အမေရိကန်ဒေါ်လာကို စိန်ခေါ်မယ့် BRICS အဖွဲ့ရဲ့ နိုင်ငံတကာသုံးငွေကြေးသစ်

7299

Htay Oung (NP News) - စက်တင်ဘာ ၈
BRICS (ခေါ်) ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက စသည်ဖြင့် ၅ နိုင်ငံ ဦးဆောင်တဲ့ ကုန်သွယ်ရေး စီးပွားရေးအုပ်စုက နိုင်ငံတကာသုံးစက္ကူသစ်ကို ထုတ်ဝေလိုက်ကြောင်း၊ လာမယ့် ၂ဝ၂၄ ခုနှစ်တွင် စတင်အသုံးပြု နိုင်တော့မှာဖြစ်ကြောင်း ပုံစာနှင့်တကွ သတင်းတစ်ပုဒ်ကို မိတ်ဆွေများ လာပြတဲ့အတွက် စက်တင်ဘာလ ၇ ရက် က တွေ့ရှိရပါတယ်။
အဲဒီသတင်းအတွက် စာရေးသူ အလွန်အံ့သြမိပြီး မြင်ရုံနဲ့ပဲ သတင်းတုဖြစ်ကြောင်း ကောက်ချက်ချမိပါတယ်။
၁၉၃၉ ခုနှစ် စတင်ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးမှာ ဥရောပစက်မှုနိုင်ငံကြီးများသာမက ကမ္ဘာ့တိုက်ကြီး အသီးသီးရှိ နိုင်ငံအတော်များမျးတို့အကြား အကြိတ်အနယ် စစ်ခင်းခဲ့ကြပေမယ့် အမေရိကန်နိုင်ငံ ပါဝင်ခြင်း မရှိခဲ့ ပါဘူး၊ စစ်ပြီးဆုံးကာနီး ၁၉၄၁ ခုနှစ် ပုလဲဆိပ်ကမ်းကို ဂျပန်က တိုက်ခိုက်ပြီးနောက်မှ စစ်အတွင်း အတိအလင်း ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။
ကမ္ဘာ့စစ်ကာလ အဆိုပါနိုင်ငံအတွင်း ကျည်တစ်တောင့်မှ မကျခဲ့တဲ့ အမေရိကန်ဟာ စစ်လက်နက်မှ ရိက္ခာနဲ့ ယာဉ်ယန္တရား-အသုံးအဆောင်ပစ္စည်းအဆုံး အကြီးအကျယ်ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီပစ္စည်းကို ဝယ်ယူ သူတွေဟာ ရွှေသတ္ထုနဲ့စံထားပြီး ပေးချေခဲ့ရခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ကြီးများမှ ရွှေများအားလုံးဟာ အမေရိကန်မှာ သွားရောက်စုပုံနေသလို ရှိခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဘရီတန်ဝုဒ် စနစ်အရ ၃၅ ဒေါ်လာပေးလျှင် ရွှေတစ်အောင်စ ပြန်လည်ထုတ်ပေးခြင်းဖြင့် အမေရိကန်ဒေါ်လာဟာ ကမ္ဘာသုံးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆ဝ ပြည့်လွန်နှစ်များမှာ အမေရိကန်အစိုးရရဲ့ အသုံးစရိတ်များ မြင့်တက်လာခံပါတယ်။ ပေါ်ပေါက်လာတဲ့ ဘဏ္ဍာရေးအကျပ်အတည်းဟာ ရွှေအတွက် ဒေါ်လာ ကို ရွေးယူနိုင်ခြင်းမရှိတဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစတင်ပြီး အမေရိကန်ဒေါ်လာငွေကြေး တန်ဖိုး ကျဆင်းလာခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် သမ္မတနစ်ဆင်လက်မှာ အမေရိကန်ဒေါ်လာနဲ့ ရွှေ ချိတ်ဆက်မှုကို လုံးဝ ဖျက်သိမ်းလိုက်ပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးမှာ စံငွေကြေးအဖြစ် သုံးစွဲနေရတဲ့ အမေရိကန်ဒေါ်လာကို အစားထိုးဖို့ ကမ္ဘာ့နိုင်ငံအသီးသီးက ကြံစည်နေခဲ့တာအတော်ကြာခဲ့ပါပြီ၊
