ရုရှားအပေါ် ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ဖို့ ယူကရိန်းသမ္မတ တိုက်တွန်း

 252

Pika (NP News) - သြဂုတ် ၁၉
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတပူတင်နဲ့ ၎င်းတို့ကြား သုံးပွင့်ဆိုင်တွေ့ဆုံမှုမရှိလာဘူးဆိုရင် ရုရှား အပေါ် ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ဖို့ ယူကရိန်းသမ္မတဇီလန်စကီးက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ဒေါ်နယ်ထရမ့်နဲ့ပူတင်တို့ကြား တွေ့ဆုံမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဇီလန်စကီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ယူကရိန်းပဋိပက္ခကို အဆုံးသတ် ဖို့ အာရုံစိုက်ခဲ့တဲ့ ပူတင်နဲ့ဆွေးနွေးပွဲကို နွေးထွေးပြီးကောင်းမွန်တဲ့ဆွေးနွေးပွဲတစ်ခုအဖြစ် ဒေါ်နယ်ထရမ့်က ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဖြစ်လာနိုင်ခြေရှိတဲ့သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို တက်ရောက် သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “သူတို့သာလိုချင်တယ်ဆိုရင် အဲ့ဒီမှာကျွန်တော်ရှိနေမှာပါ” လို့ ပြောခဲ့ပါတယ်။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲဟာ ဖြစ်လာနိုင်တယ်လို့ ပူတင်ကပြောကြားခဲ့ပေမယ့်လည်း အချို့တွေ့ဆုံမှုတွေအတွက် အခြေအနေ တွေကို ဖန်တီးရမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။ ဇီလန်စကီးက “သုံးပွင့်ဆိုင်ဆွေးနွေးပွဲ မရှိလာဘူးဆိုရင် ရုရှားအပေါ် ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားအေပၚ ျပင္းထန္တဲ့ပိတ္ဆို႔အေရးယူမႈေတြလုပ္ေဆာင္ဖို႔ ယူကရိန္းသမၼတ တိုက္တြန္း
Pika (NP News) - ၾသဂုတ္ ၁၉
အေမရိကန္သမၼတေဒၚနယ္ထရမ့္၊ ႐ုရွားသမၼတပူတင္နဲ႔ ၎တို႔ၾကား သုံးပြင့္ဆိုင္ေတြ႕ဆုံမႈမရွိလာဘူးဆိုရင္ ႐ုရွား အေပၚ ျပင္းထန္တဲ့ပိတ္ဆို႔အေရးယူမႈေတြလုပ္ေဆာင္ဖို႔ ယူကရိန္းသမၼတဇီလန္စကီးက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွာ ေဒၚနယ္ထရမ့္နဲ႔ပူတင္တို႔ၾကား ေတြ႕ဆုံမႈတစ္ခုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ယူကရိန္းပဋိပကၡကို အဆုံးသတ္ ဖို႔ အာ႐ုံစိုက္ခဲ့တဲ့ ပူတင္နဲ႔ေဆြးေႏြးပြဲကို ေႏြးေထြးၿပီးေကာင္းမြန္တဲ့ေဆြးေႏြးပြဲတစ္ခုအျဖစ္ ေဒၚနယ္ထရမ့္က ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ျဖစ္လာႏိုင္ေျခရွိတဲ့သုံးပြင့္ဆိုင္ေဆြးေႏြးပြဲကို တက္ေရာက္ သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “သူတို႔သာလိုခ်င္တယ္ဆိုရင္ အဲ့ဒီမွာကြၽန္ေတာ္ရွိေနမွာပါ” လို႔ ေျပာခဲ့ပါတယ္။ သုံးပြင့္ဆိုင္ ေဆြးေႏြးပြဲဟာ ျဖစ္လာႏိုင္တယ္လို႔ ပူတင္ကေျပာၾကားခဲ့ေပမယ့္လည္း အခ်ိဳ႕ေတြ႕ဆုံမႈေတြအတြက္ အေျခအေန ေတြကို ဖန္တီးရမယ္လို႔ အေလးေပးေျပာၾကားခဲ့ပါတယ္။ ဇီလန္စကီးက “သုံးပြင့္ဆိုင္ေဆြးေႏြးပြဲ မရွိလာဘူးဆိုရင္ ႐ုရွားအေပၚ ျပင္းထန္တဲ့ပိတ္ဆို႔အေရးယူမႈေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တိုက္တြန္းလိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.