ပုဂ္ဂလိကကျောင်းများ၌ နိုင်ငံတော်အလံ အလေးပြုခြင်း ရှိ၊ မရှိအပါအဝင် သတင်းအချက်အလက်များကို ကွင်းဆင်းစစ်ဆေးရန် အဖွဲ့(၂)ဖွဲ့ကို နစက ဖွဲ့စည်းထား
1187
မျိုးကြီး (NP News) - သြဂုတ် ၂၈
ပုဂ္ဂလိကကျောင်းများ၌ နိုင်ငံတော်အလံ အလေးပြုခြင်းရှိ၊ မရှိအပါအဝင် သတင်းအချက်အလက်များကို ကွင်းဆင်းစစ်ဆေးကောက်ယူရန် နစက၏ ပညာရေးဝန်ကြီးဌာနက အဖွဲ့(၂)ဖွဲ့ကို ဖွဲ့စည်းထားကြောင်း သတင်းရရှိသည်။
အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ အခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ၏ ဖွင့်လှစ်သင်ကြားဆောင်ရွက်နေသည့်အခြေအနေများကို စိစစ်နိုင်ရန်အတွက် အဖွဲ့(၂)ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးသည်ဟု ပညာရေးဝန်ကြီးဌာန ၏ အချက်အလက်များအရ သိရသည်။
အထက်မြန်မာပြည်ရှိ ပုဂ္ဂလိကျောင်းများစိစစ်ဆေးရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ အောင်ဆွေထွန်းက ခေါင်းဆောင်အဖြစ်တာဝန်ယူထားပြီး အောက်မြန်မာပြည်ရှိ ပုဂ္ဂလိကကျောင်းများစိစစ်စစ်ဆေးရေးအဖွဲ့ကို ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။
အဆိုပါကျောင်းများနှင့်ပတ်သက်၍ checklist နှင့် data collection form များ အသုံးပြုကာ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ ကွင်းစစ်ဆေးခြင်းများကို ၎င်းအဖွဲ့(၂)ဖွဲ့က လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်းကျောင်းများ၌ ဥပဒေနှင့်အညီ ကျောင်းမှတ်ပုံတင်ရှိ/မရှိ၊ ကျောင်းဖွင့်လှစ်သင်ကြားရန် ခွင့်ပြုမိန့်ရှိ/မရှိ၊ ကျောင်း အင်္ဂါရပ်ပြည့်စုံကောင်းမွန်မှုရှိ/မရှိနှင့် အခွန်ထမ်းဆောင်မှုရှိ/မရှိတို့ကိုလည်း စစ်ဆေးသွားမည်ဟု ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
၎င်းကျောင်းများတွင် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် အမျိုးသားသင်ရိုး ညွှန်းတမ်ကော်မတီက သတ်မှတ်ထားသော မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်သင်ရိုးညွှန်းတမ်းအပြည့်အစုံအား သင်ကြားခြင်းရှိ/မရှိကိုလည်း စစ်ဆေးသွားမည်ဟု သိရသည်။
ဇာတိသွေး၊ ဇာတိမာန်ထက်သန်စေမည့် အလေ့အကျင့်ကောင်းများ(နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း)အား ပြုစုပျိုးထောင်ပေးနိုင်မှုရှိ/မရှိကိုလည်း အထက်ပါအဖွဲ့(၂)ဖွဲ့က စစ်ဆေးသွားမည်ဟု ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
