ပိုလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား အိမ်နီးချင်း ဥရောပနိုင်ငံတို့က ယူကရိန်းသီးနှံကို ပိတ်ပင်

 2494

Htay Oung (NP News) - စက်တင်ဘာ ၁၇

အိမ်နီးချင်း ငါးနိုင်ငံတို့က ယူကရိန်းသီးနှံတင်သွင်းခွင့် ပိတ်ပင်ထားမှုကို သက်တမ်းတိုးခြင်းမပြုရန် ဥရောပ ကော်မရှင်က ဆုံးဖြတ်ခဲ့ပြီးနောက် ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့က ယူကရိန်းမှ ကောက်ပဲသီးနှံ တင်သွင်းမှုအပေါ် ကိုယ့်ဖာသာ ကန့်သတ်ကြောင်း သောကြာနေ့ စက်တင်ဘာလ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာ လိုက်တယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။

တစ်ချိန်က ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းဟာ ၂ဝ၂၂ ခုနှစ် ရုရှား ကျူးကျော်မှုနောက်ပိုင်း ကမ္ဘာ့ဈေးကွက်သို့ နိုင်ငံ့လယ်ယာထွက်ကုန်တင်ပို့နိုင်မှုကို လျှော့ချခဲ့ရပါတယ်။ ပင်လယ်နက်ဆိပ်ကမ်းများမှ တစ်ဆင့် နှစ်သက်ရာလမ်းကြောင်းများကို အသုံးမပြုနိုင်တဲ့ ယူကရိန်းလယ်သမားများတွေဟာ ပဋိပက္ခ စတင် ကတည်းက အိမ်နီးချင်းနိုင်ငံများမှ တစ်ဆင့် သီးနှံတင်ပို့မှုအပေါ် မှီခိုလာရပါတယ်။

ဒီအတွက် အိမ်နီးချင်းနိုင်ငံများအတွင်း နှံစားနဲ့ ဆီထွက်သီးနှံများ အလျှံပယ်ဖြစ်လာပြီး စျေးနှုန်းများ ကျဆင်းလာခဲ့ ပါတယ်။ ဒေသခံတောင်သူများရဲ့ဝင်ငွေကို ထိခိုက်လာတဲ့အတွက် ယူကရိန်းမှ စိုက်ပျိုးရေးထွက်ကုန် တင်သွင်းမှုကို သက်ဆိုင်ရာအစိုးရအသီးသီးတို့က ပိတ်ပင်ခဲ့ပါတယ်။ နိုင်ငံတစ်ခုချင်းစီရဲ့ တစ်ဖက်သတ်ပိတ်ပင်မှုများကို ဥရောပသမဂ္ဂက မေလမှာ စွက်ဖက်လာခဲ့တဲ့ပါတယ်။

အီးယူဆိုလိုတဲ့ကန့်သတ်ချက်ဟာ ယူကရိန်းအနေနဲ့ အဲဒီမှတဆင့် အခြားနေရာများမှာ ရောင်းချဖို့ အလားအလာ ရှိတဲ့ သူကုန်ပစ္စည်းများ တင်ပို့ခြင်းကို ခွင့်ပြုထားပါတယ်။

အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်များအပေါ် ထိန်းချုပ်မှုတင်းကြပ်ဖို့ ယူကရိန်းက ကတိပြုပြီးနောက် အဲဒီကန့်သတ် ချက်များ သက်တမ်းကုန်ဆုံးကြောင်း သောကြာနေ့မှာ အီးယူက ခွင့်ပြုခဲ့ပါတယ် တောင်သူလယ်သမားများက သီးနှံများ ရိတ်သိမ်းပြီး ရောင်းချရန် ပြင်ဆင်နေဆဲကာလ အဲ့ဒီခွင့်ပြုချက်ဟာ အလွန်ထိရှလွယ်တဲ့ကိစ္စဖြစ်ပါတယ်။

