လားရှိုးမြို့၌ လူလတ်ပိုင်းအမျိုးသားတစ်ဦး ဓားဖြင့်အခုတ်ခံရမှုဖြစ်ပွား

1711
စော (NP News) - ဩဂုတ် ၁၄
ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ဓားဖြင့်ခုတ်ခံရမှုကြောင့် အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားကို ယမန်နေ့(ဩဂုတ်လ ၁၃ရက်)၊ ည (၇)နာရီဝန်းကျင်အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ လားရှိုးဈေးလမ်း၌ အထက်ပါကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓားခုတ်ခံရမှုကြောင့် ၎င်းအမျိုးသား၌ ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။
“ဘာကြောင့်အခုတ်ခံရလည်းတော့ မသိဘူး။ ဦးခေါင်းနဲ့ မျက်နှာမှာတော့ ဒဏ်ရာရသွားတယ်။ ဒဏ်ရာကတော့နည်းနည်းများတယ်။ ကြီးလည်းကြီးတယ်။ သွေးထွက်လည်းများတယ်။ အသက်အန္တရာယ်တော့မရှိနိုင်ဘူး”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူသည် ကိုရဲလင်းနိုင်(၃၀)နှစ်ဖြစ်ပြီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခွေးမြှုပ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းအားဆေးကုသရန် လားရှိုးပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ကုသဆောင်သို့ ပို့ဆောင်းထားကြောင်း သိရသည်။
zawgyi version
လားရႈိးၿမိဳ႕၌ လူလတ္ပိုင္းအမ်ိဳးသားတစ္ဦး ဓားျဖင့္အခုတ္ခံရမႈျဖစ္ပြား
ေစာ (NP News) - ဩဂုတ္ ၁၄
ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕တြင္ ဓားျဖင့္ခုတ္ခံရမႈေၾကာင့္ အသက္(၃၀)အ႐ြယ္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါအမ်ိဳးသားကို ယမန္ေန႔(ဩဂုတ္လ ၁၃ရက္)၊ ည (၇)နာရီဝန္းက်င္အခ်ိန္တြင္ လားရႈိးၿမိဳ႕၊ ရပ္ကြက္(၁၂)၊ လားရႈိးေဈးလမ္း၌ အထက္ပါကဲ့သို႔ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဓားခုတ္ခံရမႈေၾကာင့္ ၎အမ်ိဳးသား၌ ဦးေခါင္းတြင္ ျပတ္ရွဒဏ္ရာရရွိခဲ့ၿပီး အသက္အႏၲရာယ္စိုးရိမ္ရသည့္ အေျခအေနမရွိေၾကာင္း သိရသည္။
“ဘာေၾကာင့္အခုတ္ခံရလည္းေတာ့ မသိဘူး။ ဦးေခါင္းနဲ႔ မ်က္ႏွာမွာေတာ့ ဒဏ္ရာရသြားတယ္။ ဒဏ္ရာကေတာ့နည္းနည္းမ်ားတယ္။ ႀကီးလည္းႀကီးတယ္။ ေသြးထြက္လည္းမ်ားတယ္။ အသက္အႏၲရာယ္ေတာ့မရွိႏိုင္ဘူး”ဟု လားရႈိးလူငယ္မ်ားလူမႈကူညီေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထိခိုက္ဒဏ္ရာရရွိသူသည္ ကိုရဲလင္းႏိုင္(၃၀)ႏွစ္ျဖစ္ၿပီး မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္၊ ေခြးျမႇဳပ္႐ြာတြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎အားေဆးကုသရန္ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးရွိ ခြဲစိတ္ကုသေဆာင္သို႔ ပို႔ေဆာင္းထားေၾကာင္း သိရသည္။