Twice အဖွဲ့ဝင် ကျူဝီ အသုံးချစိတ်ပညာမဟာဘွဲ့ရရှိ
290
ရောင်နီ (NP News) - ဒီဇင်ဘာ ၁၇
အသက် ၂၅ နှစ်အရွယ် တောင်ကိုရီးယား အမျိုးသမီး K POP အဖွဲ့ Twice အဖွဲ့ရဲ့အငယ်ဆုံးဖြစ်သူ ကျူဝီ ဟာ စပိန်တက္ကသိုလ်က ချီးမြင့်တဲ့ အသုံးချစိတ်ပညာမဟာဘွဲ့ရယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို သူတက်ရောက်သင်ကြားခဲ့တဲ့ Fuxing မူလတန်းကျောင်းက သူမရဲ့အောင်မြင်မှုကို လက်ကမ်းစာစောင်နဲ့ရိုက်နှိပ်ပြီး ဂုဏ်ယူတဲ့အနေနဲ့ အွန်လိုင်းပေါ်တင်ခဲ့ရာမှ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာခဲ့ခြင်းဖြစ်ပါတယ်။
အခုဆိုရင် ကျူဝီဟာ Twice အဖွဲ့မှာ နာယောင်းနဲ့ ဂျီဟိုပြီးရင် Hanlim Arts High School မှ ဘွဲ့ရတဲ့ တတိယမြောက်အဖွဲ့ဝင်ဖြစ်ပြီး စပိန်နိုင်ငံ Miguel de Cervantes European University မှ အသုံးချစိတ်ပညာဆိုင်ရာမဟာဘွဲ့ရရှိတဲ့ ပထမဆုံးအဖွဲ့ဝင်ဖြစ်ပါတယ်။ သူမဟာ ဘွဲ့အတွက် တစ်နှစ်ကျော် ပညာသင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
ကျူဝီရဲ့အောင်မြင်မှုဟာ အင်တာနက်ပေါ်မှာ သူမကို "ဦးနှောက်ရှိတဲ့ အလှတရား" လို့ ဆိုတဲ့ ချီးကျူးမှုတွေရရှိခဲ့ပါတယ်။ Twice အဖွဲ့ဟာ မကြာသေးခင်က သူတို့ရဲ့အမေရိကန်ရက်ပ်အဆိုတော် Megan Thee Stallion နဲ့ သီဆိုထားတဲ့ မီနီအယ်လ်ဘမ် Strategy ကို ထုတ်ဝေခဲ့ပြီး အဲဒီအယ်လ်ဘမ်ဟာ Billboard 200 ဇယားမှာ နံပါတ်လေးနေရာမှာ ရပ်တည်ခဲ့ပါတယ်။
Zawgyi Version;
Twice အဖြဲ႕ဝင္ က်ဴဝီ အသုံးခ်စိတ္ပညာမဟာဘြဲ႕ရရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၇
အသက္ ၂၅ ႏွစ္အ႐ြယ္ ေတာင္ကိုရီးယား အမ်ိဳးသမီး K POP အဖြဲ႕ Twice အဖြဲ႕ရဲ႕အငယ္ဆုံးျဖစ္သူ က်ဴဝီ ဟာ စပိန္တကၠသိုလ္က ခ်ီးျမင့္တဲ့ အသုံးခ်စိတ္ပညာမဟာဘြဲ႕ရယူလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို သူတက္ေရာက္သင္ၾကားခဲ့တဲ့ Fuxing မူလတန္းေက်ာင္းက သူမရဲ႕ေအာင္ျမင္မႈကို လက္ကမ္းစာေစာင္နဲ႔႐ိုက္ႏွိပ္ၿပီး ဂုဏ္ယူတဲ့အေနနဲ႔ အြန္လိုင္းေပၚတင္ခဲ့ရာမွ ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔လာခဲ့ျခင္းျဖစ္ပါတယ္။
အခုဆိုရင္ က်ဴဝီဟာ Twice အဖြဲ႕မွာ နာေယာင္းနဲ႔ ဂ်ီဟိုၿပီးရင္ Hanlim Arts High School မွ ဘြဲ႕ရတဲ့ တတိယေျမာက္အဖြဲ႕ဝင္ျဖစ္ၿပီး စပိန္ႏိုင္ငံ Miguel de Cervantes European University မွ အသုံးခ်စိတ္ပညာဆိုင္ရာမဟာဘြဲ႕ရရွိတဲ့ ပထမဆုံးအဖြဲ႕ဝင္ျဖစ္ပါတယ္။ သူမဟာ ဘြဲ႕အတြက္ တစ္ႏွစ္ေက်ာ္ ပညာသင္ယူခဲ့ရတယ္လို႔ ဆိုပါတယ္။
က်ဴဝီရဲ႕ေအာင္ျမင္မႈဟာ အင္တာနက္ေပၚမွာ သူမကို "ဦးေႏွာက္ရွိတဲ့ အလွတရား" လို႔ ဆိုတဲ့ ခ်ီးက်ဴးမႈေတြရရွိခဲ့ပါတယ္။ Twice အဖြဲ႕ဟာ မၾကာေသးခင္က သူတို႔ရဲ႕အေမရိကန္ရက္ပ္အဆိုေတာ္ Megan Thee Stallion နဲ႔ သီဆိုထားတဲ့ မီနီအယ္လ္ဘမ္ Strategy ကို ထုတ္ေဝခဲ့ၿပီး အဲဒီအယ္လ္ဘမ္ဟာ Billboard 200 ဇယားမွာ နံပါတ္ေလးေနရာမွာ ရပ္တည္ခဲ့ပါတယ္။