နိုင်ငံများအနေနဲ့ ယူကရိန်းသီးနှံတင်သွင်းမှုအပေါ် တစ်ဖက်သတ်ဆောင်ရွက်ခြင်းများကို ရှောင်ကြဉ်သင့်တယ်လို့ ဥရောပသမဂ္ဂကုန်သွယ်ရေးကော်မရှင်နာမင်းကြီးက ပြောပါတယ်။ ဒါပေမယ့် အိမ်နီးချင်း ပိုလန်၊ ဆလိုဗက်ကီး ယားနဲ့ ဟန်ဂေရီတို့က ယူကရိန်းသီးနှံတင်သွင်းမှုအပေါ် ကိုယ့်ဖာသာ ကန့်သတ်ချက်များ ပြန်လည် ချမှတ်ခြင်းဖြင့် ချက်ချင်းတုံ့ပြန်လိုက်ပါတယ်။ ယူကရိန်းထွက်ကုန်များ ဖြတ်သန်းခွင့်ကိုတော့ ဆက်လက်ခွင့်ပြုမယ်လို့ ဆိုပါ တယ်။

ထရပ်ကား မီးရထားများမှတဆင့် တင်ပို့လာတဲ့ ကောက်ပဲသီးနှံတွေဟာ ခရီးဆုံးအခြားနိုင်ငံတစ်ခုခုကို ရောက်ရှိ သွားမှာဖြစ်ကြောင်း သက်သေပြနိုင်သရွေ့ သူတို့ပြည်တွင်တားမြစ်ချက်တွေနဲ့ အကြုံဝင်ခြင်း မရှိကြောင်း၊ အဲဒါကြောင့် ယူကရိန်းရဲ့ ပို့ကုန်ထုတ်နိုင်စွမ်းကို ထိခိုက်စရာမရှိပါဘူးလို့ ချီကာဂိုအခြေစိုက် “မာရဇ်_စိုက်ပျိုး ရေးမဟာဗျူဟာအချက်အလက်ဆိုင်ရာအင်စတီကျူဒ့်” မှ အကြီးတန်းပညာရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။

ယူကရိန်းအနေနဲ့ သူ့ရဲ့ပို့ကုန်များအပေါ် ဘယ်လောက်အတိုင်းအတာအထိ တင်းကြပ်ရန် ကတိပြုထားကြောင်း (သို့မဟုတ်) အိမ်နီးချင်းနိုင်ငံများရဲ့ ယခု တားမြစ်ချက်အသစ်ဟာ ယူကရိန်းထွက်ကုန်စီးဆင်းမှုများအပေါ် ဘယ် လောက်အထိ သက်ရောက်မယ်ဆိုတာ ရှင်းရှင်းလင်း မသိရသေးပါဘူး။ ယခုပြဿနာဟာ အလုံးအရင်းနဲ့ စိုက်ပျိုး ထုတ်လုပ်ကြဖို့ ကိုယ်တိုင်လှုံဆော်နေကြတဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့စီးပွားရေးအပေါ် ယူကရိန်းစစ်ပွဲရဲ့ ဂယက် ရိုက်ခတ်မှုနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအတွင်း သဘောကွဲလွဲမှုကို မီးမောင်းထိုးပြနေပါတယ်။

သီးနှံတင်ပို့မှုကန့်သတ်ချက်ကို သက်တမ်းတိုးခြင်းမပြုဖို့ အီးယူရဲ့ဆုံးဖြတ်ချက်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမြာ_ ဇီလင်စကီးက ကြိုဆိုခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အီးယူရဲ့စည်းမျဉ်းများကို ချိုးဖောက်ပါက သိမ်မွေ့စွာ တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။

ဒါပေမယ့် အိမ်နီးချင်း သုံးနိုင်ငံကတော့ သူတို့ရဲ့ဆောင်ရွက်မှုတွေဟာ သူတို့နိုင်ငံစီးပွားရေး အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ယူကရိန်းမှ နှံစားနဲ့ ဆီထွက်သီးနှံများကို ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ရင်ကြားစေ့ရေးလမ်းများဟု ခေါ်ကြတဲ့ ဘေးကင်းလုံခြုံစွာ ရေလမ်းကြောင်းမှ တင်ပို့ရေး ပင်လယ်နက်သဘောတူညီချက်မှ ဇူလိုင်လမှာ ရုရှား က နှုတ်ထွက်သွားခဲ့ပါတယ်။ ဒီအတွက် အစားထိုး ကုန်းတွင်းလမ်းကြောင်းကို အီးယူက ဖန်တီးဖို့ ဖြစ်လာပါတယ်။