ဘရီတန်ဝုဒ်စနစ်အရ နိုင်ငံတကာသုံး ငွေကြေးပိုင်ရှင် အမေရိကန်ဘဏ္ဍာရေးဌာနဟာ နိုင်ငံတကာဘဏ်များ အချင်းချင်း ငွေကြေးချိတ်ဆက်လွှဲပြောင်းမှုကွန်ရက် SWIFT မှာ ကြီးကြပ်သူဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံခြား အဖွဲ့အစည်းများနဲ့ လူတစ်ဦးချင်းစီအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်ပြီး ကမ္ဘာ့ ဘဏ္ဍာရေး လွှဲပြောင်းမှုစနစ်များပေါ်မှာ ကြီးမားတဲ့သွေဖယ်မှုများ ဖြစ်ပေါ်လာရပါတယ်။
အဲဒီပြဿနာဟာ ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ထုတ်လုပ်သူ ရုရှားကို SWIFT မှ ထုတ်ပယ် လိုက်တဲ့အခါ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ဥရောပသာမက အမေရိကန်ကိုယ်တိုင်ပင်လျှင် ငွေကြေးဆိုင်ရာ ပြဿနာများ ကို ရင်ဆိုင်နေရပါတယ်။
၂ဝ၂၃ ခုနှစ် ပထမ လေးလ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့တွက်ချက်မှုအရ နိုင်ငံတကာကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာက ၅၉ ရာခိုင်နှုန်း ယူရိုငွေ ၂ဝ ရာခိုင်နှုန်းအောက်နဲ့ ဂျပန်ယန်းငွေ ၅ ရာခိုင်နှုန်းအသီးသီး ပါဝင် နေပါတယ်။
အမေရိကန်ဒေါ်လာငွေကြေး အသုံးပြုမှုဟာ ထိပ်ဆုံးမှာ ရောက်ရှိနေကြောင်း မှန်ကန်ပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် များအတွင်း ဒေါ်လာအသုံးပြုမှုဟာ တဖြည်းဖြည်း ကျဆင်းလာနေခဲ့ပြီး ၂ဝဝ၁ ခုနှစ်မှာ ၇ဝ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ တယ်။
အမေရိကန်ဒေါ်လာလွှမ်းမိုးမှု ကျဆင်းလာခြင်းနဲ့ ဒေါ်လာနေရာမှာ သမားရိုးကျမဟုတ်တဲ့ အခြားငွေကြေးများကို ကမ္ဘာ့နိုင်ငံအသီးသီးတို့က အရံငွေကြေးအဖြစ် စုဆောင်းလာဖွယ် ရှိ-မရှိ မေးခွန်းဟာ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများအတွက် ဦးနှောက်ခြောက်စရာဖြစ်လာပါတယ်။
BRICS ၅ နိုင်ငံအုပ်စုက ဦးဆောင်ပြီး ကမ္ဘာ့ဘဏ် WB၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF တို့နဲ့အပြိုင် အပြည် ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဘဏ်အသစ်တစ်ခု ထူထောင်ဖို့ ရှိနေပါတယ်။ အမေရိကန်ဒေါ်လာနေရာမှာ တရုတ်ယွမ်ငွေ ကို စံထားသုံးစွဲဖို့ ရုရှား အပါအဝင် ကျန်နိုင်ငံများက ဆန္ဒရှိပေမယ့် ပေကျင်းကိုယ်တိုင်က သဘောမတူနိုင်ဘဲ ရှိနေပါတယ်။
