တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ရန် NUG၊ PDF တို့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ကြောင်း ကမ္ဘာသိကြေညာရန် လိုအပ်ဟု နစကပြော

1700
မြူနစ် (NP News) - သြဂုတ် ၂၂
တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ရန် NUG၊ PDF တို့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ကြောင်း ကမ္ဘာသိကြေညာရန် လိုအပ်သည်ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(သြဂုတ်လ ၂၂ ရက်)တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများကို ဖြေရှင်းပေးရန် တပ်မတော်ဘက်က NLD အစိုးရအား တောင်းဆိုမှုများရှိခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသည့်အတွက် တပ်မတော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏာရယူခဲ့သည်။
ထို့သို့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း NUG၊ PDF အဖွဲ့အစည်းများ ပေါ်ပေါက်လာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းပြီးနောက် တပ်မတော်အစိုးရအား လက်နက်ကိုင်တော်လှန်ခဲ့ကြသည့်အပြင် အရပ်သားများအား ဒလန်ဟုစွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
“အခုဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေး လမ်းကြောင်းသွားဖို့ဆိုရင် ပထမဦးဆုံးက နိုင်ငံတော်အစိုးရအနေနဲ့ အကြမ်းဖက်လို့ ကြေညာထားတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးသွားစရာလမ်း ကြောင်း မရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
သို့သော် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသွားနိုင်ရန်အတွက် အကြမ်းဖက်လုပ်ရပ်များကို မလုပ်တော့ကြောင်းဝန်ခံချက်ကို ကမ္ဘာသိကြေညာရန် လိုအပ်ကြောင်းလည်း နစကပြောခွင့်ရက ဆက်လက်ပြောသည်။
“တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားနိုင်ဖို့အတွက် အကြမ်းဖက်လို့ ကြေညာခံထားတဲ့သူတွေသည် နံပါတ်တစ် ကမ္ဘာသိအကြမ်းဖက်လုပ်ရပ်များကို မလုပ်တော့ပါဘူးဆိုပြီး ဝန်ခံဖို့လိုပါတယ်။ နံပါတ်နှစ် အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချပါတယ်ဆိုတဲ့ ကမ္ဘာသိကြေညာ ချက်လိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရသည် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနေသည့်အပြင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးရန် ထပ်မံဖိတ်ခေါ်လျက်ရှိသည်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် EAO အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးသွားမည့်အပြင် ရှေ့ဆက်သွားမည့် ရွေးကောက်ပွဲလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဟု နစကပြောခွင့်ရက ထပ်မံအသိ ပေးထားသည်။

zawgyi version
ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းကို သြားႏိုင္ရန္ NUG၊ PDF တို႔အေနျဖင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို ရပ္တန႔္ေၾကာင္း ကမာၻသိေၾကညာရန္ လိုအပ္ဟု နစကေျပာ
ျမဴနစ္ (NP News) - ၾသဂုတ္ ၂၂
ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းကို သြားႏိုင္ရန္ NUG၊ PDF တို႔အေနျဖင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို ရပ္တန႔္ေၾကာင္း ကမာၻသိေၾကညာရန္ လိုအပ္သည္ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔(ၾသဂုတ္လ ၂၂ ရက္)တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
၂၀၂၀ ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲ၌ မဲမသမာမႈမ်ားကို ေျဖရွင္းေပးရန္ တပ္မေတာ္ဘက္က NLD အစိုးရအား ေတာင္းဆိုမႈမ်ားရွိခဲ့ေသာ္လည္း ေျဖရွင္းေပးျခင္းမရွိသည့္အတြက္ တပ္မေတာ္သည္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႏိုင္ငံေတာ္အာဏာရယူခဲ့သည္။
ထို႔သို႔ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ေပၚခဲ့ၿပီးေနာက္ပိုင္း NUG၊ PDF အဖြဲ႕အစည္းမ်ား ေပၚေပါက္လာက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕ႏွင့္ ပူးေပါင္းၿပီးေနာက္ တပ္မေတာ္အစိုးရအား လက္နက္ကိုင္ေတာ္လွန္ခဲ့ၾကသည့္အျပင္ အရပ္သားမ်ားအား ဒလန္ဟုစြပ္စြဲကာ အၾကမ္းဖက္သတ္ျဖတ္မႈမ်ားလည္း ျဖစ္ေပၚလ်က္ရွိသည္။
“အခုျဖစ္ေပၚေနတဲ့ အၾကမ္းဖက္လက္နက္ကိုင္လမ္းစဥ္ကို သူတို႔ကိုယ္တိုင္ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ေတြ႕ဆုံေဆြးေႏြး လမ္းေၾကာင္းသြားဖို႔ဆိုရင္ ပထမဦးဆုံးက ႏိုင္ငံေတာ္အစိုးရအေနနဲ႔ အၾကမ္းဖက္လို႔ ေၾကညာထားတဲ့သူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးေရးသြားစရာလမ္း ေၾကာင္း မရွိပါဘူး” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
သို႔ေသာ္ ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းသြားႏိုင္ရန္အတြက္ အၾကမ္းဖက္လုပ္ရပ္မ်ားကို မလုပ္ေတာ့ေၾကာင္းဝန္ခံခ်က္ကို ကမာၻသိေၾကညာရန္ လိုအပ္ေၾကာင္းလည္း နစကေျပာခြင့္ရက ဆက္လက္ေျပာသည္။
“ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္း သြားႏိုင္ဖို႔အတြက္ အၾကမ္းဖက္လို႔ ေၾကညာခံထားတဲ့သူေတြသည္ နံပါတ္တစ္ ကမာၻသိအၾကမ္းဖက္လုပ္ရပ္မ်ားကို မလုပ္ေတာ့ပါဘူးဆိုၿပီး ဝန္ခံဖို႔လိုပါတယ္။ နံပါတ္ႏွစ္ အၾကမ္းဖက္လုပ္ရပ္ေတြကို ရႈတ္ခ်ပါတယ္ဆိုတဲ့ ကမာၻသိေၾကညာ ခ်က္လိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
လက္ရွိတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရသည္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အစည္း (၁၀)ဖြဲ႕ႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးေနသည့္အျပင္ အျခားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားကိုလည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ထပ္မံဖိတ္ေခၚလ်က္ရွိသည္။
ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ EAO အဖြဲ႕မ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးသြားမည့္အျပင္ ေရွ႕ဆက္သြားမည့္ ေ႐ြးေကာက္ပြဲလုပ္ငန္းမ်ားကိုလည္း အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္သြားမည္ဟု နစကေျပာခြင့္ရက ထပ္မံအသိ ေပးထားသည္။