အင်းစိန်မြို့နယ်ရှိ ဖူဆယ်ဘောလုံးကွင်း၌ အသံဗုံး(၂)လုံးပေါက်ကွဲမှုဖြစ်ပွား

1492
NP News - ဩဂုတ် ၁၁
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ဖူဆယ်ဘောလုံးကွင်း၌ အသံဗုံး(၂)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သည့် သတင်းအရင်းအမြစ်ထံမှ သိရသည်။
အဆိုပါပေါက်ကွဲမှုသည် ယနေ့ (ဩဂုတ်လ ၁၁ ရက်)၊ နံနက် ၇နာရီခွဲဝန်းကျင်အချိန်ခန့်၌ အင်းစိန်မြို့နယ်၊ မင်းကုန်းကျောင်းလမ်းရှိ ဖူဆယ်လောလုံးကွင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသံဗုံးပေါက်ကွဲမှုသည် (၅)မိနစ်သာခြား၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း (၂)လုံးပေါက်ကွဲခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အထက်ပါ သတင်းအရင်းအမြစ်မှ ဆက်လက်ပြောကြားခဲ့သည်။
ဖြစ်စဥ်နှင့် ပတ်သက်သူများအား ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စုံစမ်းလျက်ရှိကြောင်း သိရသည်။
zawgyi version
အင္းစိန္ၿမိဳ႕နယ္ရွိ ဖူဆယ္ေဘာလုံးကြင္း၌ အသံဗုံး(၂)လုံးေပါက္ကြဲမႈျဖစ္ပြား
NP News - ဩဂုတ္ ၁၁
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္ရွိ ဖူဆယ္ေဘာလုံးကြင္း၌ အသံဗုံး(၂)လုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးတြင္ ေနထိုင္သည့္ သတင္းအရင္းအျမစ္ထံမွ သိရသည္။
အဆိုပါေပါက္ကြဲမႈသည္ ယေန႔ (ဩဂုတ္လ ၁၁ ရက္)၊ နံနက္ ၇နာရီခြဲဝန္းက်င္အခ်ိန္ခန႔္၌ အင္းစိန္ၿမိဳ႕နယ္၊ မင္းကုန္းေက်ာင္းလမ္းရွိ ဖူဆယ္ေလာလုံးကြင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အသံဗုံးေပါက္ကြဲမႈသည္ (၅)မိနစ္သာျခား၍ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္း (၂)လုံးေပါက္ကြဲခဲ့ရာ ထိခိုက္ဒဏ္ရာရရွိသူမရွိေၾကာင္း အထက္ပါ သတင္းအရင္းအျမစ္မွ ဆက္လက္ေျပာၾကားခဲ့သည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္သူမ်ားအား ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ တာဝန္ရွိသူမ်ားက စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။