ကျေးရွာအားမီးဖြတ်သဖြင့် မီတာစာရေး(၂)ဦးကို PDF တစ်ဦးက သေနတ်ဖြင့်လာရောက်ပစ်ခတ်မှု မလှိုင်မြို့နယ်၌ဖြစ်ပွား

 7557

NP News -ဩဂုတ် ၃၁

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်လျှပ်စစ်ရုံးရှိ မီတာစာရေးအမျိုးသား(၂)ဦးအား PDF အမည်ခံအကြမ်းဖက်တစ်ဦးက သေနတ်ဖြင့်လာရောက်ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော ဩဂုတ်လ ၂၈ ရက်၊ မွန်းလွဲ ၂နာရီအချိန်တွင် မလှိုင်မြို့နယ်လျှပ်စစ်ရုံးအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါလျှပ်စစ်ရုံးရှိ မီတာခကောက်ခံသည့် ကောင်တာအတွင်း၌ မီတာစာရေးများဖြစ်သည့် မောင်ကောင်းထက်ဟိန်း(၂၀)နှစ်နှင့် မောင်ထက်လင်းအောင်(၁၉)နှစ်တို့ (၂)ဦးသည် လျှပ်စစ်မီတာခများ ကောက်ခံနေစဉ် PDF အမည်ခံအမျိုးသားတစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး “ထနောင်းကိုင်းရွာအား ဘာလို့မီးဖြတ်တာလဲ” ဟုဆိုကာ သေနတ်ဖြင့် (၃)ချက်ပစ်ခတ်၍ မြို့နယ်လျှပ်စစ်ရုံးရှေ့လမ်းကြားအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မောင်ကောင်းထက်ဟိန်း၏ ဝဲလက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

၎င်းပစ်ခတ်မှုတွင် ပါဝင်ပတ်သက်သူအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
ေက်း႐ြာအားမီးျဖတ္သျဖင့္ မီတာစာေရး(၂)ဦးကို PDF တစ္ဦးက ေသနတ္ျဖင့္လာေရာက္ပစ္ခတ္မႈ မလႈိင္ၿမိဳ႕နယ္၌ျဖစ္ပြား

NP News -ဩဂုတ္ ၃၁

မႏၲေလးတိုင္း၊ မလႈိင္ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးရွိ မီတာစာေရးအမ်ိဳးသား(၂)ဦးအား PDF အမည္ခံအၾကမ္းဖက္တစ္ဦးက ေသနတ္ျဖင့္လာေရာက္ပစ္ခတ္မႈေၾကာင့္ တစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ဩဂုတ္လ ၂၈ ရက္၊ မြန္းလြဲ ၂နာရီအခ်ိန္တြင္ မလႈိင္ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးအတြင္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

အဆိုပါလွ်ပ္စစ္႐ုံးရွိ မီတာခေကာက္ခံသည့္ ေကာင္တာအတြင္း၌ မီတာစာေရးမ်ားျဖစ္သည့္ ေမာင္ေကာင္းထက္ဟိန္း(၂၀)ႏွစ္ႏွင့္ ေမာင္ထက္လင္းေအာင္(၁၉)ႏွစ္တို႔ (၂)ဦးသည္ လွ်ပ္စစ္မီတာခမ်ား ေကာက္ခံေနစဥ္ PDF အမည္ခံအမ်ိဳးသားတစ္ဦးက ဆိုင္ကယ္တစ္စီးျဖင့္ေရာက္ရွိလာၿပီး “ထေနာင္းကိုင္း႐ြာအား ဘာလို႔မီးျဖတ္တာလဲ” ဟုဆိုကာ ေသနတ္ျဖင့္ (၃)ခ်က္ပစ္ခတ္၍ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးေရွ႕လမ္းၾကားအတိုင္း ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ေမာင္ေကာင္းထက္ဟိန္း၏ ဝဲလက္ေမာင္းတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ တစ္ခ်က္ရရွိခဲ့သျဖင့္ မလႈိင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ၌ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

၎ပစ္ခတ္မႈတြင္ ပါဝင္ပတ္သက္သူအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

01/09/2023 12:43

ဓါတ်တျုင်ချိုးရေအားလျှပ်စစ်ဖျက်စီးတဲကောင်တွေကိုလည်းသွားပြစ်ပါ

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

01/09/2023 12:44

ဓါတ်တိုင်ချိုးရေအားလျှပ်စစ်ဖျက်စီးတဲတွေကိုလည်းသွားပြစ်ပါ

Related news

© 2021. All rights reserved.