အာရှလမ်းမ၌ မြေပြိုမှုကြောင့် ပျက်စီးခဲ့သော လမ်းပိုင်းအား ပြုပြင်ရန်သွားသည့်အဖွဲ့ ပစ်ခတ်ခံခဲ့ရပြီး လမ်းပိုင်းကို အမြန်ဆုံးပြုပြင်နိုင်ရန် လုံခြုံရေးလိုအပ်နေ

 15647

မျိုးကြီး (NP News) - သြဂုတ် ၈

အာရှလမ်းမ၌ မြေပြိုမှုကြောင့် ပျက်စီးခဲ့သော လမ်းပိုင်းအား ပြုပြင်ရန် သွားသည့်အဖွဲ့ ပစ်ခတ်ခံခဲ့ရပြီး ၎င်းလမ်းပိုင်းကို အမြန်ဆုံးပြုပြင်နိုင်ရေး လုံခြုံရေးလိုအပ်နေကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ် တောနော်ရေတံခွန်းအနီးရှိ ကားလမ်းပိုင်းသည် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ယမန်နေ့(သြဂုတ်လ ၇ ရက်) နံနက်ပိုင်းတွင် မြေပြိုကျကာ ပျက်စီးသွားခဲ့သည်။

အလားတူ မြဝတီ-ကော့ကရိတ်သို့ ဆက်သွယ်ထားသည့် အခြားလမ်းကြောင်းတစ်ခုဖြစ်သော ထို့ကော်ကိုးလမ်းသည်လည်း တောင်ကျချောင်းရေများစီးဆင်းမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်နေကာ ယာဉ်အသွားအလာများ ရပ်တန့်နေကြောင်း ဒေသခံလူမှုကူညီရေးအသင်းများက ပြောသည်။

လက်ရှိတွင် မြေပြိုမှုကြောင့် ပျက်စီးခဲ့သော မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်ရှိ လမ်းပိုင်းကို အမြန်ဆုံးပြုပြင်နိုင်ရေး လုပ်ဆောင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါလမ်းပိုင်းကို ပြုပြင်နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသွားရောက်စစ် ဆေးစဉ်အချိန် ယမန်နေ့ညနေပိုင်းတွင် အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

“လက်ရှိမှာတော့ လိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းနေတယ်။ နယ်မြေအခြေအနေကတော့ နည်းနည်းလေး လုံခြုံရေးလိုအပ်တယ်လေ။ မနေ့က ကျွန်တော်တို့ဆီက တိုင်းညွှန်မှူးနဲ့အဖွဲ့တွေ အဲဒီကိုသွားတယ်။ သွားတဲ့အချိန်မှာ ဟိုဘက်က ပစ်ခတ်တဲ့အနေအထားတွေဖြစ်တော့ လုံခြုံရေးအခြေအနေပေးမှပဲ ကျွန်တော်တို့ ဆောင်ရွက်လို့ရပါမှာ”ဟု လမ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

အများပြည်သူအကျိုးအတွက် လမ်းပိုင်းပျက်စီးမှုများအား ပြုပြင်မည့်အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခြင်းသည် မဖြစ်သင့်ကြောင့်လည်း ၎င်းက သုံးသပ်ပြောကြားသည်။

“နယ်မြေမအေးချမ်းရင်တော့ ဘာမှလုပ်လို့မရဘူး။ ဒါလည်း ပူးပေါင်းပြီးတော့ လုပ်ကြရမှာပေါ့။ လုံခြုံ ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာနယ်မြေခံအစိုးရအဖွဲ့တွေနဲ့ ကျွန်တော်တို့ ရောက်တာနဲ့ ညှိနှိုင်းပြီး ဆောင် ရွက်ဖို့ ရှိပါတယ်။ သူတို့အခြေအနေပေးမှပဲ ကျွန်တော်တို့ဘက်က ဝန်ထမ်းတွေက ဆက်လက်ဆောင် ရွက်ရမှာပေါ့” ဟု လမ်းဦးစီးဌာနမှ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

ယမန်နေ့ ညနေပိုင်းတွင် မြေပြိုပျက်စီးခဲ့သော အာရှလမ်းမ တောနော်ရေတံခွန်အနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သံများကြားခဲ့ရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက NP News ကိုပြောသည်။

