အိန္ဒိယနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေနိုင်မည့် ကမ္ဘာ့အစားအစာပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား ပါဝင်ရန်ဖိတ်ခေါ်

 714

ယွန်း (NP News) - စက်တင်ဘာ ၁၄

အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှုကဏ္ဍဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေနိုင်မည့် ကမ္ဘာ့အစားအစာပြပွဲသို့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအား ပါဝင်ရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။

ကမ္ဘာ့အစားအစာပြပွဲ (၂၀၂၃)ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ လာမည့် နိုဝင်ဘာလ (၃) ရက်မှ (၅) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) မှ သိရသည်။

ပြပွဲတွင် အစားအစာထုတ်လုပ်သူများ၊ စက်ပစ္စည်းကိရိယာထုတ်လုပ်သူများ၊ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများ၊ အအေးခန်းသိုလှောင်ရုံလုပ်ငန်းဆောင်ရွက်သူများ၊ စီးပွားရေးလုပ်ငန်း အစပျိုးဆောင်ရွက်သူများနှင့် လက်လီ ရောင်းချသူများ စသည့်နိုင်ငံအသီးသီးမှ စားသောက်ကုန်လုပ်ငန်းရှင်များ ပါဝင်ပြသကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါပြပွဲတွင် ဝင်ရောက်ပြသရန် မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ထားပြီး ပါဝင်တက်ရောက်ခြင်းဖြင့် အစားအစာထုတ်လုပ်ရောင်းချသူများသည် အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှုကဏ္ဍဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မိတ်ဖက်နိုင်ငံ(Partner Country)အဖြစ် ပါဝင်မည်ဆိုပါက အနည်းဆုံး(၄၀၀) စတုရန်းမီတာ ကျယ်ဝန်းသည့် ပြခန်းဆောင်ပါဝင်ပြသရမည်ဖြစ်ပြီး Focus Country အဖြစ် ပါဝင်ဆောင်ရွက်မည်ဆိုပါက အနည်းဆုံး(၂၀၀) စတုရန်းမီတာကျယ်ဝန်းသည့် ပြခန်းဆောင်ပါဝင် ပြသရမည်ဖြစ်ကြောင်း သိရသည်။

Partner/Focus Country အဖြစ်ပါဝင်မှုနှုန်းထားများသည် နေရာသီးသန့်အလွတ် (Bare Space) (၁) စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ (၁၅၀) နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာအခွန် (GST) ၁၈ ရာခိုင်နှုန်းကျသင့်မည်ဖြစ် ကြောင်း အသိပေးထားသည်။

zawgyi version
အိႏၵိယႏိုင္ငံ၏လယ္ယာစိုက္ပ်ိဳးေရးဆိုင္ရာ အခြင့္အလမ္းမ်ားကို ရွာေဖြႏိုင္မည့္ ကမာၻ႔အစားအစာျပပြဲသို႔ ျမန္မာႏိုင္ငံမွ စီးပြားေရးလုပ္ငန္းရွင္မ်ားအား ပါဝင္ရန္ဖိတ္ေခၚ
ယြန္း (NP News) - စက္တင္ဘာ ၁၄

အိႏၵိယႏိုင္ငံ၏ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ အစားအစာထုတ္လုပ္မႈက႑ဆိုင္ရာ အခြင့္အလမ္းမ်ားကို ရွာေဖြႏိုင္မည့္ ကမာၻ႔အစားအစာျပပြဲသို႔ ျမန္မာႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားအား ပါဝင္ရန္ဖိတ္ေခၚထားေၾကာင္း သိရသည္။

ကမာၻ႔အစားအစာျပပြဲ (၂၀၂၃)ကို အိႏၵိယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕၌ လာမည့္ ႏိုဝင္ဘာလ (၃) ရက္မွ (၅) ရက္အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI) မွ သိရသည္။

ျပပြဲတြင္ အစားအစာထုတ္လုပ္သူမ်ား၊ စက္ပစၥည္းကိရိယာထုတ္လုပ္သူမ်ား၊ ေထာက္ပံ့ပို႔ေဆာင္ေရး ကုမၸဏီမ်ား၊ အေအးခန္းသိုေလွာင္႐ုံလုပ္ငန္းေဆာင္႐ြက္သူမ်ား၊ စီးပြားေရးလုပ္ငန္း အစပ်ိဳးေဆာင္႐ြက္သူမ်ားႏွင့္ လက္လီ ေရာင္းခ်သူမ်ား စသည့္ႏိုင္ငံအသီးသီးမွ စားေသာက္ကုန္လုပ္ငန္းရွင္မ်ား ပါဝင္ျပသၾကမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

အဆိုပါျပပြဲတြင္ ဝင္ေရာက္ျပသရန္ ျမန္မာႏိုင္ငံမွစီးပြားေရးလုပ္ငန္းရွင္မ်ားကိုလည္း ဖိတ္ေခၚထားၿပီး ပါဝင္တက္ေရာက္ျခင္းျဖင့္ အစားအစာထုတ္လုပ္ေရာင္းခ်သူမ်ားသည္ အိႏၵိယႏိုင္ငံ၏ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ အစားအစာထုတ္လုပ္မႈက႑ဆိုင္ရာ အခြင့္အလမ္းမ်ားကို ရွာေဖြႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ မိတ္ဖက္ႏိုင္ငံ(Partner Country)အျဖစ္ ပါဝင္မည္ဆိုပါက အနည္းဆုံး(၄၀၀) စတုရန္းမီတာ က်ယ္ဝန္းသည့္ ျပခန္းေဆာင္ပါဝင္ျပသရမည္ျဖစ္ၿပီး Focus Country အျဖစ္ ပါဝင္ေဆာင္႐ြက္မည္ဆိုပါက အနည္းဆုံး(၂၀၀) စတုရန္းမီတာက်ယ္ဝန္းသည့္ ျပခန္းေဆာင္ပါဝင္ ျပသရမည္ျဖစ္ေၾကာင္း သိရသည္။

Partner/Focus Country အျဖစ္ပါဝင္မႈႏႈန္းထားမ်ားသည္ ေနရာသီးသန႔္အလြတ္ (Bare Space) (၁) စတုရန္းမီတာလွ်င္ အေမရိကန္ေဒၚလာ (၁၅၀) ႏွင့္ ကုန္စည္ႏွင့္ဝန္ေဆာင္မႈဆိုင္ရာအခြန္ (GST) ၁၈ ရာခိုင္ႏႈန္းက်သင့္မည္ျဖစ္ ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.