ဂျာမနီအဓိပတိကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုများနဲ့ဆက်နွယ်ပြီး ဂျာမနီစပိုင်အဖွဲ့အကြီးအကဲကို စုံစမ်းစစ်ဆေး

 1556

ဂျန်ဇက် (NP News) - သြဂုတ် ၁၇

ဂျာမနီအဓိပတိ အောဖ့်ရှိုးလ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ဂျာမနီစပိုင်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဟောင်းတစ်ဦးကို စုံစမ်းစစ်ဆေးနေကြောင်း ဂျာမနီပြည်တွင်းထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

စပိုင်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲဟောင်းတစ်ဦးဖြစ်တဲ့ Hans-Georg Maassen ဟာ ဂျာမနီအဓိပတိကို လုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်နေတဲ့ လက်ယာယွန်းရောက်အဖွဲ့များနဲ့ အဆက်အသွယ်ရှိနေသူဖြစ်ကြောင်း ဂျာမနီ ပြည်တွင်းထောက်လှမ်းစုံစမ်းရေးအဖွဲ့က ပြောပါတယ်။

ဂျာမနီစပိုင်ထောက်လှမ်းရေးအဖွဲ့အကြီးကဲဟောင်းဟာ ‘Reich Citizens’ အဖွဲ့ကို ခေါ်ဆိုခံရတဲ့ လက်ယာစွန်း ရောက်အဖွဲ့များနဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုတွေရှိခဲ့ကြောင်း ဂျာမနီသတင်းဌာန Bild က ဖော်ပြထားပါတယ်။

လုပ်ကြံသတ်ဖြတ်မှုများလုပ်ဆောင်ဖို့ ၂ဝ၂၂ ခုနှစ်က ဖွဲ့စည်းထားတဲ့ “Reich Citizens” အဖွဲ့ကို ဂျာမနီ ရဲတပ်ဖွဲ့ဟာ နိုင်ငံတဝှမ်းမှာ စီးနင်းရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးရမိသူများထံကနေ လက်နက်များ၊ ကျည်ဆံများ သိမ်းဆည်းရမိခဲ့ပြီး ဂျာမနီအဓိပတိကို လုပ်ကြံသတ်ဖြတ်ဖို့ အပြင် ဂျာမနီလွှတ်တော်ကို တိုက်ခိုက်ဖို့ အစီအစဉ်များရှိနေတဲ့အချက်ကို တွေ့ရှိခဲ့ကြောင်း ဂျာမနိရဲတပ်ဖွဲ့က ပြောပါတယ်။ အဆိုပါအဖွဲ့ကို ဂျာမနီ တော်ဝင်မိသားစုရဲ့မင်းသားတစ်ဦးဖြစ်တဲ့ Heinrich XIII က ဦးဆောင်နေပြီး အာဏာသိမ်းမှုများပြုလုပ်ဖို့ အစီအစဉ်များရှိနေသလို အာဏာသိမ်းမှုအောင်မြင်ခဲ့မယ်ဆိုရင် မင်းသား Heinrich XIII က နိုင်ငံကို အုပ်ချုပ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။

ဂျာမနီစပိုင်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲဖြစ်သူ Hans-Georg Maassen ကို ရာထူးက ထုတ်ပယ်လိုက်ပြီး နောက် လေးနှစ်အတွင်းမှာပဲ ဂျာမနီအစိုးရအဖွဲ့ဝန်ကြီးများ၊ ဂျာမနီအဓိပတိတို့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေ သူတွေကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ဂ်ာမနီအဓိပတိကို လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းမႈမ်ားနဲ႔ဆက္ႏြယ္ၿပီး ဂ်ာမနီစပိုင္အဖြဲ႕အႀကီးအကဲကို စုံစမ္း စစ္ေဆး
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၇

