တွစ်တာ (သို့) X အက်ပလီကေးရှင်းမှာ အကောင့်တွေ block တဲ့ အင်္ဂါရပ်ကို ပယ်ဖျက်မယ်လို့ အီလွန်မက်ခ်ပြော

548

ရောင်နီ (NP News) - ဩဂုတ် ၂၀
မစ္စတာ အီလွန်မက်ခ် က ၎င်းရဲ့ ဆိုရှယ်မီဒီယာ တွစ်တာ (နာမည်ပြောင်း X ) အ
က်ပလီကေးရှင်းမှာ အသုံးပြုသူတွေ အချင်းချင်း block နိုင်မယ့် အင်္ဂါရပ်ကို ဖျက်သိမ်းမယ်လို့ သောကြာနေ့ (သြဂုတ်လ ၁၈ရက်) မှာ ပြောကြားခဲ့ပါတယ်။
"Block တဲ့ အင်္ဂါရပ်ကို Digital Marketing acc များမှလွဲလို့ အခြားအကောင့်တွေမှာ ပယ်ဖျက်သွားမယ် " လို့ ၎င်းက ရေးသားဖော်ပြခဲ့ပါတယ်။
ဒါကြောင့် မစ္စတာ မက်ခ် ဟာ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်နေတယ်ဆိုတဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိနေပါတယ်။ မက်ခ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဆိုရှယ်မီဒီယာ ပလပ်ဖောင်း တွစ်တာကို အမေရိကန်ဒေါ်လာ ၄၄ ဘီလျံ (စင်ကာပူဒေါ်လာ ၆၀ ဘီလျံ) နဲ့ ဝယ်ယူခဲ့တာပါ။ အက်ပလီကေးရှင်းမှာ အမုန်းစကားတွေ ပိတ်ဆို့ခြင်း၊ ယခင်က ပိတ်ဆို့ထားတဲ့ အကောင့်များ ပြန်လည် ဖွင့်ပေးခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဝေဖန်မှုတွေနဲ့အတူ ၎င်းရဲ့ တွစ်တာ ကြော်ငြာလုပ်ငန်းဟာ ပြိုလဲလုဆဲဆဲ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မစ္စတာ မက်ခ်ဟာ ၎င်းရဲ့ အက်ပလီကေးရှင်းမှာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်၊ ရက်ပ်ပါနဲ့ ဒီဇိုင်နာ ကန်နေးဝဘ်တို့ရဲ့ အကောင့်တွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။
မက်ခ်ဟာ လျှပ်စစ်မော်တော်ကား ကုမ္ပဏီ Tesla နဲ့ ကိုယ်ပိုင် ဂြိုဟ်တု ကုမ္ပဏီ Space X ကို တည်ထောင်ထားနိုင်သူဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၂၂၅ ဘီလျံနဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။
Zawgyi Version