ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း လီဗာပူးလ်အသင်းနှင့်သရေကျခဲ့ခြင်းကို စိတ်ပျက်မိကြောင်း ချဲလ်ဆီးနည်းပြသစ် ထုတ်ဖော်ပြော

464

Pika (NP News) - သြဂုတ် ၁၄
ချဲလ်ဆီးအသင်းသည် ဩဂုတ်လ(၁၃)ရက်က လီဗာပူးလ်အသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သင့်ကြောင်း ရလဒ်သည် မျှတမှုမရှိကြောင်း ထင်မြင်မိသည်ဟု ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ထုတ်ဖော်ပြောခဲ့သည်။
ဩဂုတ်လ(၁၃)ရက်က ချဲလ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့ ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်သည် (၁)ဂိုးစီ ဖြင့် သရေကျခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြပိုချက်တီနိုက ယခုကဲ့သို့ ဝန်ခံပြောခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်သည် အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၈)မိနစ်တွင် သွင်းယူပေးနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းနောက်တန်းကစားသမား Axel Disasi သည် ပွဲချိန်(၃၇)မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး နောက် (၁)ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။
ချဲလ်ဆီးနည်းပြပိုချက်တီနို က "ဒီပွဲရဲ့ရလဒ်က တရားမျှတမှုရှိတယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့က အနိုင်ရရှိဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ လီဗာပူးလ်နဲ့ပွဲကို ကျွန်တော်တို့ အနိုင်ရချင်ခဲ့တာပါ၊၊ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် သရေကျခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ ဒါပေမယ့်လည်း ခုမှ ရာသီအစပဲရှိပါသေးတယ်" ဟု ပြောခဲ့သည်။
ပိုချက်တီနိုသည် ယခင်နည်းပြဟောင်းပေါ်တာ နှင့် ဖရန့်လမ်းပတ်တို့ တာဝန်ယူခဲ့ချိန်များထက် ပိုမိုကောင်းမွန် အောင် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ ချဲလ်ဆီးအသင်းသည် ဩဂုတ်လ(၂ဝ)ရက်တွင် ဝက်စ်ဟမ်းအသင်း နှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ေျခစြမ္းအသာျဖင့္ ကစားႏိုင္ခဲ့ေသာ္လည္း လီဗာပူးလ္အသင္းႏွင့္သေရက်ခဲ့ျခင္းကို စိတ္ပ်က္မိေၾကာင္း ခ်ဲလ္ဆီးနည္းျပသစ္ ထုတ္ေဖာ္ေျပာ
Pika (NP News) - ၾသဂုတ္ ၁၄
ခ်ဲလ္ဆီးအသင္းသည္ ဩဂုတ္လ(၁၃)ရက္က လီဗာပူးလ္အသင္းႏွင့္ကစားခဲ့သည့္ ပရီးမီးယားလိဂ္ပြဲစဥ္တြင္ အႏိုင္သုံးမွတ္ကို ရယူႏိုင္ခဲ့သင့္ေၾကာင္း ရလဒ္သည္ မွ်တမႈမရွိေၾကာင္း ထင္ျမင္မိသည္ဟု ခ်ဲလ္ဆီးအသင္းနည္းျပ ပိုခ်က္တီႏိုက ထုတ္ေဖာ္ေျပာခဲ့သည္။
ဩဂုတ္လ(၁၃)ရက္က ခ်ဲလ္ဆီးအသင္းႏွင့္ လီဗာပူးအသင္းတို႔ ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲစဥ္သည္ (၁)ဂိုးစီ ျဖင့္ သေရက်ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးနည္းျပပိုခ်က္တီႏိုက ယခုကဲ့သို႔ ဝန္ခံေျပာခဲ့ျခင္းျဖစ္သည္။ လီဗာပူးလ္အသင္း ေတာင္ပံကစားသမား လူးဝစ္ဒီယက္ဇ္သည္ အသင္းအတြက္ အဖြင့္ဂိုးကို ပြဲခ်ိန္ (၁၈)မိနစ္တြင္ သြင္းယူေပးႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းေနာက္တန္းကစားသမား Axel Disasi သည္ ပြဲခ်ိန္(၃၇)မိနစ္တြင္ ေခ်ပဂိုးျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ေနာက္ (၁)ဂိုးစီ သေရက်ခဲ့ျခင္းျဖစ္သည္။
ခ်ဲလ္ဆီးနည္းျပပိုခ်က္တီႏို က "ဒီပြဲရဲ႕ရလဒ္က တရားမွ်တမႈရွိတယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ ကြၽန္ေတာ္တို႔က အႏိုင္ရရွိဖို႔ ထိုက္တန္တယ္လို႔ ထင္ပါတယ္။ လီဗာပူးလ္နဲ႔ပြဲကို ကြၽန္ေတာ္တို႔ အႏိုင္ရခ်င္ခဲ့တာပါ၊၊ အႏိုင္ရဖို႔ ထိုက္တန္ခဲ့ေပမယ့္ သေရက်ခဲ့တဲ့အတြက္ စိတ္ပ်က္မိပါတယ္။ ဒါေပမယ့္လည္း ခုမွ ရာသီအစပဲရွိပါေသးတယ္" ဟု ေျပာခဲ့သည္။
ပိုခ်က္တီႏိုသည္ ယခင္နည္းျပေဟာင္းေပၚတာ ႏွင့္ ဖရန႔္လမ္းပတ္တို႔ တာဝန္ယူခဲ့ခ်ိန္မ်ားထက္ ပိုမိုေကာင္းမြန္ ေအာင္ လုပ္ေဆာင္သြားမည္ဟု ကတိျပဳခဲ့ေၾကာင္း သိရသည္။ ခ်ဲလ္ဆီးအသင္းသည္ ဩဂုတ္လ(၂ဝ)ရက္တြင္ ဝက္စ္ဟမ္းအသင္း ႏွင့္ ပရီးမီးယားလိဂ္ပြဲစဥ္ကို အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း သိရသည္။