EAO အချို့က NCA ကို မလိုက်နာဘဲ အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ဆောင်ရွက်ခြင်းကြောင့် PDF အဖွဲ့များ၏ လုပ်ရပ်များ ပိုမိုဆိုးရွားလာခဲ့ဟု တပ်ချုပ်ဆို

 1043

မျိုးကြီး (NP News) - သြဂုတ် ၈

EAO အချို့က NCA ကို မလိုက်နာဘဲ အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ဆောင်ရွက်ခြင်းကြောင့် PDF အဖွဲ့များ၏ လုပ်ရပ်များ ပိုမိုဆိုးရွားလာခဲ့ကြောင်း တပ်ချုပ်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(သြဂုတ်လ ၇ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ အသစ်ဖွဲ့ပြန်လည်ဖွဲ့စည်းထားသည့် နစကအဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

CRPH၊ NUG နှင့် PDF အဖွဲ့များသည် လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်များကို ရွေးချယ်ခဲ့ပြီး PDF များအနေဖြင့် EAO အဖွဲ့အချို့၏ ကူညီအားပေးမှုနှင့် အထောက်အပံ့များကို ရယူကာ လက်နက်ကိုင်အကြမ်းဖက်မှုများကို လုပ်ဆောင်ခဲ့ကြကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးအတွက် ယခင်ကတည်းက NCA အပေါ်အခြေခံကာ ဆောင်ရွက်ခဲ့ကြောင်းနှင့် လက်ရှိတွင်လည်း ဆောင်ရွက်နေကြောင်း ၎င်းက ထပ်မံပြောသည်။

သို့သော် အချို့သော EAO အဖွဲ့များအနေဖြင့် NCA သဘောတူညီချက်များကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များမှာ ပိုမိုဆိုးရွားလာခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့ကြောင့် အချို့သောဒေသများ၌ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့သည်ဟု ပြောသည်။

PDF အဖွဲ့နှင့် အချို့သော EAO အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်နေသည့်အပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခွင့်အရေးများမှာလည်း ထိခိုက်ဆုံးရှုံးနေကြောင်း နစကဘက်က ပြောသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေဆောင်ရွက်သွားကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နစကအဖွဲ့ဝင်များကို တိုက်တွန်းပြောကြားခဲ့သည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KNU၊ CNF နှင့် ABSDF တို့သည် နစကဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်ခဲ့သည့်အပြင် တပ်မတော်နှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။

zawgyi version
EAO အခ်ိဳ႕က NCA ကို မလိုက္နာဘဲ အၾကမ္းဖက္လုပ္ရပ္မ်ား၌ ပါဝင္ေဆာင္႐ြက္ျခင္းေၾကာင့္ PDF အဖြဲ႕မ်ား၏ လုပ္ရပ္မ်ား ပိုမိုဆိုး႐ြားလာခဲ့ဟု တပ္ခ်ဳပ္ဆို

မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၈

EAO အခ်ိဳ႕က NCA ကို မလိုက္နာဘဲ အၾကမ္းဖက္လုပ္ရပ္မ်ား၌ ပါဝင္ေဆာင္႐ြက္ျခင္းေၾကာင့္ PDF အဖြဲ႕မ်ား၏ လုပ္ရပ္မ်ား ပိုမိုဆိုး႐ြားလာခဲ့ေၾကာင္း တပ္ခ်ဳပ္က ေျပာသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔(ၾသဂုတ္လ ၇ ရက္)တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၌ အသစ္ဖြဲ႕ျပန္လည္ဖြဲ႕စည္းထားသည့္ နစကအဖြဲ႕ဝင္မ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

CRPH၊ NUG ႏွင့္ PDF အဖြဲ႕မ်ားသည္ လက္နက္ကိုင္အၾကမ္းဖက္ လမ္းစဥ္မ်ားကို ေ႐ြးခ်ယ္ခဲ့ၿပီး PDF မ်ားအေနျဖင့္ EAO အဖြဲ႕အခ်ိဳ႕၏ ကူညီအားေပးမႈႏွင့္ အေထာက္အပံ့မ်ားကို ရယူကာ လက္နက္ကိုင္အၾကမ္းဖက္မႈမ်ားကို လုပ္ေဆာင္ခဲ့ၾကေၾကာင္း နစကဥကၠ႒က ေျပာသည္။

တပ္မေတာ္အေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ရရွိေရးအတြက္ ယခင္ကတည္းက NCA အေပၚအေျခခံကာ ေဆာင္႐ြက္ခဲ့ေၾကာင္းႏွင့္ လက္ရွိတြင္လည္း ေဆာင္႐ြက္ေနေၾကာင္း ၎က ထပ္မံေျပာသည္။

သို႔ေသာ္ အခ်ိဳ႕ေသာ EAO အဖြဲ႕မ်ားအေနျဖင့္ NCA သေဘာတူညီခ်က္မ်ားကို လိုက္နာျခင္းမရွိဘဲ အၾကမ္းဖက္လုပ္ရပ္မ်ားတြင္ ပါဝင္ေဆာင္႐ြက္ျခင္းေၾကာင့္ PDF အဖြဲ႕မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားမွာ ပိုမိုဆိုး႐ြားလာခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။

ထို႔ေၾကာင့္ အခ်ိဳ႕ေသာေဒသမ်ား၌ တည္ၿငိမ္ေအးခ်မ္းမႈ၊ တရားဥပေဒစိုးမိုးမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ား ေဆာင္႐ြက္ရာတြင္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈမ်ား ရွိခဲ့သည္ဟု ေျပာသည္။

PDF အဖြဲ႕ႏွင့္ အခ်ိဳ႕ေသာ EAO အဖြဲ႕မ်ား၏ လုပ္ေဆာင္မႈမ်ားေၾကာင့္ တိုင္းရင္းသားေဒသမ်ား၌ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို ထိခိုက္ေနသည့္အျပင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ပညာသင္ၾကားမႈ အခြင့္အေရးမ်ားမွာလည္း ထိခိုက္ဆုံးရႈံးေနေၾကာင္း နစကဘက္က ေျပာသည္။

ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို မျဖစ္မေနေဆာင္႐ြက္သြားၾကရမည္ဟုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က နစကအဖြဲ႕ဝင္မ်ားကို တိုက္တြန္းေျပာၾကားခဲ့သည္။

NCA ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ေသာ KNU၊ CNF ႏွင့္ ABSDF တို႔သည္ နစကဥကၠ႒ ဖိတ္ေခၚသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ မတက္ေရာက္ခဲ့သည့္အျပင္ တပ္မေတာ္ႏွင့္လည္း ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ ရွိေနသည္။

Related news

© 2021. All rights reserved.