"ဝဇီရာရုပ်ရှင်ရုံ" အား တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် "National Red Carpet Theatre" အဖြစ် ပြုပြင်ရန် စီစဥ်နေ

 1228

ယွန်း (NP News) - သြဂုတ် ၂၅

"ဝဇီရာရုပ်ရှင်ရုံ" အား တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် "National Red Carpet Theatre" အဖြစ် ပြုပြင်ရန် စီစဥ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြီးခဲ့သည့် သြဂုတ်လ(၁၈)ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွားရောက်ခဲ့သည့်ခရီးစဥ်အတွင်း China Global Television Net(CGTN) နှင့် တွေ့ဆုံမေးမြန်းစဥ် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာနေထိုင်လာခဲ့သည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး လက်ရှိတွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအဆင့်ကိုရောက်ရှိနေသည့်အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း တိုးမြှင့်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ “အမျိုးသားကဇာတ်ရုံ” အပါအဝင် “သုဝဏ္ဏအားကစားကွင်း” ကိုလည်း တရုတ်အစိုးရ၏ ထောက်ပံ့ပေးမှုဖြင့် စီမံဆောင်ရွက်ပေးထားပြီး မြန်မာနိုင်ငံရှိ စီမံကိန်းအများအပြားကို တရုတ်နိုင်ငံ၏အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

ထို့ပြင် "ဝဇီရာရုပ်ရှင်ရုံ" ကိုလည်း နိုင်ငံတော်အနေဖြင့် "National Red Carpet Theatre" အဖြစ်သတ်မှတ်၍ တရုတ်နိုင်ငံ၏ အထောက်အပံ့နှင့် ပြုပြင်ရန် စီစဥ်လျက်ရှိကြောင်း ဦးမောင်မောင်အုန်းက ဆက်လက်ပြောကြားသည်။

"Art Center (အနုပညာ ဗဟိုဌာန)၊ နောက်ပြီးတော့ “ဝဇီရာရုပ်ရှင်ရုံ” ပေါ့။ ဒါကို နိုင်ငံတော်အနေနဲ့ “National Red Carpet Theatre” အဖြစ် သတ်မှတ်ပြီး တရုတ်နိုင်ငံရဲ့အထောက်အပံ့နဲ့ပြုပြင်ဖို့ စီမံလျက်ရှိပါတယ်။ “ဖလင်ပိဋကတ်တိုက်” လည်း ပါဝင်ပါတယ်။ ယဉ်ကျေးမှုနဲ့ နှစ်နိုင်ငံအပြန်အလှန် ချစ်ကြည်ရေးအတွက် ဒါတွေကို ကမ်းလှမ်းထားတာရှိပါတယ်" ဟု ဦးမောင်မောင်အုန်းက ထည့်သွင်းပြောကြားခဲ့သည်။

ဝဇီရာရုပ်ရှင်ရုံသည် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံဖြစ်ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် တည်ဆောက်ထားသည့် အလျား ၁၁၅ ပေခန့်၊ အနံပေ ၁၄ဝ ခန့်ဖြင့် တည်ဆောက်ထား အဆောက်အအုံဖြစ်သည်။

ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂ဝ ပြည့်နှစ်တွင်တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ၌ ရှေးအကျဆုံး ရုပ်ရှင်ပြဇာတ်ရုံဖြစ်ကာ မူလအမည်သည် Excelsior (အိတ်ဆဲစီယာရုံ) ဖြစ်သည်။ ထို့နောက် ၁၉၄၂ ခုနှစ်တွင် “အေဝမ်းရုပ်ရှင်ရုံ” ဟူ၍လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် “ဝဇီရာ” ဟူ၍လည်းကောင်း အမည်ပြောင်းခဲ့ကြောင်း သိရသည်။

Zawgyi Version;
"ဝဇီရာ႐ုပ္ရွင္႐ုံ" အား တ႐ုတ္ႏိုင္ငံ၏ အေထာက္အပံ့ျဖင့္ "National Red Carpet Theatre" အျဖစ္ ျပဳျပင္ရန္ စီစဥ္ေန
ယြန္း (NP News) - ၾသဂုတ္ ၂၅

