ပြည်မြို့၌ နေအိမ်အတွင်း ဝင်ခိုးသည့် သူခိုး(၅)ဦးကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် တစ်ဦးဒဏ်ရာရ

 11465

Pearl (NP News) - စက်တင်ဘာ ၁၂
ပြည်မြို့၌ နေအိမ်အတွင်း ဝင်ခိုးသည့် သူခိုး(၅)ဦးကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၂ရက်)၊ နံနက် (၃)နာရီခွဲ အချိန်ခန့်တွင် ပဲခူးတိုင်း၊ ပြည်မြို့၊ ပြည်ရတနာလမ်း ၊ ကိုးသိန်းဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တစ်လုံး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအနီးရှိ နေအိမ်တစ်လုံးအတွင်းသို့ သူခိုး(၅)ဦးမှ ဆိုင်ကယ် (၁)စီး ၊ လက်စွပ် (၁)ကွင်း နှင့် နာရီ (၁)လုံးတို့အား ဝင်ရောက်ခိုးယူခဲ့ရာ ၎င်းတို့အား ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရာ သူခိုး(၅)ဦးအနက် (၁)ဦးကို ဖမ်းဆီးရမိ၍ (၄)ဦးမှာ လွတ်မြောက်သွားခဲ့ပြီး သူခိုး၏ ကတ်ကြေးဖြင့် ပြန်လည်ခုခံမှုကြောင့် ရပ်ကွက်နေအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"(၅)ဦး လာခိုးတာ (၁)ဦးမိတယ်။ ခိုးရာပါပစ္စည်းတွေလည်း ပြန်ရတယ်။ သူခိုးက ကတ်ကြေးနဲ့ပြန်ခုခံလို့ အရပ်သားတစ်ဦး နားထင်မှာ ပြတ်ရှဒဏ်ရာရတယ်။ သူခိုးလည်း အနားကကျောက်နဲ့ တိုက်မိပြီး ငယ်ထိပ်နဲ့ ဘယ်ဘက်ဒူး ဒဏ်ရာရတယ်။ အရင်ကတော့ ဒီလိုဖြစ်စဉ်မျိုးမဖြစ်ဖူးဘူး။ အခုနောက်ပိုင်းမှ သိပ်မပြေလည်ကြတော့ လာလာခိုးကြတာပေါ့" ဟု အထက်ပါလူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ယင်းဖြစ်စဉ်အတွင်း ဖမ်းဆီးရမိသောသူခိုးနှင့် ရပ်ကွက်နေအမျိုးသားတစ်ဦးတို့သည် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ၎င်းတို့ (၂)ဦးအား ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version

ျပည္ၿမိဳ႕၌ ေနအိမ္အတြင္း ဝင္ခိုးသည့္ သူခိုး(၅)ဦးကို ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးရာ ျပန္လည္ခုခံသျဖင့္ တစ္ဦးဒဏ္ရာရ

Pearl (NP News) - စက္တင္ဘာ ၁၂
ျပည္ၿမိဳ႕၌ ေနအိမ္အတြင္း ဝင္ခိုးသည့္ သူခိုး(၅)ဦးကို ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးရာ ျပန္လည္ခုခံသျဖင့္ တစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၁၂ရက္)၊ နံနက္ (၃)နာရီခြဲ အခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၊ ျပည္ရတနာလမ္း ၊ ကိုးသိန္းဘုန္းႀကီးေက်ာင္းအနီးရွိ ေနအိမ္တစ္လုံး၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းအနီးရွိ ေနအိမ္တစ္လုံးအတြင္းသို႔ သူခိုး(၅)ဦးမွ ဆိုင္ကယ္ (၁)စီး ၊ လက္စြပ္ (၁)ကြင္း ႏွင့္ နာရီ (၁)လုံးတို႔အား ဝင္ေရာက္ခိုးယူခဲ့ရာ ၎တို႔အား ရပ္ကြက္ေနျပည္သူမ်ားမွ ဝိုင္းဝန္းဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဖမ္းဆီးရာ သူခိုး(၅)ဦးအနက္ (၁)ဦးကို ဖမ္းဆီးရမိ၍ (၄)ဦးမွာ လြတ္ေျမာက္သြားခဲ့ၿပီး သူခိုး၏ ကတ္ေၾကးျဖင့္ ျပန္လည္ခုခံမႈေၾကာင့္ ရပ္ကြက္ေနအမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

"(၅)ဦး လာခိုးတာ (၁)ဦးမိတယ္။ ခိုးရာပါပစၥည္းေတြလည္း ျပန္ရတယ္။ သူခိုးက ကတ္ေၾကးနဲ႔ျပန္ခုခံလို႔ အရပ္သားတစ္ဦး နားထင္မွာ ျပတ္ရွဒဏ္ရာရတယ္။ သူခိုးလည္း အနားကေက်ာက္နဲ႔ တိုက္မိၿပီး ငယ္ထိပ္နဲ႔ ဘယ္ဘက္ဒူး ဒဏ္ရာရတယ္။ အရင္ကေတာ့ ဒီလိုျဖစ္စဥ္မ်ိဳးမျဖစ္ဖူးဘူး။ အခုေနာက္ပိုင္းမွ သိပ္မေျပလည္ၾကေတာ့ လာလာခိုးၾကတာေပါ့" ဟု အထက္ပါလူမႈကယ္ဆယ္ေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ယင္းျဖစ္စဥ္အတြင္း ဖမ္းဆီးရမိေသာသူခိုးႏွင့္ ရပ္ကြက္ေနအမ်ိဳးသားတစ္ဦးတို႔သည္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္အတြက္ ၎တို႔ (၂)ဦးအား ျပည္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

12/09/2023 13:16

ဖမ်းပီးဝိုင်းသမပါလားထောင်ကလွတ်လည်းပြန်ခိုးစားမှဘဲပြည်သူညီရင်အပြတ်ရှင်းပြစ်လိုရတယ်

Related news

© 2021. All rights reserved.