ရက်ပေါင်း ၃ဝ အတွင်း ပို့ကုန်လိုင်စင်ထုတ်ပေးရေးမျိုးလို အစီအစဉ်များကို စတင်ကျင့်သုံးရန် ယူကရိန်းက သဘောတူပြီးနောက် ကန့်သတ်ချက်တွေဟာ မူလအစီအစဉ်အတိုင်း သက်တမ်းကုန်မှာဖြစ်ကြောင်း ဥရောပ ကော်မရှင်က ပြောခဲ့ပါတယ်။ ယခင် လွဲမှားတဲ့ တင်ပို့မှုတွေဟာ စျေးကွက်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း၊ ထိရောက်တဲ့ပို့ကုန်ထိန်းချုပ်မှုများကို ယူကရိန်းက ကျင့်သုံးနေသရွေ့ ကန့်သတ်ချက်များကို ချမှတ်မှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

သီးနှံထွက်ကုန်တွေ အလျှံပယ်ဖြစ်လာခြင်းဟာ သူတို့ရဲ့ပြည်တွင်းစျေးနှုန်းကို ထိခိုက်စေပြီး ဒေဝါလီခံရတဲ့အထိ ဦးတည်နေကြောင်း ယူကရိန်းအိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံမှ လယ်သမားတို့က အကြိမ်ကြိမ်စောဒက တက်ခဲ့ကြ ပါတယ်။

ဘူလ်ဂေးရီးယားမှလွဲပြီး ကျန် ၄ နိုင်ငံများတို့က အီးယူရဲ့ကန့်သတ်မှုကို သက်တမ်းတိုးဖို့ တွန်းအားပေးခဲ့ပါတယ်။ ကြာသပတေးနေ့ ဘူလ်ဂေးရီးယားဟာ ကန့်သတ်ချက်များကို ဖျက်သိမ်းရန် မဲပေးခဲ့ပါတယ်။ အခြား အိမ်နီးချင်း နိုင်ငံများနဲ့ ရေမြေအခြေအနေ တူညီခြင်းမရှိတဲ့ ရိုမေးနီးယားအစိုးရကတော့ တစ်ဖက်စပ် တားမြစ်ချက်တွေကို မေလမတိုင်မီထိ မထုတ်ပြန်ခဲ့ပါဘူး။ ကန့်သတ်မှုကို သက်တမ်းတိုးရန် ဥရောပဖြေရှင်းနည်းကို ရှာမတွေ့သည့် အတွက် ဝမ်းနည်းမိကြောင်း၊ ယူကရိန်းရဲ့ပို့ကုန်တွေ မြင့်တက်လာတာနဲ့အမျှ တားဆီးဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ကုလကျောထောက်နောက်ခံပြု ရင်ကြားစေ့လမ်းများမှတဆင့် သီးနှံ ၆ဝ ရာခိုင်နှုန်းတင်ပို့နေတဲ့ ယူကရိန်းဟာ ပင်လယ်နက်သဘောတူညီချက် ပျက်ပြားသွားပြီးနောက် ၄ဝ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ သြဂုတ်လ ယူကရိန်းက ရင်ကြား စေ့လမ်းများမှတဆင့် သီးနှံတန်ချိန် ၄-သန်းတင်ပို့ရာမှာ တန်ချိန် ၂.၇ သန်းနီးပါးဟာ ဒင်းညု မြစ်ကြောင်းမှ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ မြစ်ဖျားခံတဲ့ ဒင်းညုဟာ သြစတြီးယား၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှား၊ ဆားဗီးယား၊ ရိုမေးနီးယား၊ ဘူးလ်ဂေးရီးယား၊ မော်လ်ဒိုဗာ၊ ယူကရိန်းနိုင်ငံများတလျှောက် မိုင်ပေါင်း ၁၈ဝဝ ခန့်ကို ဖြတ်သန်းပြီး ပင်လယ်နက်အတွင်း စီးဝင်နေပါတယ်။

ဥရောပကော်မရှင်အနေနဲ့ ရိုမေးနီးယားမှတစ်ဆင့် ပို့ကုန်များ ပိုမိုတိုးမြှင့်လိုပေမယ့် ရိုမေးနီးယားနယ်စပ်အနီး ယူကရိန်းရဲ့ သီးနှံအခြေခံအဆောက်အအုံများကို ရုရှားက ဒရုန်းဖြင့် တိုက်ခိုက်နေတဲ့အတွက် အစီအစဉ်မှာ ရှုပ်ထွေး နေပါတယ်။

