အရေးပေါ် ကျန်းမာရေးကိစ္စဖြင့် ပြည်ပသို့အချိန်မီသွားရောက်လိုသူများအတွက် နိုင်ငံကူးလက်မှတ်ကို အမြန်ထုတ်ယူနိုင်ရေး Green Channel ဖြင့် ဆောင်ရွက်ပေးနေဟုဆို

 6263

ယွန်း (NP News) - သြဂုတ် ၁၅

အရေးပေါ် ကျန်းမာရေးကိစ္စဖြင့် ပြည်ပသို့ အချိန်မီသွားရောက်လိုသူများအတွက် နိုင်ငံကူးလက်မှတ်ကို အမြန်ထုတ်ယူနိုင်ရေး Green Channel ဖြင့် ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အရေးပေါ်၊ ကျန်းမာရေး နှင့် ပညာရေးကိစ္စရပ်များဖြင့် ပြည်ပသို့အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် အထောက်အထားခိုင်လုံစွာဖြင့် နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူရရှိရန် Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သို့သော် လက်ရှိတွင် ပွဲစားများသည် လူမှုကွန်ရက်မီဒီယာပေါ်တွင် အဆမတန် ငွေကြေးများ ပိုမိုတောင်းခံ၍ လိမ်လည်ဆောင်ရွက်ခြင်းများရှိနေပြီး ပြည်သူများအနေဖြင့် လိမ်လည်မှုမခံရစေရန် ထုတ်ပြန်ချက်တွင် သတိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် Green Channel ဖြင့်လျှောက်ထားသူများသည် www.passport.gov.mm website တွင် ကြေညာထားသည့်အတိုင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ ရုံးအမှတ်(၃၈) နေပြည်တော်သို့ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘော သားများ၊ ပြည်ပသို့ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများကိုလည်း Green Channel အဖြစ် စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အချက်အလက်ပြည့်စုံမှန်ကန်စွာဖြင့် တင်ပြလာမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညွှန်ကြားရေး မှူးချုပ်အဆင့်နှင့်အထက် တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတစ်ဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးသို့ စာဖြင့်ကြိုတင်လျှောက်ထားပြီးပါက Green Channel အဖြစ် စိစစ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အေရးေပၚ က်န္းမာေရးကိစၥျဖင့္ ျပည္ပသို႔အခ်ိန္မီသြားေရာက္လိုသူမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ကို အျမန္ထုတ္ယူႏိုင္ေရး Green Channel ျဖင့္ ေဆာင္႐ြက္ေပးေနဟုဆို
ယြန္း (NP News) - ၾသဂုတ္ ၁၅

အေရးေပၚ က်န္းမာေရးကိစၥျဖင့္ ျပည္ပသို႔ အခ်ိန္မီသြားေရာက္လိုသူမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ကို အျမန္ထုတ္ယူႏိုင္ေရး Green Channel ျဖင့္ ေဆာင္႐ြက္ေပးေနေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕မွ ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမွ ယခုရက္ပိုင္းအတြင္း အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အေရးေပၚ၊ က်န္းမာေရး ႏွင့္ ပညာေရးကိစၥရပ္မ်ားျဖင့္ ျပည္ပသို႔အခ်ိန္မီ သြားေရာက္ရန္ လိုအပ္သူမ်ားအတြက္ အေထာက္အထားခိုင္လုံစြာျဖင့္ ႏိုင္ငံကူးလက္မွတ္ အျမန္ထုတ္ယူရရွိရန္ Green Channel ျဖင့္ စိစစ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

သို႔ေသာ္ လက္ရွိတြင္ ပြဲစားမ်ားသည္ လူမႈကြန္ရက္မီဒီယာေပၚတြင္ အဆမတန္ ေငြေၾကးမ်ား ပိုမိုေတာင္းခံ၍ လိမ္လည္ေဆာင္႐ြက္ျခင္းမ်ားရွိေနၿပီး ျပည္သူမ်ားအေနျဖင့္ လိမ္လည္မႈမခံရေစရန္ ထုတ္ျပန္ခ်က္တြင္ သတိေပးထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ Green Channel ျဖင့္ေလွ်ာက္ထားသူမ်ားသည္ www.passport.gov.mm website တြင္ ေၾကညာထားသည့္အတိုင္း ဥကၠ႒၊ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕၊ ႐ုံးအမွတ္(၃၈) ေနျပည္ေတာ္သို႔ ေလွ်ာက္ထားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ MoU အလုပ္သမားမ်ား၊ ဘာသာေရးဆိုင္ရာအဖြဲ႕အစည္းမ်ား၊ ယဥ္ေက်းမႈဖလွယ္ပြဲမ်ား၊ သေဘၤာ သားမ်ား၊ ျပည္ပသို႔ခြင့္ျဖင့္သြားေရာက္မည့္ ကိစၥရပ္မ်ား၊ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ခရီးသြားေအဂ်င္စီမ်ား၊ ပညာသင္မ်ား၊ သက္ဆိုင္ရာဝန္ႀကီးဌာနအလိုက္ အစိုးရကိစၥရပ္မ်ားျဖင့္ သြားေရာက္မည့္သူမ်ားကိုလည္း Green Channel အျဖစ္ စိစစ္လက္ခံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အခ်က္အလက္ျပည့္စုံမွန္ကန္စြာျဖင့္ တင္ျပလာမႈအေပၚ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၏ ၫႊန္ၾကားေရး မႉးခ်ဳပ္အဆင့္ႏွင့္အထက္ တာဝန္ရွိသူမ်ားမွ လက္မွတ္ေရးထိုးေထာက္ခံၿပီး ၎ဝန္ႀကီးဌာနမ်ားမွတစ္ဆင့္ ဥကၠ႒၊ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕႐ုံးသို႔ စာျဖင့္ႀကိဳတင္ေလွ်ာက္ထားၿပီးပါက Green Channel အျဖစ္ စိစစ္လက္ခံေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Nay Min

03/12/2024 08:24

www.parssport.gov.mm website

Picture

Nay Min

03/12/2024 08:24

[email protected]

Picture

Nay Min

03/12/2024 08:27

ကျမ္မာရေးအတွက်ဆေးကုသရန်

Related news

© 2021. All rights reserved.