ဂ်ာမနီအဓိပတိ ေအာဖ့္ရႈိးလ္ကို လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းမႈနဲ႔ပတ္သက္ၿပီး ဂ်ာမနီစပိုင္ေထာက္လွမ္းေရးအဖြဲ႕ အႀကီးအကဲေဟာင္းတစ္ဦးကို စုံစမ္းစစ္ေဆးေနေၾကာင္း ဂ်ာမနီျပည္တြင္းေထာက္လွမ္းေရးအဖြဲ႕က ေျပာပါတယ္။

စပိုင္ေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲေဟာင္းတစ္ဦးျဖစ္တဲ့ Hans-Georg Maassen ဟာ ဂ်ာမနီအဓိပတိကို လုပ္ႀကံသတ္ျဖတ္ဖို႔ ရည္႐ြယ္ေနတဲ့ လက္ယာယြန္းေရာက္အဖြဲ႕မ်ားနဲ႔ အဆက္အသြယ္ရွိေနသူျဖစ္ေၾကာင္း ဂ်ာမနီ ျပည္တြင္းေထာက္လွမ္းစုံစမ္းေရးအဖြဲ႕က ေျပာပါတယ္။

ဂ်ာမနီစပိုင္ေထာက္လွမ္းေရးအဖြဲ႕အႀကီးကဲေဟာင္းဟာ ‘Reich Citizens’ အဖြဲ႕ကို ေခၚဆိုခံရတဲ့ လက္ယာစြန္း ေရာက္အဖြဲ႕မ်ားနဲ႔ ဖုန္းဆက္သြယ္ေျပာဆိုမႈေတြရွိခဲ့ေၾကာင္း ဂ်ာမနီသတင္းဌာန Bild က ေဖာ္ျပထားပါတယ္။

လုပ္ႀကံသတ္ျဖတ္မႈမ်ားလုပ္ေဆာင္ဖို႔ ၂ဝ၂၂ ခုႏွစ္က ဖြဲ႕စည္းထားတဲ့ “Reich Citizens” အဖြဲ႕ကို ဂ်ာမနီ ရဲတပ္ဖြဲ႕ဟာ ႏိုင္ငံတဝွမ္းမွာ စီးနင္းရွာေဖြမႈမ်ား ဆက္တိုက္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

ဖမ္းဆီးရမိသူမ်ားထံကေန လက္နက္မ်ား၊ က်ည္ဆံမ်ား သိမ္းဆည္းရမိခဲ့ၿပီး ဂ်ာမနီအဓိပတိကို လုပ္ႀကံသတ္ျဖတ္ဖို႔ အျပင္ ဂ်ာမနီလႊတ္ေတာ္ကို တိုက္ခိုက္ဖို႔ အစီအစဥ္မ်ားရွိေနတဲ့အခ်က္ကို ေတြ႕ရွိခဲ့ေၾကာင္း ဂ်ာမနိရဲတပ္ဖြဲ႕က ေျပာပါတယ္။ အဆိုပါအဖြဲ႕ကို ဂ်ာမနီ ေတာ္ဝင္မိသားစုရဲ႕မင္းသားတစ္ဦးျဖစ္တဲ့ Heinrich XIII က ဦးေဆာင္ေနၿပီး အာဏာသိမ္းမႈမ်ားျပဳလုပ္ဖို႔ အစီအစဥ္မ်ားရွိေနသလို အာဏာသိမ္းမႈေအာင္ျမင္ခဲ့မယ္ဆိုရင္ မင္းသား Heinrich XIII က ႏိုင္ငံကို အုပ္ခ်ဳပ္သြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ဂ်ာမနီစပိုင္ေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲျဖစ္သူ Hans-Georg Maassen ကို ရာထူးက ထုတ္ပယ္လိုက္ၿပီး ေနာက္ ေလးႏွစ္အတြင္းမွာပဲ ဂ်ာမနီအစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ ဂ်ာမနီအဓိပတိတို႔ကို လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းေန သူေတြကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.