အမေရိကန်ရဲ့စီးပွားရေးကို ပုခုံးချင်းယှဉ်ပြိုင်နရခိုက် ကမ္ဘာ့အခြားနေရာမှ ယွမ်ငွေပြဿနာဟာ သူ့နိုင်ငံ စီးပွားရေး အပေါ် ဂယက်ရိုက်နိုင်လို့ဖြစ်ပြီး အခြေခံအဆောက်အအုံအတော်များများ တည်ဆောက်ဖို့နဲ့ ချိတ်ဆက်မှုများ လုပ်ဖို့ လိုအပ်နေသေးတဲ့အတွက်ဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံ ဂျိူဟန်နစ်ဘာ့ဂ်မှာ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးမှာ ၆၇ နိုင်ငံ က ခေါင်းဆောင်များတက်ရောက်ကြပြီး အီရန်၊ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးတို့လို အရှေ့အလယ်ပိုင်း ကမ္ဘာ့ရေနံထုတ်လုပ်သူများနဲ့ အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုပီးယားတို့ကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါတယ်။
#ပြီးခဲ့တဲ့_သြဂုတ် #၂၂-ရက်မှ #၂၄-ရက်နေ့အထိ_ကျင်းပခဲ့တဲ့ #BRICS #ထိပ်သီးအစည်းအဝေးဟာ #အဖွဲ့ကြီးရဲ့ #နိုင်ငံတကာသုံးငွကြေးသစ် #ထုတ်ဝေမယ့်အကြောင်း #မပါ၀င်ပဲ #ပြီးဆုံးသွားခဲ့တယ်လို့ Market Insider (28 August 2023) က ရေးသားပါတယ်။
တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံးက စိတ်၀င်စားစွာ စောင့်ကြည့်နေတဲ့ ထွန်းသစ်စနိုင်ငံကြီးများရဲ့ အစည်းအဝေး ဟာ #အမေရိကန်ဒေါ်လာကို #စိန်ခေါ်မယ့် #BRICS #စံငွေကြေးသစ်ကိစ္စနဲ့ပတ်သက်ပြီး #မဆုံးဖြတ်နိုင်သေးဘဲ #ရှိနေဆဲဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာအပေါ်မှီခိုမှု လျော့ချရေးကိစ္စမှာ ဦးဆောင် အဖွဲ့ဝင် ၅ နိုင်ငံတို့အကြား သဘောထားအမျိုးမျိုး ကွဲလွဲနေတဲ့အတွက် အစည်းအဝေးတစ်ခုလုံးအနေနဲ့မဟုတ်ဘဲ သီးခြားစီ သတင်းထုတ်ပြန်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ ကမ္ဘာ့နိုင်ငံအသီးသီးတို့ရဲ့ နိုင်ငံရပ်ခြားငွေပေးချေမှု ၄၆ ရာခိုင်နှုန်းဟာ အမေရိကန် ဒေါ်လာကို အသုံးပြုနေဆဲဖြစ်ကြောင်း၊ အခုလို RBICS အဖွဲ့ကြီး ကျယ်ပြန့်လာသည့်တိုင် အမေရိကန်ဒေါ်လာရဲ့ လွှမ်းမိုးမှုဟာ ပျောက်ဆုံးသွားဖွယ်မရှိကြောင်း စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာကျွမ်းကျင်သူများရဲ့သုံးသပ်ချက်ကို Reuters (၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်) က ရေးသားခဲ့ပါတယ်။
