၂၀၂၄ ခုနှစ်အတွက် KBS ဒရာမာ ထူးချွန်ဆု Daesang (Grand Prize) ကို အသက် ၉၀ အရွယ် သရုပ်ဆောင် လီဆွန်းဂျယ်မှ ရရှိ

 80

ရောင်နီ (NP News) - ဇန်နဝါရီ ၁၃

၂၀၂၄ ခုနှစ်အတွက် KBS ဒရာမာဆုပေးပွဲအခမ်းအနားကို မူလက ဒီဇင်ဘာလ ၃၁ ရက်မှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် Jeju Air လေယာဉ်ပျက်ကျမှုကြောင့် ရွှေ့ဆိုင်းခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်မှာမှ ထုတ်လွှင့် ခဲ့ပါတယ်။
ယခုနှစ် KBS ဒရာမာတွေအတွက် Daesang (Grand Prize) ကိုတော့ "Dog Knows Everything" ဒရာမာနဲ့ ဝါရင့် သရုပ်ဆောင် လီဆွန်းဂျယ်က ရရှိသွားခဲ့ပါတယ်။ ဒီဆုကြောင့် လီဆွန်းဂျယ်ဟာ အသက် ၉၀ အရွယ်မှာ Daesang ဆု ရရှိခဲ့တဲ့ အသက်အကြီးဆုံးသရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။
Dog Knows Everything ဇာတ်လမ်းမှာ လီဆွန်းဂျယ်က ရဲခွေး ဆိုဖီနဲ့အတူ အမှုကိစ္စ္စတွေကို ဖြေရှင်းတဲ့ ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ပြီး Grand Prize ကို အသက်အကြီးဆုံး ရရှိသူအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် KBS Drama Special Award ဆုကို “The History of Us“, To My Lonely Sister“ တို့က အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
၂၀၂၄ ခုႏွစ္အတြက္ KBS ဒရာမာ ထူးခြၽန္ဆု Daesang (Grand Prize) ကို အသက္ ၉၀ အ႐ြယ္ သ႐ုပ္ေဆာင္ လီဆြန္းဂ်ယ္မွ ရရွိ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၃

၂၀၂၄ ခုႏွစ္အတြက္ KBS ဒရာမာဆုေပးပြဲအခမ္းအနားကို မူလက ဒီဇင္ဘာလ ၃၁ ရက္မွာ တိုက္႐ိုက္ထုတ္လႊင့္ဖို႔ စီစဥ္ထားတာျဖစ္ေပမယ့္ Jeju Air ေလယာဥ္ပ်က္က်မႈေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ၿပီး ဇန္နဝါရီ ၁၁ ရက္မွာမွ ထုတ္လႊင့္ ခဲ့ပါတယ္။
ယခုႏွစ္ KBS ဒရာမာေတြအတြက္ Daesang (Grand Prize) ကိုေတာ့ "Dog Knows Everything" ဒရာမာနဲ႔ ဝါရင့္ သ႐ုပ္ေဆာင္ လီဆြန္းဂ်ယ္က ရရွိသြားခဲ့ပါတယ္။ ဒီဆုေၾကာင့္ လီဆြန္းဂ်ယ္ဟာ အသက္ ၉၀ အ႐ြယ္မွာ Daesang ဆု ရရွိခဲ့တဲ့ အသက္အႀကီးဆုံးသ႐ုပ္ေဆာင္ျဖစ္လာခဲ့ပါတယ္။
Dog Knows Everything ဇာတ္လမ္းမွာ လီဆြန္းဂ်ယ္က ရဲေခြး ဆိုဖီနဲ႔အတူ အမႈကိစၥၥေတြကို ေျဖရွင္းတဲ့ ဇာတ္ေကာင္အျဖစ္ ပါဝင္ခဲ့ၿပီး Grand Prize ကို အသက္အႀကီးဆုံး ရရွိသူအျဖစ္ စံခ်ိန္သစ္တင္ခဲ့ပါတယ္။ ၂၀၂၄ ခုႏွစ္အတြက္ KBS Drama Special Award ဆုကို “The History of Us“, To My Lonely Sister“ တို႔က အသီးသီး ရရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.