တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ အားကစားဆိုင်ရာများ ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆန္ဒရှိနေ

392
ယွန်း (NP News) - သြဂုတ် ၇
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ အားကစားဆိုင်ရာများ ဖလှယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ဆန္ဒရှိကြောင်း တရုတ်သံအမတ်မှ အသိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai က သြဂုတ်လ(၆)ရက်တွင် ရန်ကုန်မြို့၊ အင်းလျားကန်တွင် ကျင်းပခဲ့သော တရုတ်-မြန်မာချစ်ကြည်ရေး အားကစားဖလှယ်ခြင်း အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် အားကစားဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံတကာအားကစားကူးလူးဖလှယ်ရေးကို အလေးထားကြောင်း Mr. Chen Hai က အသိပေးပြောကြားထားသည်။
တရုတ်- မြန်မာနှစ်နိုင်ငံသည် ပြည်သူချင်း ချစ်ခင်ရင်းနှီးပြီး ယဥ်ကျေးမှုချင်း ဆက်နွယ်နေခြင်းကြောင့် အားကစားဆိုင်ရာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ကပ်ရောဂါအလွန်ကာလ အားကစားဆိုင်ရာကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း Mr. Chen Hai က ဆက်လက်ပြောကြားခဲ့သည်။
အလားတူ တရုတ်နိုင်ငံမှ ကူညီလေ့ကျင့်ပေးသော မြန်မာအားကစားသမားများအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ထူးချွန်သော ရလဒ်ကောင်းများလည်း ရရှိခဲ့ကြောင်း Mr. Chen Hai က ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်သည့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏအဆင့်မြှင့်တင်ရေးစီမံကိန်းမှာလည်း ပြီးစီးနေပြီဖြစ်၍ စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် အောင်ဆန်းအားကစားကွင်း ပြုပြင်တည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္အတူ အားကစားဆိုင္ရာမ်ား ဖလွယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ရန္ ဆႏၵရွိေန
ယြန္း (NP News) - ၾသဂုတ္ ၇
တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္အတူ အားကစားဆိုင္ရာမ်ား ဖလွယ္ေရးပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ရန္ဆႏၵရွိေၾကာင္း တ႐ုတ္သံအမတ္မွ အသိေပးေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ Mr. Chen Hai က ၾသဂုတ္လ(၆)ရက္တြင္ ရန္ကုန္ၿမိဳ႕၊ အင္းလ်ားကန္တြင္ က်င္းပခဲ့ေသာ တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရး အားကစားဖလွယ္ျခင္း အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံသည္ အားကစားဖြံ႕ၿဖိဳးတိုးတက္ေရး ႏွင့္ ႏိုင္ငံတကာအားကစားကူးလူးဖလွယ္ေရးကို အေလးထားေၾကာင္း Mr. Chen Hai က အသိေပးေျပာၾကားထားသည္။
တ႐ုတ္- ျမန္မာႏွစ္ႏိုင္ငံသည္ ျပည္သူခ်င္း ခ်စ္ခင္ရင္းႏွီးၿပီး ယဥ္ေက်းမႈခ်င္း ဆက္ႏြယ္ေနျခင္းေၾကာင့္ အားကစားဆိုင္ရာ ကူးလူးဖလွယ္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို မျပတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္အတူ ကပ္ေရာဂါအလြန္ကာလ အားကစားဆိုင္ရာကူးလူးဖလွယ္ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျမႇင့္တင္ေဆာင္႐ြက္သြားရန္ ဆႏၵရွိေၾကာင္း Mr. Chen Hai က ဆက္လက္ေျပာၾကားခဲ့သည္။
အလားတူ တ႐ုတ္ႏိုင္ငံမွ ကူညီေလ့က်င့္ေပးေသာ ျမန္မာအားကစားသမားမ်ားအေနျဖင့္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲမ်ားတြင္ ထူးခြၽန္ေသာ ရလဒ္ေကာင္းမ်ားလည္း ရရွိခဲ့ေၾကာင္း Mr. Chen Hai က ေျပာၾကားခဲ့သည္။
လက္ရွိတြင္ တ႐ုတ္ႏိုင္ငံ၏ အကူအညီျဖင့္ ေဆာင္႐ြက္သည့္ အမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁) သုဝဏၰအဆင့္ျမႇင့္တင္ေရးစီမံကိန္းမွာလည္း ၿပီးစီးေနၿပီျဖစ္၍ စတင္အသုံးျပဳေနၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေအာင္ဆန္းအားကစားကြင္း ျပဳျပင္တည္ေဆာက္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။