#BRICS #အမေရိကန်ဒေါ်လာအပေါ်_မှီခိုမှုလျော့ချရေး #ဒေါ်လာကိုစိန်ခေါ်မည့်ဘုံငွေကြေးသစ် #ဘရီတန်ဝုဒ် စနစ်
(Market Insider., 28 August 2023,” The BRICS summit ended with no new currency and all 5 members issuing differing and contradictory commentary on de-dollarization” နှင့် အခြားဆက်စပ် သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အေမရိကန္ေဒၚလာကို စိန္ေခၚမယ့္ BRICS အဖြဲ႕ရဲ႕ ႏိုင္ငံတကာသုံးေငြေၾကးသစ္
Htay Oung (NP News) - စက္တင္ဘာ ၈
BRICS (ေခၚ) ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္၊ ေတာင္အာဖရိက စသည္ျဖင့္ ၅ ႏိုင္ငံ ဦးေဆာင္တဲ့ ကုန္သြယ္ေရး စီးပြားေရးအုပ္စုက ႏိုင္ငံတကာသုံးစကၠဴသစ္ကို ထုတ္ေဝလိုက္ေၾကာင္း၊ လာမယ့္ ၂ဝ၂၄ ခုႏွစ္တြင္ စတင္အသုံးျပဳ ႏိုင္ေတာ့မွာျဖစ္ေၾကာင္း ပုံစာႏွင့္တကြ သတင္းတစ္ပုဒ္ကို မိတ္ေဆြမ်ား လာျပတဲ့အတြက္ စက္တင္ဘာလ ၇ ရက္ က ေတြ႕ရွိရပါတယ္။
အဲဒီသတင္းအတြက္ စာေရးသူ အလြန္အံ့ၾသမိၿပီး ျမင္႐ုံနဲ႔ပဲ သတင္းတုျဖစ္ေၾကာင္း ေကာက္ခ်က္ခ်မိပါတယ္။
၁၉၃၉ ခုႏွစ္ စတင္ျဖစ္ပြားခဲ့တဲ့ ဒုတိယကမာၻစစ္ႀကီးမွာ ဥေရာပစက္မႈႏိုင္ငံႀကီးမ်ားသာမက ကမာၻ႔တိုက္ႀကီး အသီးသီးရွိ ႏိုင္ငံအေတာ္မ်ားမ်းတို႔အၾကား အႀကိတ္အနယ္ စစ္ခင္းခဲ့ၾကေပမယ့္ အေမရိကန္ႏိုင္ငံ ပါဝင္ျခင္း မရွိခဲ့ ပါဘူး၊ စစ္ၿပီးဆုံးကာနီး ၁၉၄၁ ခုႏွစ္ ပုလဲဆိပ္ကမ္းကို ဂ်ပန္က တိုက္ခိုက္ၿပီးေနာက္မွ စစ္အတြင္း အတိအလင္း ပါဝင္လာခဲ့ျခင္းျဖစ္ပါတယ္။
ကမာၻ႔စစ္ကာလ အဆိုပါႏိုင္ငံအတြင္း က်ည္တစ္ေတာင့္မွ မက်ခဲ့တဲ့ အေမရိကန္ဟာ စစ္လက္နက္မွ ရိကၡာနဲ႔ ယာဥ္ယႏၲရား-အသုံးအေဆာင္ပစၥည္းအဆုံး အႀကီးအက်ယ္ထုတ္လုပ္ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ အဲဒီပစၥည္းကို ဝယ္ယူ သူေတြဟာ ေ႐ႊသတၳဳနဲ႔စံထားၿပီး ေပးေခ်ခဲ့ရျခင္းျဖစ္ပါတယ္။ ကမာၻ႔ဘဏ္ႀကီးမ်ားမွ ေ႐ႊမ်ားအားလုံးဟာ အေမရိကန္မွာ သြားေရာက္စုပုံေနသလို ရွိခဲ့ပါတယ္။
ဒုတိယကမာၻစစ္အၿပီး ဘရီတန္ဝုဒ္ စနစ္အရ ၃၅ ေဒၚလာေပးလွ်င္ ေ႐ႊတစ္ေအာင္စ ျပန္လည္ထုတ္ေပးျခင္းျဖင့္ အေမရိကန္ေဒၚလာဟာ ကမာၻသုံးျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ ၁၉၆ဝ ျပည့္လြန္ႏွစ္မ်ားမွာ အေမရိကန္အစိုးရရဲ႕ အသုံးစရိတ္မ်ား ျမင့္တက္လာခံပါတယ္။ ေပၚေပါက္လာတဲ့ ဘ႑ာေရးအက်ပ္အတည္းဟာ ေ႐ႊအတြက္ ေဒၚလာ ကို ေ႐ြးယူႏိုင္ျခင္းမရွိတဲ့ အေျခအေနျဖစ္လာခဲ့ပါတယ္။ အဲဒီအခ်ိန္ကစတင္ၿပီး အေမရိကန္ေဒၚလာေငြေၾကး တန္ဖိုး က်ဆင္းလာခဲ့ပါတယ္။ ၁၉၇၁ ခုႏွစ္ သမၼတနစ္ဆင္လက္မွာ အေမရိကန္ေဒၚလာနဲ႔ ေ႐ႊ ခ်ိတ္ဆက္မႈကို လုံးဝ ဖ်က္သိမ္းလိုက္ပါတယ္။
