ငွေတိုးချေးသည့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများစွာဖြင့် နေအိမ်အတွင်းအသတ်ခံရမှု စစ်ကိုင်းတွင်ဖြစ်ပွား

 9219

သန့်ဇင် (NP News) - ဩဂုတ် ၁၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ငွေတိုးချေးသည့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများစွာဖြင့် အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အသတ်ခံရမှုသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်)၊ မွန်းလွဲ ၁နာရီခန့်အချိန်တွင် စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း အိုးဘိုကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“အသတ်ခံရတဲ့အမျိုးသမီးက ငွေတိုးချေးတာတဲ့။ ဘယ်လိုဘယ်ကြောင့်အသတ်ခံရလဲဆိုတာတော့ မသိခဲ့ရဘူးဗျ” ဟု အိုးဘိုလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အသတ်ခံရသည့် အဆိုပါအမျိုးသမီးသည် မိုးဇာရပ်ကွက်တွင်နေထိုင်သည့် အသက်(၆၀)နှစ်ဝန်းကျင် အရွယ်ခန့် ဒေါ်မာမာမြင့်ဖြစ်ပြီး ထိုးသွင်းဓားဒဏ်ရာ(၁၀)ချက်ဖြင့် အသတ်ခံခဲ့ရကြောင်း သိရသည်။

“လည်ပင်း ဟိုဘက်ဒီဘက်(၇)ချက်။ လက်မောင်း(၂)ချက်။ ဗိုက်(၁)ချက်။ ဓားဒဏ်ရာ(၁၀)ချက်။ အဲဒီအမျိုးသမီးက ခါတိုင်း မုန့်ပစ်သလက်ဝယ်စားနေကျဆိုတော့ ရောင်းတဲ့ကောင်မလေးက အိမ်ထဲဝင်ရောင်းရင်းနဲ့ သွေးအိုင်ထဲမှာ လဲနေတဲ့သူ့ကိုတွေ့တော့ အော်လိုက်မှသိတာ” ဟု ၎င်းကဆက်လက်ပြောသည်။

အထက်ပါလူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူအား သက်ဆိုင်ရာမှ စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသူ ဒေါ်မာမာမြင့်အား စစ်ကိုင်းပြည်သူ့ဆေးရုံရင်ခွဲရုံသို့ အိုးဘိုလူမှုကူညီရေးအသင်းမှကားဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေငြတိုးေခ်းသည့္ အသက္(၆၀)ေက်ာ္ အမ်ိဳးသမီးတစ္ဦး ဓားဒဏ္ရာမ်ားစြာျဖင့္ ေနအိမ္အတြင္းအသတ္ခံရမႈ စစ္ကိုင္းတြင္ျဖစ္ပြား

သန႔္ဇင္ (NP News) - ဩဂုတ္ ၁၀

စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕တြင္ ေငြတိုးေခ်းသည့္ အသက္(၆၀)ေက်ာ္ အမ်ိဳးသမီးတစ္ဦး ဓားဒဏ္ရာမ်ားစြာျဖင့္ အသတ္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ အသတ္ခံရမႈသည္ ယမန္ေန႔ (ဩဂုတ္လ ၉ ရက္)၊ မြန္းလြဲ ၁နာရီခန႔္အခ်ိန္တြင္ စစ္ကိုင္းၿမိဳ႕၊ မိုးဇာရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း အိုးဘိုက်န္းမာေရးႏွင့္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“အသတ္ခံရတဲ့အမ်ိဳးသမီးက ေငြတိုးေခ်းတာတဲ့။ ဘယ္လိုဘယ္ေၾကာင့္အသတ္ခံရလဲဆိုတာေတာ့ မသိခဲ့ရဘူးဗ်” ဟု အိုးဘိုလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အသတ္ခံရသည့္ အဆိုပါအမ်ိဳးသမီးသည္ မိုးဇာရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၆၀)ႏွစ္ဝန္းက်င္ အ႐ြယ္ခန႔္ ေဒၚမာမာျမင့္ျဖစ္ၿပီး ထိုးသြင္းဓားဒဏ္ရာ(၁၀)ခ်က္ျဖင့္ အသတ္ခံခဲ့ရေၾကာင္း သိရသည္။

“လည္ပင္း ဟိုဘက္ဒီဘက္(၇)ခ်က္။ လက္ေမာင္း(၂)ခ်က္။ ဗိုက္(၁)ခ်က္။ ဓားဒဏ္ရာ(၁၀)ခ်က္။ အဲဒီအမ်ိဳးသမီးက ခါတိုင္း မုန႔္ပစ္သလက္ဝယ္စားေနက်ဆိုေတာ့ ေရာင္းတဲ့ေကာင္မေလးက အိမ္ထဲဝင္ေရာင္းရင္းနဲ႔ ေသြးအိုင္ထဲမွာ လဲေနတဲ့သူ႔ကိုေတြ႕ေတာ့ ေအာ္လိုက္မွသိတာ” ဟု ၎ကဆက္လက္ေျပာသည္။

အထက္ပါလူသတ္မႈျဖစ္စဥ္တြင္ က်ဴးလြန္သူအား သက္ဆိုင္ရာမွ စုံစမ္းေနဆဲျဖစ္ၿပီး ေသဆုံးသူ ေဒၚမာမာျမင့္အား စစ္ကိုင္းျပည္သူ႔ေဆး႐ုံရင္ခြဲ႐ုံသို႔ အိုးဘိုလူမႈကူညီေရးအသင္းမွကားျဖင့္ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.