“မနေ့ကတော့ ပစ်ခတ်သံတွေကြားတယ်။ ဒီဘက်ကလည်း လက်နက်ကြီးတွေနဲ့ အဲဒီဘက်ကို ပစ်ခတ်တယ်လို့လည်း သိရတယ်။ တိုက်ပွဲဖြစ်တာပေါ့။ ဒီနေ့လည်း ပစ်ခတ်ပြီးတော့ အသိပေးတာတွေရှိတယ်။ မြေပြိုပြီး လမ်းပိုင်းပျက်စီးသွားတဲ့ နေရာတွေ ဖြစ်နေတာပေါ့” ဟု အထက်ပါဒေသခံက ဆက်လက်ပြောသည်။

အလားတူ ယနေ့(သြဂုတ်လ ၈ ရက်) နံနက်ပိုင်းတွင် မြေပြိုကျမှုကြောင့် ပျက်စီးခဲ့သော လမ်းပိုင်းအား သွားရောက်ကြည့်ရှုသူများကိုလည်း ခြောက်လှန့်ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ကုန်စည်စီးဆင်းမှုအတွက် အရေးပါသည့် လမ်းကြောင်းဖြစ်သော မြဝတီ-ကော့ကရိတ်အာရှလမ်းသည် ယာဉ်အသွားအလာများရပ်တန့်မှုနှင့်အတူ ကုန်စည်စီးဆင်းမှုများ ရပ်တန့်လျက်ရှိပြီး ကုန် ဈေးနှုန်းများသည်လည်း ကြီးမြင့်လာကြောင်း ဒေသခံများက ပြောသည်။

zawgyi version
အာရွလမ္းမ၌ ေျမၿပိဳမႈေၾကာင့္ ပ်က္စီးခဲ့ေသာ လမ္းပိုင္းအား ျပဳျပင္ရန္သြားသည့္အဖြဲ႕ ပစ္ခတ္ခံခဲ့ရၿပီး လမ္းပိုင္းကို အျမန္ဆုံးျပဳျပင္ႏိုင္ရန္ လုံၿခဳံေရးလိုအပ္ေန

မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၈

အာရွလမ္းမ၌ ေျမၿပိဳမႈေၾကာင့္ ပ်က္စီးခဲ့ေသာ လမ္းပိုင္းအား ျပဳျပင္ရန္ သြားသည့္အဖြဲ႕ ပစ္ခတ္ခံခဲ့ရၿပီး ၎လမ္းပိုင္းကို အျမန္ဆုံးျပဳျပင္ႏိုင္ေရး လုံၿခဳံေရးလိုအပ္ေနေၾကာင္း သတင္းရရွိသည္။

ကရင္ျပည္နယ္၊ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမေပၚ ေတာေနာ္ေရတံခြန္းအနီးရွိ ကားလမ္းပိုင္းသည္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီး ေတာင္က်ေခ်ာင္းေရစီးဆင္းမႈေၾကာင့္ ယမန္ေန႔(ၾသဂုတ္လ ၇ ရက္) နံနက္ပိုင္းတြင္ ေျမၿပိဳက်ကာ ပ်က္စီးသြားခဲ့သည္။

အလားတူ ျမဝတီ-ေကာ့ကရိတ္သို႔ ဆက္သြယ္ထားသည့္ အျခားလမ္းေၾကာင္းတစ္ခုျဖစ္ေသာ ထို႔ေကာ္ကိုးလမ္းသည္လည္း ေတာင္က်ေခ်ာင္းေရမ်ားစီးဆင္းမႈေၾကာင့္ ပ်က္စီးမႈမ်ား ျဖစ္ေပၚေနကာ ယာဥ္အသြားအလာမ်ား ရပ္တန႔္ေနေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားက ေျပာသည္။

လက္ရွိတြင္ ေျမၿပိဳမႈေၾကာင့္ ပ်က္စီးခဲ့ေသာ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းေပၚရွိ လမ္းပိုင္းကို အျမန္ဆုံးျပဳျပင္ႏိုင္ေရး လုပ္ေဆာင္ေနေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါလမ္းပိုင္းကို ျပဳျပင္ႏိုင္ရန္အတြက္ ကရင္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ားသြားေရာက္စစ္ ေဆးစဥ္အခ်ိန္ ယမန္ေန႔ညေနပိုင္းတြင္ အၾကမ္းဖက္အဖြဲ႕၏ ပစ္ခတ္တိုက္ခိုက္ျခင္းကို ခံခဲ့ရေၾကာင္း ၎က ဆက္လက္ေျပာသည္။