ကမာၻ႔ကုန္သြယ္ေရးမွာ စံေငြေၾကးအျဖစ္ သုံးစြဲေနရတဲ့ အေမရိကန္ေဒၚလာကို အစားထိုးဖို႔ ကမာၻ႔ႏိုင္ငံအသီးသီးက ႀကံစည္ေနခဲ့တာအေတာ္ၾကာခဲ့ပါၿပီ၊
ဘရီတန္ဝုဒ္စနစ္အရ ႏိုင္ငံတကာသုံး ေငြေၾကးပိုင္ရွင္ အေမရိကန္ဘ႑ာေရးဌာနဟာ ႏိုင္ငံတကာဘဏ္မ်ား အခ်င္းခ်င္း ေငြေၾကးခ်ိတ္ဆက္လႊဲေျပာင္းမႈကြန္ရက္ SWIFT မွာ ႀကီးၾကပ္သူျဖစ္ေနပါတယ္။ ဒါေၾကာင့္ ႏိုင္ငံျခား အဖြဲ႕အစည္းမ်ားနဲ႔ လူတစ္ဦးခ်င္းစီအေပၚ အေမရိကန္က ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ႏိုင္ၿပီး ကမာၻ႔ ဘ႑ာေရး လႊဲေျပာင္းမႈစနစ္မ်ားေပၚမွာ ႀကီးမားတဲ့ေသြဖယ္မႈမ်ား ျဖစ္ေပၚလာရပါတယ္။
အဲဒီျပႆနာဟာ ယူကရိန္းစစ္ပြဲေၾကာင့္ ကမာၻ႔ေရနံနဲ႔ သဘာ၀ဓါတ္ေငြ႕ထုတ္လုပ္သူ ႐ုရွားကို SWIFT မွ ထုတ္ပယ္ လိုက္တဲ့အခါ ကမာၻ႔ႏိုင္ငံအားလုံးနဲ႔ ဥေရာပသာမက အေမရိကန္ကိုယ္တိုင္ပင္လွ်င္ ေငြေၾကးဆိုင္ရာ ျပႆနာမ်ား ကို ရင္ဆိုင္ေနရပါတယ္။
၂ဝ၂၃ ခုႏွစ္ ပထမ ေလးလ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ IMF ရဲ႕တြက္ခ်က္မႈအရ ႏိုင္ငံတကာကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာက ၅၉ ရာခိုင္ႏႈန္း ယူ႐ိုေငြ ၂ဝ ရာခိုင္ႏႈန္းေအာက္နဲ႔ ဂ်ပန္ယန္းေငြ ၅ ရာခိုင္ႏႈန္းအသီးသီး ပါဝင္ ေနပါတယ္။
အေမရိကန္ေဒၚလာေငြေၾကး အသုံးျပဳမႈဟာ ထိပ္ဆုံးမွာ ေရာက္ရွိေနေၾကာင္း မွန္ကန္ေပမယ့္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ မ်ားအတြင္း ေဒၚလာအသုံးျပဳမႈဟာ တျဖည္းျဖည္း က်ဆင္းလာေနခဲ့ၿပီး ၂ဝဝ၁ ခုႏွစ္မွာ ၇ဝ ရာခိုင္ႏႈန္း က်ဆင္းခဲ့ပါ တယ္။
အေမရိကန္ေဒၚလာလႊမ္းမိုးမႈ က်ဆင္းလာျခင္းနဲ႔ ေဒၚလာေနရာမွာ သမား႐ိုးက်မဟုတ္တဲ့ အျခားေငြေၾကးမ်ားကို ကမာၻ႔ႏိုင္ငံအသီးသီးတို႔က အရံေငြေၾကးအျဖစ္ စုေဆာင္းလာဖြယ္ ရွိ-မရွိ ေမးခြန္းဟာ ဘ႑ာေရးဆိုင္ရာ ကြၽမ္းက်င္သူမ်ားအတြက္ ဦးေႏွာက္ေျခာက္စရာျဖစ္လာပါတယ္။
BRICS ၅ ႏိုင္ငံအုပ္စုက ဦးေဆာင္ၿပီး ကမာၻ႔ဘဏ္ WB၊ ႏိုင္ငံတကာ ေငြေၾကးရံပုံေငြအဖြဲ႕ IMF တို႔နဲ႔အၿပိဳင္ အျပည္ ျပည္ဆိုင္ရာဖြံ႕ၿဖိဳးေရးဘဏ္အသစ္တစ္ခု ထူေထာင္ဖို႔ ရွိေနပါတယ္။ အေမရိကန္ေဒၚလာေနရာမွာ တ႐ုတ္ယြမ္ေငြ ကို စံထားသုံးစြဲဖို႔ ႐ုရွား အပါအဝင္ က်န္ႏိုင္ငံမ်ားက ဆႏၵရွိေပမယ့္ ေပက်င္းကိုယ္တိုင္က သေဘာမတူႏိုင္ဘဲ ရွိေနပါတယ္။
