လေးမြို့မြစ်ရေ မြင့်တက်မှုကြောင့် မင်းပြားမြို့နယ်၊ မြေနိမ့်ပိုင်းရပ်ကွက်များရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများပြုလုပ်နေ

 616

ယွန်း (NP News) - သြဂုတ် ၈

လေးမြို့မြစ်ရေ မြင့်တက်မှုကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

သြဂုတ်လ(၁)ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက်ရှိတွင် လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေ မြင့်တက်လာပြီး မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

“နှစ်တိုင်းရေကြီးတက်တဲ့နေရာတွေပါ။ တောင်ပိုင်းက သံတွဲမြို့မှာလည်း လွန်ခဲ့တဲ့လေးရက်လောက်က နိမ့်တဲ့နေရာတွေမှာ ရေကြီးခဲ့တယ်။ ပြီးတော့ပြန်ကျသွားတယ်။ အခုကတော့ မင်းပြားမှာဖြစ်တာပေါ့။ ဖြစ်တဲ့နေရာတွေမှာ သူကနည်းနည်းလေးပိုဆိုးတယ်လို့ပြောလို့ရတယ်။ ဝါဆို၊ ဝါခေါင်ဆိုရင်ရေကြီးနေတဲ့ နေရာတွေ‌ပေါ့” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက NP News ကိုပြောသည်။

လက်ရှိတွင် မြေနိမ့်ပိုင်းဒေသရှိ ဒေသခံပြည်သူများအား နီးစပ်ရာဆွေးမျိုးအိမ်များနှင့် ကယ်ဆယ်ရေးစခန်းများတွင် ပို့ဆောင်ပေးထားကြောင်း သိရသည်။

လေးမြို့မြစ်သည် လက်ရှိတွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်ခြင်းမရှိသေးသည့်အတွက် မြေနိမ့်ပိုင်းဒေသများမှအပ ကျန်ရပ်ကွက်များမြို့နယ်များတွင် ရေကြီးရေလျှံမှုများ မရှိသေးကြောင်း သိရသည်။

အလားတူ မြောက်ဦးမြို့တွင်လည်း မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

သို့သော် မင်းပြား အပါအဝင် ကျောက်တော် နှင့် မြောက်ဦးမြို့နယ်များတွင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နေကြောင်းသိရပြီး ကယ်ဆယ်ရေးစခန်းများတွင်လည်း စားနပ်ရိက္ခာများကို ပြင်ဆင်ထားရှိ ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကြက်ခြေနီတွေရော၊ မီးသတ်ရော၊ အုပ်ချုပ်ရေးဌာနကရောပူးပေါင်းပြီးတော့ ကြိုတင်သတိပေးမှုတွေလုပ်နေပါတယ်။ မြေနိမ့်ပိုင်းမှာရောက်နေတဲ့သူတွေကို ရေလွတ်တဲ့နေရာတွေကို ကယ်ထုတ်တာတွေလည်း လုပ်နေတယ်။ ရေမရောက်နိုင်တဲ့ ဘုန်းကြီးကျောင်းတွေကို ပို့ထားရတယ်။ စားရေးသောက်ရေးကိုလည်း စုဆောင်းပြီးတော့ အဆင့်သင့်ပြင်ထားပြီးတာတွေရှိပါတယ်”ဟု ဦးလှသိန်းက ပြောသည်။

သို့သော် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်းသိရသည်။

လက်ရှိတွင် မင်းပြား၊ ကျောက်တော် နှင့် မြောက်ဦးမြို့နယ်တို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအပြင် အဆိုပါရပ်ကွက်များရှိ စေတီအချို့တွင်လည်း ရေဝင်ရောက်မှုများရှိနေကြောင်း သိရသည်။

zawgyi version
ေလးၿမိဳ႕ျမစ္ေရ ျမင့္တက္မႈေၾကာင့္ မင္းျပားၿမိဳ႕နယ္၊ ေျမနိမ့္ပိုင္းရပ္ကြက္မ်ားရွိ ေဒသခံမ်ားကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းမႈမ်ားျပဳလုပ္ေန

ယြန္း (NP News) - ၾသဂုတ္ ၈

ေလးၿမိဳ႕ျမစ္ေရ ျမင့္တက္မႈေၾကာင့္ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ရွိ ေျမနိမ့္ပိုင္းရပ္ကြက္မ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။

