ဘတ္ထရီစက်ဘီး စီးနင်းလာသည့် အမျိုးသမီးတစ်ဦး သံလွင်တံတားအတက်လမ်း၌ တွဲကားကြိတ်ခံရ၍ သေဆုံး

7966

သန့်ဇင်(NP News)-စက်တင်ဘာ ၁
မွန်ပြည်နယ်၊ မော်လမြို့ရှိ တံတားအတက်လမ်းတွင် တွဲကားမှ ဘတ္ထရီစက်ဘီးအား ကျော်တက်ရာမှ စက်ဘီး စီးနှင်းသူအမျိုးသမီး ကားကြိတ်မိ၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ ၃၁ ရက် ညနေ ၅ နာရီ ၃ဝ မိနစ်အချိန်တွင် မော်လမြိုင်မြို့၊ သံလွင်တံတား အတက်လမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူက ဘတ္ထရီစက်ဘီးစီးသွားတာ။ အဲဒါ တွဲကားကသူ့ကို ကျော်တက်တဲ့အချိန်။ တွဲကားရဲ့ ညာဘက်ခြမ်းက နောက်ဘီး နဲ့ ဦးခေါင်းကို ကြိတ်မိပြီးတော့ ဆုံးသွားတာပါ” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ကားကြိတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် အမျိုသမီးမှာ အသက်(၂ဝ)နှစ်ဝန်းကျင် မအေးခိုင်ဇာမြင့်ဖြစ်ပြီး မုတ္တမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
“အမျိုးသမီးကတော့ ငယ်ငယ်လေးပါပဲ။ ကောင်မလေးကလဲ အိမ်အပြန်။ တွဲကားကလဲ မုတ္တမဘက်ကိုသွားဖို့ ကျော် အတက်မှာ အဲလိုဖြစ်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသမီးအား ဒေသခံလူမှုကူညီရေးအသင်းမှကားဖြင့် မော်လမြိင်မြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဘတၳရီစက္ဘီး စီးနင္းလာသည့္ အမ်ိဳးသမီးတစ္ဦး သံလြင္တံတားအတက္လမ္း၌ တြဲကားႀကိတ္ခံရ၍ ေသဆုံး
သန႔္ဇင္(NP News)-စက္တင္ဘာ ၁
မြန္ျပည္နယ္၊ ေမာ္လၿမိဳ႕ရွိ တံတားအတက္လမ္းတြင္ တြဲကားမွ ဘတၳရီစက္ဘီးအား ေက်ာ္တက္ရာမွ စက္ဘီး စီးႏွင္းသူအမ်ိဳးသမီး ကားႀကိတ္မိ၍ ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ ဩဂုတ္လ ၃၁ ရက္ ညေန ၅ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ သံလြင္တံတား အတက္လမ္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“သူက ဘတၳရီစက္ဘီးစီးသြားတာ။ အဲဒါ တြဲကားကသူ႔ကို ေက်ာ္တက္တဲ့အခ်ိန္။ တြဲကားရဲ႕ ညာဘက္ျခမ္းက ေနာက္ဘီး နဲ႔ ဦးေခါင္းကို ႀကိတ္မိၿပီးေတာ့ ဆုံးသြားတာပါ” ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ကားႀကိတ္ခံရမႈေၾကာင့္ ေသဆုံးခဲ့သည့္ အမ်ိဳသမီးမွာ အသက္(၂ဝ)ႏွစ္ဝန္းက်င္ မေအးခိုင္ဇာျမင့္ျဖစ္ၿပီး မုတၱၿမိဳ႕နယ္တြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။
“အမ်ိဳးသမီးကေတာ့ ငယ္ငယ္ေလးပါပဲ။ ေကာင္မေလးကလဲ အိမ္အျပန္။ တြဲကားကလဲ မုတၱမဘက္ကိုသြားဖို႔ ေက်ာ္ အတက္မွာ အဲလိုျဖစ္သြားတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသမီးအား ေဒသခံလူမႈကူညီေရးအသင္းမွကားျဖင့္ ေမာ္လၿမိင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။