အေမရိကန္ရဲ႕စီးပြားေရးကို ပုခုံးခ်င္းယွဥ္ၿပိဳင္နရခိုက္ ကမာၻ႔အျခားေနရာမွ ယြမ္ေငြျပႆနာဟာ သူ႔ႏိုင္ငံ စီးပြားေရး အေပၚ ဂယက္႐ိုက္ႏိုင္လို႔ျဖစ္ၿပီး အေျခခံအေဆာက္အအုံအေတာ္မ်ားမ်ား တည္ေဆာက္ဖို႔နဲ႔ ခ်ိတ္ဆက္မႈမ်ား လုပ္ဖို႔ လိုအပ္ေနေသးတဲ့အတြက္ျဖစ္ပါတယ္။
ေတာင္အာဖရိကႏိုင္ငံ ဂ်ိဴဟန္နစ္ဘာ့ဂ္မွာ က်င္းပတဲ့ ၁၅ ႀကိမ္ေျမာက္ BRICS ထိပ္သီးအစည္းအေဝးမွာ ၆၇ ႏိုင္ငံ က ေခါင္းေဆာင္မ်ားတက္ေရာက္ၾကၿပီး အီရန္၊ ေဆာ္ဒီအာေရးဗီးယား၊ ယူေအအီးတို႔လို အေရွ႕အလယ္ပိုင္း ကမာၻ႔ေရနံထုတ္လုပ္သူမ်ားနဲ႔ အာဂ်င္တီးနား၊ အီဂ်စ္၊ အီသီယိုပီးယားတို႔ကို အဖြဲ႕ဝင္အျဖစ္ လက္ခံခဲ့ပါတယ္။
#ၿပီးခဲ့တဲ့_ၾသဂုတ္ #၂၂-ရက္မွ #၂၄-ရက္ေန႔အထိ_က်င္းပခဲ့တဲ့ #BRICS #ထိပ္သီးအစည္းအေဝးဟာ #အဖြဲ႕ႀကီးရဲ႕ #ႏိုင္ငံတကာသုံးငြေၾကးသစ္ #ထုတ္ေဝမယ့္အေၾကာင္း #မပါ၀င္ပဲ #ၿပီးဆုံးသြားခဲ့တယ္လို႔ Market Insider (28 August 2023) က ေရးသားပါတယ္။
တစ္နည္းအားျဖင့္ တစ္ကမာၻလုံးက စိတ္၀င္စားစြာ ေစာင့္ၾကည့္ေနတဲ့ ထြန္းသစ္စႏိုင္ငံႀကီးမ်ားရဲ႕ အစည္းအေဝး ဟာ #အေမရိကန္ေဒၚလာကို #စိန္ေခၚမယ့္ #BRICS #စံေငြေၾကးသစ္ကိစၥနဲ႔ပတ္သက္ၿပီး #မဆုံးျဖတ္ႏိုင္ေသးဘဲ #ရွိေနဆဲျဖစ္ပါတယ္။
အေမရိကန္ေဒၚလာအေပၚမွီခိုမႈ ေလ်ာ့ခ်ေရးကိစၥမွာ ဦးေဆာင္ အဖြဲ႕ဝင္ ၅ ႏိုင္ငံတို႔အၾကား သေဘာထားအမ်ိဳးမ်ိဳး ကြဲလြဲေနတဲ့အတြက္ အစည္းအေဝးတစ္ခုလုံးအေနနဲ႔မဟုတ္ဘဲ သီးျခားစီ သတင္းထုတ္ျပန္ခဲ့ရပါတယ္။
ၿပီးခဲ့တဲ့ ဇူလိုင္လကုန္အထိ ကမာၻ႔ႏိုင္ငံအသီးသီးတို႔ရဲ႕ ႏိုင္ငံရပ္ျခားေငြေပးေခ်မႈ ၄၆ ရာခိုင္ႏႈန္းဟာ အေမရိကန္ ေဒၚလာကို အသုံးျပဳေနဆဲျဖစ္ေၾကာင္း၊ အခုလို RBICS အဖြဲ႕ႀကီး က်ယ္ျပန္႔လာသည့္တိုင္ အေမရိကန္ေဒၚလာရဲ႕ လႊမ္းမိုးမႈဟာ ေပ်ာက္ဆုံးသြားဖြယ္မရွိေၾကာင္း စီးပြားေရးနဲ႔ ေငြေၾကးဆိုင္ရာကြၽမ္းက်င္သူမ်ားရဲ႕သုံးသပ္ခ်က္ကို Reuters (၂ဝ၂၃ ခုႏွစ္ စက္တင္ဘာလ ၁ ရက္) က ေရးသားခဲ့ပါတယ္။
#BRICS #အေမရိကန္ေဒၚလာအေပၚ_မွီခိုမႈေလ်ာ့ခ်ေရး #ေဒၚလာကိုစိန္ေခၚမည့္ဘုံေငြေၾကးသစ္ #ဘရီတန္ဝုဒ္ စနစ္
(Market Insider., 28 August 2023,” The BRICS summit ended with no new currency and all 5 members issuing differing and contradictory commentary on de-dollarization” ႏွင့္ အျခားဆက္စပ္ သတင္းမ်ားကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)