“များသောအားဖြင့် ကျွန်တော်တို့ ကိုယ်ပိုင်ကျောင်းတွေကတော့ နိုင်ငံတော်သီချင်း ဆိုတာတို့၊ ဘာတို့ကတော့ သူ့ရဲ့ မူဝါဒနဲ့အညီ အခြေခံပညာကျောင်းတွေနဲ့ အတူတူပဲ။ အမျိုးသားပညာရေးဥပဒေအောက်မှာအတူတူပဲ လုပ်ရတဲ့အခါကြတော့ ကျွန်တော်တို့ ကိုယ်ပိုင်ကျောင်းတွေက နိုင်ငံတော်သီချင်းဆိုတာတွေ လုပ်ကြပါတယ်။ နောက်ကလေးတွေလည်း မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ယဉ်ကျေးလိမ္မာလာအောင် ယဉ်ကျေးလိမ္မာသင်တန်းတွေလည်း ဖွင့်ပေးတာတွေရှိတယ်” ဟု ရန်ကုန်မြို့ရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ကြီးတစ်ဦးက NP News ကို မှတ်ချက်ပြုပြောကြားထားသည်။
ထို့ပြင် ပြည်ပနိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ဘာသာတရားများကို ထည့်သွင်းစည်းရုံးသင်ကြားပို့ချမှုရှိ/မရှိ၊ အတန်းအလိုက် သင်ကြားမှုများဆောင်ရွက်ရာတွင် နိုင်ငံရေးအရောင်အသွေးပါရှိမှု ရှိ/မရှိနှင့် ဘာသာရေး၊ နိုင်ငံရေး စွက်ဖက်လွှမ်းမိုးမှုရှိ/မရှိကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
“ဒါတွေကတော့ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့က နိုင်ငံ့သားကောင်းတွေကို မွေးထုတ်နေတဲ့ ကျောင်းတွေပဲလေ။ နိုင်ငံ့သားကောင်းတွေကို မွေးထုတ်နေတဲ့ ကျောင်းတွေဆိုတော့ စစ်ကိုစစ်ဆေးရမယ်။ မလုပ်တဲ့ကျောင်းတွေကိုလည်း ပညာပေးရမယ်။ အရေးယူရမယ်” ဟု အထက်ပါကျောင်းအုပ်ကြီးက ဆက် လက်ပြောသည်။
ပညာရေးဝန်ကြီးဌာန၏ စိစစ်စစ်ဆေးရေးအဖွဲ့အနေဖြင့် ပြီးခဲ့သော ရက်ပိုင်းများအတွင်း၌ ရန်ကုန်မြို့ရှိ International School (၃၀)ခန့်ကို ကွင်းဆင်းစစ်ဆေးသွားခဲ့ကြောင်း သိရသည်။
zawgyi version
ပုဂၢလိကေက်ာင္းမ်ား၌ ႏိုင္ငံေတာ္အလံ အေလးျပဳျခင္း ရွိ၊ မရွိအပါအဝင္ သတင္းအခ်က္အလက္မ်ားကို ကြင္းဆင္းစစ္ေဆးရန္ အဖြဲ႕(၂)ဖြဲ႕ကို နစက ဖြဲ႕စည္းထား
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၂၈
ပုဂၢလိကေက်ာင္းမ်ား၌ ႏိုင္ငံေတာ္အလံ အေလးျပဳျခင္းရွိ၊ မရွိအပါအဝင္ သတင္းအခ်က္အလက္မ်ားကို ကြင္းဆင္းစစ္ေဆးေကာက္ယူရန္ နစက၏ ပညာေရးဝန္ႀကီးဌာနက အဖြဲ႕(၂)ဖြဲ႕ကို ဖြဲ႕စည္းထားေၾကာင္း သတင္းရရွိသည္။
အထက္ျမန္မာျပည္ႏွင့္ ေအာက္ျမန္မာျပည္ရွိ အေျခခံပညာကိုယ္ပိုင္ေက်ာင္းမ်ား၊ ႏိုင္ငံတကာသင္႐ိုးသင္ ပုဂၢလိကေက်ာင္းမ်ားႏွင့္ ပုဂၢလိကအဆင့္ျမင့္ပညာေက်ာင္းမ်ား၏ ဖြင့္လွစ္သင္ၾကားေဆာင္႐ြက္ေနသည့္အေျခအေနမ်ားကို စိစစ္ႏိုင္ရန္အတြက္ အဖြဲ႕(၂)ဖြဲ႕ကို ဖြဲ႕စည္းတာဝန္ေပးသည္ဟု ပညာေရးဝန္ႀကီးဌာန ၏ အခ်က္အလက္မ်ားအရ သိရသည္။
အထက္ျမန္မာျပည္ရွိ ပုဂၢလိေက်ာင္းမ်ားစိစစ္ေဆးေရးအဖြဲ႕ကို ပညာေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ခ်ဳပ္ ေဒါက္တာ ေအာင္ေဆြထြန္းက ေခါင္းေဆာင္အျဖစ္တာဝန္ယူထားၿပီး ေအာက္ျမန္မာျပည္ရွိ ပုဂၢလိကေက်ာင္းမ်ားစိစစ္စစ္ေဆးေရးအဖြဲ႕ကို ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးကိုေလးဝင္းက ေခါင္းေဆာင္အျဖစ္ တာဝန္ယူထားသည္။
