အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး ကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခံခဲ့ရ

 3607

သန့်ဇင် (NP News) - စက်တင်ဘာ ၁၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကုန်တင်ကားဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦး စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၆ရက်)၊ ည ၇နာရီခွဲအချိန်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက် ဗန်းမော်ကျော်ငြိမ်းလမ်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“အတိုက်ခံရတဲ့လူက လမ်းဖြတ်ကူးတာပါ။ ကားကလဲမိုးရွာထားတော့ စလစ်ဖြစ်ပြီး တိုက်မိတာပေါ့” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

အဆိုပါယာဉ်တိုက်ခံရမှုကြောင့် အင်းစိန်ကမ်းနားလမ်းတွင် နေထိုင်သည့် အသက်(၄၂)နှစ်အရွယ် ဦးသိန်းကိုဦးတွင် စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အနီရောင်အဆင့်တော့ သတ်မှတ်ထားပါတယ်။ အောက်မေးကွဲတယ်။ သွားလေးချောင်းကျွတ်သွားတယ်။ ခေါင်းကတော့ ဓာတ်မှန်ရိုက်ထားရတယ်။ နားတွေ၊ နှာခေါင်းတွေထဲကတော့ သွေးယိုတာတွေရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ဒဏ်ရာရရှိသည့် အမျိုးသားအား တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
အင္းစိန္ၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ကားလမ္းျဖတ္ကူးစဥ္ ကားတိုက္ခံခဲ့ရ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၇

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ ကုန္တင္ကားဝင္တိုက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး စိုးရိမ္ဖြယ္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁၆ရက္)၊ ည ၇နာရီခြဲအခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမအေနာက္ ဗန္းေမာ္ေက်ာ္ၿငိမ္းလမ္းထိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“အတိုက္ခံရတဲ့လူက လမ္းျဖတ္ကူးတာပါ။ ကားကလဲမိုး႐ြာထားေတာ့ စလစ္ျဖစ္ၿပီး တိုက္မိတာေပါ့” ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

အဆိုပါယာဥ္တိုက္ခံရမႈေၾကာင့္ အင္းစိန္ကမ္းနားလမ္းတြင္ ေနထိုင္သည့္ အသက္(၄၂)ႏွစ္အ႐ြယ္ ဦးသိန္းကိုဦးတြင္ စိုးရိမ္ဖြယ္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“အနီေရာင္အဆင့္ေတာ့ သတ္မွတ္ထားပါတယ္။ ေအာက္ေမးကြဲတယ္။ သြားေလးေခ်ာင္းကြၽတ္သြားတယ္။ ေခါင္းကေတာ့ ဓာတ္မွန္႐ိုက္ထားရတယ္။ နားေတြ၊ ႏွာေခါင္းေတြထဲကေတာ့ ေသြးယိုတာေတြရွိပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ဒဏ္ရာရရွိသည့္ အမ်ိဳးသားအား တြဲလက္လူမႈကူညီေရးအသင္းမွ အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.