မီးသတ်ကားဖြင့် ကြိတ်မိရာမှ အသက်(၇)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးမှု မန္တလေး၌ဖြစ်ပွား

 1331

Pearl (NP News) - စက်တင်ဘာ ၁၄

မန္တလေး၌ မီးသတ်ကားဖြင့် ကြိတ်မိရာမှ အသက်(၇)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၃ရက်)၊ ည(၇)နာရီ အချိန်ခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ ၇၇ လမ်းနှင့် ၃၁လမ်းထောင့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းထောင့်ရှိ အရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးသည် မီးသတ်ကားဖြင့် စခန်းအပြင်သို့ မောင်းနှင်လာစဉ် ကလေးငယ်တစ်ဦးအား ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"၇၇ နဲ့ ၃၁ ထောင့်မှာ ဖြစ်တာ။ ဘယ်လိုဖြစ်ပြီးကြိတ်မိလဲ မသိရဘူး။ ကလေးက အဲဒီနားမှာ ဆော့နေတာ ကားကြိတ်တယ်လိုပဲ သိရတယ်"ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်ကြောင့် အဆိုပါ ကလေးငယ်၏ နောက်ကျော နှင့် ဝမ်းဗိုက်တို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအား ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
မီးသတ္ကားျဖင့္ ႀကိတ္မိရာမွ အသက္(၇)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးေသဆုံးမႈ မႏၲေလး၌ျဖစ္ပြား
Pearl (NP News) - စက္တင္ဘာ ၁၄

မႏၲေလး၌ မီးသတ္ကားျဖင့္ ႀကိတ္မိရာမွ အသက္(၇)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွသတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁၃ရက္)၊ ည(၇)နာရီ အခ်ိန္ခန႔္တြင္ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ကၪၥဏမဟီရပ္ကြက္၊ ၇၇ လမ္းႏွင့္ ၃၁လမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ လမ္းေထာင့္ရွိ အရန္မီးသတ္စခန္းမွ တပ္ဖြဲ႕ဝင္တစ္ဦးသည္ မီးသတ္ကားျဖင့္ စခန္းအျပင္သို႔ ေမာင္းႏွင္လာစဥ္ ကေလးငယ္တစ္ဦးအား ႀကိတ္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"၇၇ နဲ႔ ၃၁ ေထာင့္မွာ ျဖစ္တာ။ ဘယ္လိုျဖစ္ၿပီးႀကိတ္မိလဲ မသိရဘူး။ ကေလးက အဲဒီနားမွာ ေဆာ့ေနတာ ကားႀကိတ္တယ္လိုပဲ သိရတယ္"ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္ေၾကာင့္ အဆိုပါ ကေလးငယ္၏ ေနာက္ေက်ာ ႏွင့္ ဝမ္းဗိုက္တို႔တြင္ ပြန္းပဲ့ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎အား ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.