အဆိုပါေက်ာင္းမ်ားႏွင့္ပတ္သက္၍ checklist ႏွင့္ data collection form မ်ား အသုံးျပဳကာ သတင္းအခ်က္အလက္မ်ား ေကာက္ယူျခင္း၊ ကြင္းစစ္ေဆးျခင္းမ်ားကို ၎အဖြဲ႕(၂)ဖြဲ႕က လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ယင္းေက်ာင္းမ်ား၌ ဥပေဒႏွင့္အညီ ေက်ာင္းမွတ္ပုံတင္ရွိ/မရွိ၊ ေက်ာင္းဖြင့္လွစ္သင္ၾကားရန္ ခြင့္ျပဳမိန႔္ရွိ/မရွိ၊ ေက်ာင္း အဂၤါရပ္ျပည့္စုံေကာင္းမြန္မႈရွိ/မရွိႏွင့္ အခြန္ထမ္းေဆာင္မႈရွိ/မရွိတို႔ကိုလည္း စစ္ေဆးသြားမည္ဟု ပညာေရးဝန္ႀကီးဌာနက အသိေပးထားသည္။
၎ေက်ာင္းမ်ားတြင္ ျပည္ေထာင္စုစိတ္ဓာတ္ရွင္သန္ေစရန္၊ ျမန္မာ့ယဥ္ေက်းမႈ မေပ်ာက္ပ်က္ေစရန္ အမ်ိဳးသားသင္႐ိုး ၫႊန္းတမ္ေကာ္မတီက သတ္မွတ္ထားေသာ ျမန္မာစာ၊ ျမန္မာ့သမိုင္းႏွင့္ ျမန္မာ့ပထဝီဝင္သင္႐ိုးၫႊန္းတမ္းအျပည့္အစုံအား သင္ၾကားျခင္းရွိ/မရွိကိုလည္း စစ္ေဆးသြားမည္ဟု သိရသည္။
ဇာတိေသြး၊ ဇာတိမာန္ထက္သန္ေစမည့္ အေလ့အက်င့္ေကာင္းမ်ား(ႏိုင္ငံေတာ္အလံ အေလးျပဳျခင္း၊ ႏိုင္ငံေတာ္သီခ်င္းသီဆိုျခင္း)အား ျပဳစုပ်ိဳးေထာင္ေပးႏိုင္မႈရွိ/မရွိကိုလည္း အထက္ပါအဖြဲ႕(၂)ဖြဲ႕က စစ္ေဆးသြားမည္ဟု ပညာေရးဝန္ႀကီးဌာနက အသိေပးထားသည္။
“မ်ားေသာအားျဖင့္ ကြၽန္ေတာ္တို႔ ကိုယ္ပိုင္ေက်ာင္းေတြကေတာ့ ႏိုင္ငံေတာ္သီခ်င္း ဆိုတာတို႔၊ ဘာတို႔ကေတာ့ သူ႔ရဲ႕ မူဝါဒနဲ႔အညီ အေျခခံပညာေက်ာင္းေတြနဲ႔ အတူတူပဲ။ အမ်ိဳးသားပညာေရးဥပေဒေအာက္မွာအတူတူပဲ လုပ္ရတဲ့အခါၾကေတာ့ ကြၽန္ေတာ္တို႔ ကိုယ္ပိုင္ေက်ာင္းေတြက ႏိုင္ငံေတာ္သီခ်င္းဆိုတာေတြ လုပ္ၾကပါတယ္။ ေနာက္ကေလးေတြလည္း ျမန္မာ့ယဥ္ေက်းမႈနဲ႔အညီ ယဥ္ေက်းလိမၼာလာေအာင္ ယဥ္ေက်းလိမၼာသင္တန္းေတြလည္း ဖြင့္ေပးတာေတြရွိတယ္” ဟု ရန္ကုန္ၿမိဳ႕ရွိ ကိုယ္ပိုင္ေက်ာင္းတစ္ေက်ာင္းမွ ေက်ာင္းအုပ္ႀကီးတစ္ဦးက NP News ကို မွတ္ခ်က္ျပဳေျပာၾကားထားသည္။
ထို႔ျပင္ ျပည္ပႏိုင္ငံမ်ား၏ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းမ်ားႏွင့္ ဘာသာတရားမ်ားကို ထည့္သြင္းစည္း႐ုံးသင္ၾကားပို႔ခ်မႈရွိ/မရွိ၊ အတန္းအလိုက္ သင္ၾကားမႈမ်ားေဆာင္႐ြက္ရာတြင္ ႏိုင္ငံေရးအေရာင္အေသြးပါရွိမႈ ရွိ/မရွိႏွင့္ ဘာသာေရး၊ ႏိုင္ငံေရး စြက္ဖက္လႊမ္းမိုးမႈရွိ/မရွိကိုလည္း စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။
“ဒါေတြကေတာ့ ျဖစ္သင့္ပါတယ္။ ကြၽန္ေတာ္တို႔က ႏိုင္ငံ့သားေကာင္းေတြကို ေမြးထုတ္ေနတဲ့ ေက်ာင္းေတြပဲေလ။ ႏိုင္ငံ့သားေကာင္းေတြကို ေမြးထုတ္ေနတဲ့ ေက်ာင္းေတြဆိုေတာ့ စစ္ကိုစစ္ေဆးရမယ္။ မလုပ္တဲ့ေက်ာင္းေတြကိုလည္း ပညာေပးရမယ္။ အေရးယူရမယ္” ဟု အထက္ပါေက်ာင္းအုပ္ႀကီးက ဆက္ လက္ေျပာသည္။
ပညာေရးဝန္ႀကီးဌာန၏ စိစစ္စစ္ေဆးေရးအဖြဲ႕အေနျဖင့္ ၿပီးခဲ့ေသာ ရက္ပိုင္းမ်ားအတြင္း၌ ရန္ကုန္ၿမိဳ႕ရွိ International School (၃၀)ခန႔္ကို ကြင္းဆင္းစစ္ေဆးသြားခဲ့ေၾကာင္း သိရသည္။