မင်္ဂလာဒုံမြို့နယ်၌ အသက်(၈၀)အရွယ် ရောဂါသည်အဖိုးအိုတစ်ဦး စွန်ပစ်ခံခဲ့ရပြီး ကူညီကယ်ဆယ်မှုပြုလုပ်နေစဉ် ကွယ်လွန်ခဲ့

 910

သန့်ဇင်(NP News) - စက်တင်ဘာ ၂

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ကားဂိတ်တစ်ခုတွင် စွန့်ပစ်ခံအဖိုးအိုတစ်ဦးအား တွေ့ရှိကယ်ဆယ်နေစဉ် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့( စက်တင်ဘာလ ၂ရက်)၊ နံနက် ၇နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမကြီး ကားဂိတ်တွင် အဆိုပါအဖိုးအိုအား တွေ့ရှိခဲ့ကြောင်း ပုလဲမြို့နယ်အရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“အဖိုးအိုက အိပ်ရာထဲလဲနေတဲ့လူနာပေါ့။ အဲဒါကို ကားနဲ့လာပြီး ဂိတ်မှာချသွားတဲ့သဘောပေါ့နော်။ အဖိုးအိုကလဲ ရောဂါပါလာတယ် ထင်တယ် ခန္ဒာကိုယ်တစ်ခုလုံးမှာလည်း အနာတွေအပြည့်နဲ့ဆိုတော့လေ။ အစ်ကိုတို့ ကူညီကယ်ဆယ်ရေးလုပ်နေချိန်မှာပဲ ကွယ်လွန်သွားပါတယ်”ဟု ပုလဲမြို့နယ်အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

အဆိုပါ စွန့်ပစ်ခံရသည့် အဖိုးအိုသည် အသက်(၈၀)ဝန်းကျင်အရွယ်ဖြစ်ပြီး ရောဂါဝေဒနာခံစားနေရသူဖြစ်ကာ ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

“အစ်ကိုတို့ မင်္ဂလာဒုံမြို့နယ်မှာက စိတ်ဝေဒနာရှင်တို့။ အဲဒီလိုမျိုးသက်ကြီးရွယ်အိုတို့ဆိုရင် လာလာပစ်ကျတယ်။ ဘာလို့လည်းဆိုတော့ ဒီမှာက အဲဒီလိုမျိုးသက်ကြီးရွယ်အိုတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကရှိတာကို” ဟု ၎င်းကဆက်လက်ပြောသည်။

ကွယ်လွန်သွားသည့် အဖိုးအိုအား ပုလဲမြို့နယ်အရံမီးသတ်တပ်ဖွဲ့မှ မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီဆေးရုံကြီးသို့ ပိုဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
မဂၤလာဒုံၿမိဳ႕နယ္၌ အသက္(၈၀)အ႐ြယ္ ေရာဂါသည္အဖိုးအိုတစ္ဦး စြန္ပစ္ခံခဲ့ရၿပီး ကူညီကယ္ဆယ္မႈျပဳလုပ္ေနစဥ္ ကြယ္လြန္ခဲ့

သန႔္ဇင္(NP News) - စက္တင္ဘာ ၂

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ ကားဂိတ္တစ္ခုတြင္ စြန႔္ပစ္ခံအဖိုးအိုတစ္ဦးအား ေတြ႕ရွိကယ္ဆယ္ေနစဥ္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔( စက္တင္ဘာလ ၂ရက္)၊ နံနက္ ၇နာရီအခ်ိန္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ခေရပင္လမ္းမႀကီး ကားဂိတ္တြင္ အဆိုပါအဖိုးအိုအား ေတြ႕ရွိခဲ့ေၾကာင္း ပုလဲၿမိဳ႕နယ္အရံမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

“အဖိုးအိုက အိပ္ရာထဲလဲေနတဲ့လူနာေပါ့။ အဲဒါကို ကားနဲ႔လာၿပီး ဂိတ္မွာခ်သြားတဲ့သေဘာေပါ့ေနာ္။ အဖိုးအိုကလဲ ေရာဂါပါလာတယ္ ထင္တယ္ ခႏၵာကိုယ္တစ္ခုလုံးမွာလည္း အနာေတြအျပည့္နဲ႔ဆိုေတာ့ေလ။ အစ္ကိုတို႔ ကူညီကယ္ဆယ္ေရးလုပ္ေနခ်ိန္မွာပဲ ကြယ္လြန္သြားပါတယ္”ဟု ပုလဲၿမိဳ႕နယ္အရံမီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

အဆိုပါ စြန႔္ပစ္ခံရသည့္ အဖိုးအိုသည္ အသက္(၈၀)ဝန္းက်င္အ႐ြယ္ျဖစ္ၿပီး ေရာဂါေဝဒနာခံစားေနရသူျဖစ္ကာ ကူညီကယ္ဆယ္ေရးမ်ား ျပဳလုပ္ေပးေနစဥ္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။

“အစ္ကိုတို႔ မဂၤလာဒုံၿမိဳ႕နယ္မွာက စိတ္ေဝဒနာရွင္တို႔။ အဲဒီလိုမ်ိဳးသက္ႀကီး႐ြယ္အိုတို႔ဆိုရင္ လာလာပစ္က်တယ္။ ဘာလို႔လည္းဆိုေတာ့ ဒီမွာက အဲဒီလိုမ်ိဳးသက္ႀကီး႐ြယ္အိုေတြကို ကူညီေပးေနတဲ့ အဖြဲ႕အစည္းေတြကရွိတာကို” ဟု ၎ကဆက္လက္ေျပာသည္။

ကြယ္လြန္သြားသည့္ အဖိုးအိုအား ပုလဲၿမိဳ႕နယ္အရံမီးသတ္တပ္ဖြဲ႕မွ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေမဓါဝီေဆး႐ုံႀကီးသို႔ ပိုေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.