ၾသဂုတ္လ(၁)ရက္မွစတင္ကာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လက္ရွိတြင္ ေလးၿမိဳ႕ျမစ္ေရႏွင့္ ကုလားတန္ျမစ္ေရ ျမင့္တက္လာၿပီး ေျမာက္ဦးၿမိဳ႕ႏွင့္ မင္းျပားၿမိဳ႕တို႔တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ႏွစ္တိုင္းေရႀကီးတက္တဲ့ေနရာေတြပါ။ ေတာင္ပိုင္းက သံတြဲၿမိဳ႕မွာလည္း လြန္ခဲ့တဲ့ေလးရက္ေလာက္က နိမ့္တဲ့ေနရာေတြမွာ ေရႀကီးခဲ့တယ္။ ၿပီးေတာ့ျပန္က်သြားတယ္။ အခုကေတာ့ မင္းျပားမွာျဖစ္တာေပါ့။ ျဖစ္တဲ့ေနရာေတြမွာ သူကနည္းနည္းေလးပိုဆိုးတယ္လို႔ေျပာလို႔ရတယ္။ ဝါဆို၊ ဝါေခါင္ဆိုရင္ေရႀကီးေနတဲ့ ေနရာေတြ‌ေပါ့” ဟု ရခိုင္ျပည္နယ္အစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ဥပေဒခ်ဳပ္ ဦးလွသိန္းက NP News ကိုေျပာသည္။

လက္ရွိတြင္ ေျမနိမ့္ပိုင္းေဒသရွိ ေဒသခံျပည္သူမ်ားအား နီးစပ္ရာေဆြးမ်ိဳးအိမ္မ်ားႏွင့္ ကယ္ဆယ္ေရးစခန္းမ်ားတြင္ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ေလးၿမိဳ႕ျမစ္သည္ လက္ရွိတြင္ စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ျခင္းမရွိေသးသည့္အတြက္ ေျမနိမ့္ပိုင္းေဒသမ်ားမွအပ က်န္ရပ္ကြက္မ်ားၿမိဳ႕နယ္မ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ား မရွိေသးေၾကာင္း သိရသည္။

အလားတူ ေျမာက္ဦးၿမိဳ႕တြင္လည္း ျမစ္ေရျမင့္တက္မႈေၾကာင့္ ေျမနိမ့္ပိုင္းရပ္ကြက္မ်ားတြင္ ေရဝင္ေရာက္မႈမ်ားျဖစ္ေပၚေနေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။

သို႔ေသာ္ မင္းျပား အပါအဝင္ ေက်ာက္ေတာ္ ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္မ်ားတြင္ ႀကိဳတင္ျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္ေနေၾကာင္းသိရၿပီး ကယ္ဆယ္ေရးစခန္းမ်ားတြင္လည္း စားနပ္ရိကၡာမ်ားကို ျပင္ဆင္ထားရွိ ၿပီးျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“ၾကက္ေျခနီေတြေရာ၊ မီးသတ္ေရာ၊ အုပ္ခ်ဳပ္ေရးဌာနကေရာပူးေပါင္းၿပီးေတာ့ ႀကိဳတင္သတိေပးမႈေတြလုပ္ေနပါတယ္။ ေျမနိမ့္ပိုင္းမွာေရာက္ေနတဲ့သူေတြကို ေရလြတ္တဲ့ေနရာေတြကို ကယ္ထုတ္တာေတြလည္း လုပ္ေနတယ္။ ေရမေရာက္ႏိုင္တဲ့ ဘုန္းႀကီးေက်ာင္းေတြကို ပို႔ထားရတယ္။ စားေရးေသာက္ေရးကိုလည္း စုေဆာင္းၿပီးေတာ့ အဆင့္သင့္ျပင္ထားၿပီးတာေတြရွိပါတယ္”ဟု ဦးလွသိန္းက ေျပာသည္။

သို႔ေသာ္ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ေသဆုံးသူ ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ား မရွိေၾကာင္းသိရသည္။

လက္ရွိတြင္ မင္းျပား၊ ေက်ာက္ေတာ္ ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္တို႔ရွိ ေျမနိမ့္ပိုင္းရပ္ကြက္မ်ားအျပင္ အဆိုပါရပ္ကြက္မ်ားရွိ ေစတီအခ်ိဳ႕တြင္လည္း ေရဝင္ေရာက္မႈမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.