ပြည်ပြေးအဖြစ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

1659
ဂျန်ဇက် (NP News) - ဩဂုတ် ၁၉
ဗြိတိန်ရဲတပ်ဖွဲ့ဟာ ပြည်ပြေးအဖြစ်နေထိုင်နေရတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်းတစ်ဦးကို ခွင့်ပြုချက်မရဘဲ သံရုံးအဆောက်အဦးကို ချိုးဖောက်မှုတွေလုပ်ဆောင်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးလျက်ရှိနေတယ်လို့ Reuters နဲ့ US News တို့ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဆိုသူဟာ ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိ သံတမန်အိမ်ယာအဆောက်အဦးကနေ ထွက်ပေးဖို့ ငြင်းဆန်တာမျိုးတွေရှိခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် ဦးကျော်စွာမင်းဟာ မြန်မာသံရုံးကို လအတန်ကြာပိတ်ထားခဲ့ရာ နစကအနေဖြင့် ၎င်းနေရာမှာ သံအမတ်ကြီးအသစ်တစ်ဦးနဲ့အစားထိုးခဲ့ရတယ်လို့ ဆိုပါတယ်။
ဗြိတိန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်မှာ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို သံတမန်အိမ်ယာအဆောက် အဦးကနေ ထွက်ခွာဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရပါတယ်။ ဒီသီတင်းပတ်အစောပိုင်းမှာတော့ ဗြိတိန်ရဲတပ်ဖွဲ့တွေဟာ ဦးကျော်စွာမင်းကို သံတမန်အဆောက်အဦးကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်များနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ကြောင်း ၎င်းရဲ့ရှေ့နေဖြစ်သူ Neil Swift ကပြောပါတယ်။
သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ် နဲ့ ဒဏ်နှစ်ရပ်လုံးချခံရဖွယ်ရှိနေကြောင်းသိရပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး လန်ဒန်မြို့ရှိ မြန်မာသံရုံး၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၊ လန်ဒန်ရဲတပ်ဖွဲ့တွေက တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်းသိရပါတယ်။
လန်ဒန်မြို့ရဲတပ်ဖွဲ့ဟာ ဦးကျော်စွာမင်းကို သြဂုတ်လ ၁၅ ရက်မှာ စစ်ဆေးမေးမြန်းခဲ့ပေမယ့် စွဲချက်တင်တာမျိုးမရှိသေးကြောင်း၊ ၎င်းကို စွဲချက်တင်ဖို့ လုံလောက်တဲ့သက်သေအထောက်အထားများရရှိခြင်းရှိ/မရှိဆိုတဲ့အချက်ကို ဗြိတိန်ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ဖွယ်ရှိနေကြောင်း ၎င်းရဲ့ရှေ့နေဖြစ်သူကပြောပါတယ်။

zawgyi version
ျပည္ေျပးအျဖစ္ေနထိုင္ေနတဲ့ ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးေဟာင္း ဦးေက်ာ္စြာမင္းကို ၿဗိတိန္ရဲတပ္ဖြဲ႕ စုံစမ္းစစ္ေဆးေန
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၉
ၿဗိတိန္ရဲတပ္ဖြဲ႕ဟာ ျပည္ေျပးအျဖစ္ေနထိုင္ေနရတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးေဟာင္းတစ္ဦးကို ခြင့္ျပဳခ်က္မရဘဲ သံ႐ုံးအေဆာက္အဦးကို ခ်ိဳးေဖာက္မႈေတြလုပ္ေဆာင္ခဲ့တဲ့အတြက္ စုံစမ္းစစ္ေဆးလ်က္ရွိေနတယ္လို႔ Reuters နဲ႔ US News တို႔ရဲ႕ ေရးသားေဖာ္ျပခ်က္အရ သိရပါတယ္။
ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္က အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးေဟာင္း ဦးေက်ာ္စြာမင္းဆိုသူဟာ ၿဗိတိန္ႏိုင္ငံလန္ဒန္ၿမိဳ႕ရွိ သံတမန္အိမ္ယာအေဆာက္အဦးကေန ထြက္ေပးဖို႔ ျငင္းဆန္တာမ်ိဳးေတြရွိခဲ့ေၾကာင္း သိရပါတယ္။ ျမန္မာႏိုင္ငံမွာ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ ဦးေက်ာ္စြာမင္းဟာ ျမန္မာသံ႐ုံးကို လအတန္ၾကာပိတ္ထားခဲ့ရာ နစကအေနျဖင့္ ၎ေနရာမွာ သံအမတ္ႀကီးအသစ္တစ္ဦးနဲ႔အစားထိုးခဲ့ရတယ္လို႔ ဆိုပါတယ္။
ၿဗိတိန္အစိုးရဟာ ၿပီးခဲ့တဲ့ႏွစ္မွာ သံအမတ္ႀကီးေဟာင္း ဦးေက်ာ္စြာမင္းကို သံတမန္အိမ္ယာအေဆာက္ အဦးကေန ထြက္ခြာဖို႔ တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။ ဒီသီတင္းပတ္အေစာပိုင္းမွာေတာ့ ၿဗိတိန္ရဲတပ္ဖြဲ႕ေတြဟာ ဦးေက်ာ္စြာမင္းကို သံတမန္အေဆာက္အဦးကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္မ်ားနဲ႔ပတ္သက္ၿပီး စုံစမ္းေမးျမန္းခဲ့ေၾကာင္း ၎ရဲ႕ေရွ႕ေနျဖစ္သူ Neil Swift ကေျပာပါတယ္။
သံအမတ္ႀကီးေဟာင္း ဦးေက်ာ္စြာမင္းဟာ ျပစ္မႈထင္ရွားမယ္ဆိုရင္ ေထာင္ဒဏ္ ၆ လ သို႔မဟုတ္ ေငြဒဏ္ နဲ႔ ဒဏ္ႏွစ္ရပ္လုံးခ်ခံရဖြယ္ရွိေနေၾကာင္းသိရပါတယ္။ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး လန္ဒန္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး၊ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန႐ုံး၊ လန္ဒန္ရဲတပ္ဖြဲ႕ေတြက တစ္စုံတရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမရွိေသးေၾကာင္းသိရပါတယ္။
လန္ဒန္ၿမိဳ႕ရဲတပ္ဖြဲ႕ဟာ ဦးေက်ာ္စြာမင္းကို ၾသဂုတ္လ ၁၅ ရက္မွာ စစ္ေဆးေမးျမန္းခဲ့ေပမယ့္ စြဲခ်က္တင္တာမ်ိဳးမရွိေသးေၾကာင္း၊ ၎ကို စြဲခ်က္တင္ဖို႔ လုံေလာက္တဲ့သက္ေသအေထာက္အထားမ်ားရရွိျခင္းရွိ/မရွိဆိုတဲ့အခ်က္ကို ၿဗိတိန္ေရွ႕ေနခ်ဳပ္႐ုံးက ဆုံးျဖတ္ဖြယ္ရွိေနေၾကာင္း ၎ရဲ႕ေရွ႕ေနျဖစ္သူကေျပာပါတယ္။