“လက္ရွိမွာေတာ့ လိုအပ္တဲ့ပစၥည္းေတြ စုေဆာင္းေနတယ္။ နယ္ေျမအေျခအေနကေတာ့ နည္းနည္းေလး လုံၿခဳံေရးလိုအပ္တယ္ေလ။ မေန႔က ကြၽန္ေတာ္တို႔ဆီက တိုင္းၫႊန္မႉးနဲ႔အဖြဲ႕ေတြ အဲဒီကိုသြားတယ္။ သြားတဲ့အခ်ိန္မွာ ဟိုဘက္က ပစ္ခတ္တဲ့အေနအထားေတြျဖစ္ေတာ့ လုံၿခဳံေရးအေျခအေနေပးမွပဲ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္လို႔ရပါမွာ”ဟု လမ္းဦးစီးဌာနမွ တာဝန္ရွိသူက ေျပာသည္။

အမ်ားျပည္သူအက်ိဳးအတြက္ လမ္းပိုင္းပ်က္စီးမႈမ်ားအား ျပဳျပင္မည့္အဖြဲ႕ကို ပစ္ခတ္တိုက္ခိုက္ျခင္းသည္ မျဖစ္သင့္ေၾကာင့္လည္း ၎က သုံးသပ္ေျပာၾကားသည္။

“နယ္ေျမမေအးခ်မ္းရင္ေတာ့ ဘာမွလုပ္လို႔မရဘူး။ ဒါလည္း ပူးေပါင္းၿပီးေတာ့ လုပ္ၾကရမွာေပါ့။ လုံၿခဳံ ေရးအဖြဲ႕ေတြနဲ႔ သက္ဆိုင္ရာနယ္ေျမခံအစိုးရအဖြဲ႕ေတြနဲ႔ ကြၽန္ေတာ္တို႔ ေရာက္တာနဲ႔ ညႇိႏႈိင္းၿပီး ေဆာင္ ႐ြက္ဖို႔ ရွိပါတယ္။ သူတို႔အေျခအေနေပးမွပဲ ကြၽန္ေတာ္တို႔ဘက္က ဝန္ထမ္းေတြက ဆက္လက္ေဆာင္ ႐ြက္ရမွာေပါ့” ဟု လမ္းဦးစီးဌာနမွ တာဝန္ရွိသူက ထပ္မံေျပာၾကားသည္။

ယမန္ေန႔ ညေနပိုင္းတြင္ ေျမၿပိဳပ်က္စီးခဲ့ေသာ အာရွလမ္းမ ေတာေနာ္ေရတံခြန္အနီးတြင္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္သံမ်ားၾကားခဲ့ရေၾကာင္း ေကာ့ကရိတ္ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

“မေန႔ကေတာ့ ပစ္ခတ္သံေတြၾကားတယ္။ ဒီဘက္ကလည္း လက္နက္ႀကီးေတြနဲ႔ အဲဒီဘက္ကို ပစ္ခတ္တယ္လို႔လည္း သိရတယ္။ တိုက္ပြဲျဖစ္တာေပါ့။ ဒီေန႔လည္း ပစ္ခတ္ၿပီးေတာ့ အသိေပးတာေတြရွိတယ္။ ေျမၿပိဳၿပီး လမ္းပိုင္းပ်က္စီးသြားတဲ့ ေနရာေတြ ျဖစ္ေနတာေပါ့” ဟု အထက္ပါေဒသခံက ဆက္လက္ေျပာသည္။

အလားတူ ယေန႔(ၾသဂုတ္လ ၈ ရက္) နံနက္ပိုင္းတြင္ ေျမၿပိဳက်မႈေၾကာင့္ ပ်က္စီးခဲ့ေသာ လမ္းပိုင္းအား သြားေရာက္ၾကည့္ရႈသူမ်ားကိုလည္း ေျခာက္လွန႔္ပစ္ခတ္မႈမ်ားရွိခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

လက္ရွိတြင္ ကုန္စည္စီးဆင္းမႈအတြက္ အေရးပါသည့္ လမ္းေၾကာင္းျဖစ္ေသာ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းသည္ ယာဥ္အသြားအလာမ်ားရပ္တန႔္မႈႏွင့္အတူ ကုန္စည္စီးဆင္းမႈမ်ား ရပ္တန႔္လ်က္ရွိၿပီး ကုန္ ေဈးႏႈန္းမ်ားသည္လည္း ႀကီးျမင့္လာေၾကာင္း ေဒသခံမ်ားက ေျပာသည္။

Related news

© 2021. All rights reserved.