နေအိမ်ရှိ အိမ်သာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု မရမ်းကုန်းမြို့နယ်၌ဖြစ်ပွား

 1422

စော (NP News) - ဩဂုတ် ၇

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် နေအိမ်ရှိ အိမ်သာအတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား၏အလောင်းအား ယနေ့(ဩဂုတ်လ ၇ ရက်)၊ မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်း (၁)ရပ်ကွက်၊ သမိုင်းမြို့သစ် (၁)လမ်းနေအိမ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြတ်ကုသိုလ်နာရေးကူညီမှုအသင်းထံမှ သိရသည်။

“သူက အိမ်သာထဲမှာ ကြိုးဆွဲချသေနေတာပါ။ နိုင်လွန်ကြိုးအသေးလေးနဲ့ ထိုင်လျက် ကျွန်တော်တို့တွေ့တာပါ။ ဘာကြောင့် ကြိုးဆွဲချတာလဲ ကျွန်တော်တို့မသိပါဘူး။ ကြိုးဆွဲချသေနေလို့ လာသယ်ပေးပါဆိုလို့ ကျွန်တော်တို့သွားသယ်ပေးတာပါ”ဟု မြတ်ကုသိုလ်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အမျိုးသားသည် အသက် (၄၃)နှစ်အရွယ်ရှိ ဦးကျော်လွင်ဖြစ်ပြီး လက်ရှိတွင် မြောက်ဥက္ကလာဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ေနအိမ္ရွိ အိမ္သာတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈ မရမ္းကုန္းၿမိဳ႕နယ္၌ျဖစ္ပြား

ေစာ (NP News) - ဩဂုတ္ ၇

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ ေနအိမ္ရွိ အိမ္သာအတြင္း အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသား၏အေလာင္းအား ယေန႔(ဩဂုတ္လ ၇ ရက္)၊ မြန္းလြဲ (၁၂)နာရီခြဲအခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ သမိုင္း (၁)ရပ္ကြက္၊ သမိုင္းၿမိဳ႕သစ္ (၁)လမ္းေနအိမ္တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ျမတ္ကုသိုလ္နာေရးကူညီမႈအသင္းထံမွ သိရသည္။

“သူက အိမ္သာထဲမွာ ႀကိဳးဆြဲခ်ေသေနတာပါ။ ႏိုင္လြန္ႀကိဳးအေသးေလးနဲ႔ ထိုင္လ်က္ ကြၽန္ေတာ္တို႔ေတြ႕တာပါ။ ဘာေၾကာင့္ ႀကိဳးဆြဲခ်တာလဲ ကြၽန္ေတာ္တို႔မသိပါဘူး။ ႀကိဳးဆြဲခ်ေသေနလို႔ လာသယ္ေပးပါဆိုလို႔ ကြၽန္ေတာ္တို႔သြားသယ္ေပးတာပါ”ဟု ျမတ္ကုသိုလ္နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အမ်ိဳးသားသည္ အသက္ (၄၃)ႏွစ္အ႐ြယ္ရွိ ဦးေက်ာ္လြင္ျဖစ္ၿပီး လက္ရွိတြင္ ေျမာက္ဥကၠလာေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.