆိုပါဝပ္ေရွာ့၌ ကားျပဳျပင္ရန္ လာေရာက္အပ္ႏွံထားသည့္ ကားတစ္စီးေပၚမွ ႐ုတ္တရက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကားသမားတစ္ေယာက္က အဲဒီဝပ္ေရွာ့ကို ကားလာအပ္တာေပါ့။ ေရွ႕တစ္ပတ္ေလာက္က အပ္ထားတာ။ အဲဒီကားသမားက မေန႔က ကားေပၚမွာ ပစၥည္းက်န္ခဲ့လို႔ဆိုၿပီးေတာ့ ျပန္လာယူတယ္။ လာယူေတာ့ အဲဒီအခ်ိန္မွာ ကြဲသြားတာေပါ့။ ပစၥည္းလာယူတဲ့သူကေတာ့ ေသသြားတယ္။ ပြဲခ်င္းၿပီးကို ေသသြားတာပါ”ဟု မူဆယ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ ကားလာေရာက္ျပဳျပင္သူ အမ်ိဳးသားတစ္ဦးသည္ ေနရာ၌ပင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး အနီးရွိ လူအခ်ိဳ႕မွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ထို႔ျပင္ ေပါက္ကြဲမႈေၾကာင့္ ကားတစ္စီးႏွင့္ ေမာ္ေတာ္ဆိုင္ကယ္အခ်ိဳ႕မွာလည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။