"ဝဇီရာ႐ုပ္ရွင္႐ုံ" အား တ႐ုတ္ႏိုင္ငံ၏ အေထာက္အပံ့ျဖင့္ "National Red Carpet Theatre" အျဖစ္ ျပဳျပင္ရန္ စီစဥ္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ၿပီးခဲ့သည့္ ၾသဂုတ္လ(၁၈)ရက္ေန႔က တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕သို႔ သြားေရာက္ခဲ့သည့္ခရီးစဥ္အတြင္း China Global Television Net(CGTN) ႏွင့္ ေတြ႕ဆုံေမးျမန္းစဥ္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံသည္ ခ်စ္ၾကည္ရင္းႏွီးစြာေနထိုင္လာခဲ့သည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ၿပီး လက္ရွိတြင္ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရးအဆင့္ကိုေရာက္ရွိေနသည့္အတြက္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးကိုလည္း တိုးျမႇင့္လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံရွိ “အမ်ိဳးသားကဇာတ္႐ုံ” အပါအဝင္ “သုဝဏၰအားကစားကြင္း” ကိုလည္း တ႐ုတ္အစိုးရ၏ ေထာက္ပံ့ေပးမႈျဖင့္ စီမံေဆာင္႐ြက္ေပးထားၿပီး ျမန္မာႏိုင္ငံရွိ စီမံကိန္းအမ်ားအျပားကို တ႐ုတ္ႏိုင္ငံ၏အကူအညီျဖင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ညႇိႏႈိင္းလ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။

ထို႔ျပင္ "ဝဇီရာ႐ုပ္ရွင္႐ုံ" ကိုလည္း ႏိုင္ငံေတာ္အေနျဖင့္ "National Red Carpet Theatre" အျဖစ္သတ္မွတ္၍ တ႐ုတ္ႏိုင္ငံ၏ အေထာက္အပံ့ႏွင့္ ျပဳျပင္ရန္ စီစဥ္လ်က္ရွိေၾကာင္း ဦးေမာင္ေမာင္အုန္းက ဆက္လက္ေျပာၾကားသည္။

"Art Center (အႏုပညာ ဗဟိုဌာန)၊ ေနာက္ၿပီးေတာ့ “ဝဇီရာ႐ုပ္ရွင္႐ုံ” ေပါ့။ ဒါကို ႏိုင္ငံေတာ္အေနနဲ႔ “National Red Carpet Theatre” အျဖစ္ သတ္မွတ္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕အေထာက္အပံ့နဲ႔ျပဳျပင္ဖို႔ စီမံလ်က္ရွိပါတယ္။ “ဖလင္ပိဋကတ္တိုက္” လည္း ပါဝင္ပါတယ္။ ယဥ္ေက်းမႈနဲ႔ ႏွစ္ႏိုင္ငံအျပန္အလွန္ ခ်စ္ၾကည္ေရးအတြက္ ဒါေတြကို ကမ္းလွမ္းထားတာရွိပါတယ္" ဟု ဦးေမာင္ေမာင္အုန္းက ထည့္သြင္းေျပာၾကားခဲ့သည္။

ဝဇီရာ႐ုပ္ရွင္႐ုံသည္ ေရွးေဟာင္းသမိုင္းဝင္အေဆာက္အအုံျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚတြင္ တည္ေဆာက္ထားသည့္ အလ်ား ၁၁၅ ေပခန႔္၊ အနံေပ ၁၄ဝ ခန႔္ျဖင့္ တည္ေဆာက္ထား အေဆာက္အအုံျဖစ္သည္။

ဝဇီရာ႐ုပ္ရွင္႐ုံသည္ ၁၉၂ဝ ျပည့္ႏွစ္တြင္တည္ေဆာက္ခဲ့ၿပီး ျမန္မာႏိုင္ငံ၌ ေရွးအက်ဆုံး ႐ုပ္ရွင္ျပဇာတ္႐ုံျဖစ္ကာ မူလအမည္သည္ Excelsior (အိတ္ဆဲစီယာ႐ုံ) ျဖစ္သည္။ ထို႔ေနာက္ ၁၉၄၂ ခုႏွစ္တြင္ “ေအဝမ္း႐ုပ္ရွင္႐ုံ” ဟူ၍လည္းေကာင္း၊ ၁၉၆၈ ခုႏွစ္တြင္ “ဝဇီရာ” ဟူ၍လည္းေကာင္း အမည္ေျပာင္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.