ရေးမြို့နယ်၌ ခရီးသည်တင်ကားအား KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသည်(၂)ဦး ထိခိုက်ဒဏ်ရာရရှိ

 2456

NP News - ဩဂုတ် ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခရီးသည်တင်ကားကို KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသည်(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်၊ နံနက် ၅နာရီ ၁၅မိနစ်အချိန်တွင် ရေးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်-ရေး ကားလမ်း၊ လိမ္မော်ခြံကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ခရီးသည်တင်ကားသည် ရန်ကုန်မှ ရေးမြို့သို့ မောင်းနှင်လာခြင်းဖြစ်ပြီး အထက်ပါကျေးရွာအနီးသို့ ဖြတ်သန်းမောင်းနှင်လာစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့က လမ်း၏ဝဲဘက်ခြမ်းမှနေ၍ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဦးသိန်းမင်းတင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးရဲရင်မြင့်မိုရ်နှင့် ဦးဝေလင်းပိုင်တို့လိုက်ပါလာသည့် “ရွှေပုလဲ” ခရီးသည်တင်ယာဉ်၏ ဝဲဘက်လေကာမှန်ကို ကျည် (၁)ချက်ထိမှန်ကာ ကားပေါ်၌ လိုက်ပါလာသည့် ခရီးသည် မဝါဝါဝင်း(၂၆)နှစ် နှင့် ဦးတင်ထွေး(၃၄)နှစ်တို့တွင် မှန်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
ေရးၿမိဳ႕နယ္၌ ခရီးသည္တင္ကားအား KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕မွ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ခရီးသည္(၂)ဦး ထိခိုက္ဒဏ္ရာရရွိ

NP News - ဩဂုတ္ ၂၇

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္တြင္ ခရီးသည္တင္ကားကို KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕မွ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ခရီးသည္(၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဩဂုတ္လ ၂၄ ရက္၊ နံနက္ ၅နာရီ ၁၅မိနစ္အခ်ိန္တြင္ ေရးၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္-ေရး ကားလမ္း၊ လိေမၼာ္ၿခံေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

အဆိုပါ ခရီးသည္တင္ကားသည္ ရန္ကုန္မွ ေရးၿမိဳ႕သို႔ ေမာင္းႏွင္လာျခင္းျဖစ္ၿပီး အထက္ပါေက်း႐ြာအနီးသို႔ ျဖတ္သန္းေမာင္းႏွင္လာစဥ္ KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕က လမ္း၏ဝဲဘက္ျခမ္းမွေန၍ လက္နက္ငယ္မ်ားျဖင့္ အေၾကာင္းမဲ့ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ဦးသိန္းမင္းတင္ ေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ ဦးရဲရင္ျမင့္မိုရ္ႏွင့္ ဦးေဝလင္းပိုင္တို႔လိုက္ပါလာသည့္ “ေ႐ႊပုလဲ” ခရီးသည္တင္ယာဥ္၏ ဝဲဘက္ေလကာမွန္ကို က်ည္ (၁)ခ်က္ထိမွန္ကာ ကားေပၚ၌ လိုက္ပါလာသည့္ ခရီးသည္ မဝါဝါဝင္း(၂၆)ႏွစ္ ႏွင့္ ဦးတင္ေထြး(၃၄)ႏွစ္တို႔တြင္ မွန္ကြဲစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္အား က်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရးႏွင့္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ား ဆက္လက္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.