#ယူကရိန်းသီးနှံ_တင်ပို့မှု #ယူကရိန်းအိမ်နီးချင်း_ငါးနိုင်ငံ #ဥရောပကော်မရှင် #ပင်လယ်နက် #ဒင်းညုမြစ်

(Reuters, 16 September 2023,” Poland, Hungary, Slovakia to introduce bans on Ukraine grains” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ပိုလန္၊ ဟန္ေဂရီ၊ ဆလိုဗက္ကီးယား အိမ္နီးခ်င္း ဥေရာပႏိုင္ငံတို႔က ယူကရိန္းသီးႏွံကို ပိတ္ပင္
Htay Oung (NP News) - စက္တင္ဘာ ၁၇

အိမ္နီးခ်င္း ငါးႏိုင္ငံတို႔က ယူကရိန္းသီးႏွံတင္သြင္းခြင့္ ပိတ္ပင္ထားမႈကို သက္တမ္းတိုးျခင္းမျပဳရန္ ဥေရာပ ေကာ္မရွင္က ဆုံးျဖတ္ခဲ့ၿပီးေနာက္ ပိုလန္၊ ဆလိုဗက္ကီးယားနဲ႔ ဟန္ေဂရီတို႔က ယူကရိန္းမွ ေကာက္ပဲသီးႏွံ တင္သြင္းမႈအေပၚ ကိုယ့္ဖာသာ ကန႔္သတ္ေၾကာင္း ေသာၾကာေန႔ စက္တင္ဘာလ ၁၅ ရက္မွာ ထုတ္ျပန္ေၾကညာ လိုက္တယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါတယ္။

တစ္ခ်ိန္က ကမာၻ႔ထိပ္တန္း ဆန္တင္ပို႔သူျဖစ္ခဲ့ဖူးတဲ့ ယူကရိန္းဟာ ၂ဝ၂၂ ခုႏွစ္ ႐ုရွား က်ဴးေက်ာ္မႈေနာက္ပိုင္း ကမာၻ႔ေဈးကြက္သို႔ ႏိုင္ငံ့လယ္ယာထြက္ကုန္တင္ပို႔ႏိုင္မႈကို ေလွ်ာ့ခ်ခဲ့ရပါတယ္။ ပင္လယ္နက္ဆိပ္ကမ္းမ်ားမွ တစ္ဆင့္ ႏွစ္သက္ရာလမ္းေၾကာင္းမ်ားကို အသုံးမျပဳႏိုင္တဲ့ ယူကရိန္းလယ္သမားမ်ားေတြဟာ ပဋိပကၡ စတင္ ကတည္းက အိမ္နီးခ်င္းႏိုင္ငံမ်ားမွ တစ္ဆင့္ သီးႏွံတင္ပို႔မႈအေပၚ မွီခိုလာရပါတယ္။

ဒီအတြက္ အိမ္နီးခ်င္းႏိုင္ငံမ်ားအတြင္း ႏွံစားနဲ႔ ဆီထြက္သီးႏွံမ်ား အလွ်ံပယ္ျဖစ္လာၿပီး ေစ်းႏႈန္းမ်ား က်ဆင္းလာခဲ့ ပါတယ္။ ေဒသခံေတာင္သူမ်ားရဲ႕ဝင္ေငြကို ထိခိုက္လာတဲ့အတြက္ ယူကရိန္းမွ စိုက္ပ်ိဳးေရးထြက္ကုန္ တင္သြင္းမႈကို သက္ဆိုင္ရာအစိုးရအသီးသီးတို႔က ပိတ္ပင္ခဲ့ပါတယ္။ ႏိုင္ငံတစ္ခုခ်င္းစီရဲ႕ တစ္ဖက္သတ္ပိတ္ပင္မႈမ်ားကို ဥေရာပသမဂၢက ေမလမွာ စြက္ဖက္လာခဲ့တဲ့ပါတယ္။

အီးယူဆိုလိုတဲ့ကန္႔သတ္ခ်က္ဟာ ယူကရိန္းအေနနဲ႔ အဲဒီမွတဆင့္ အျခားေနရာမ်ားမွာ ေရာင္းခ်ဖို႔ အလားအလာ ရွိတဲ့ သူကုန္ပစၥည္းမ်ား တင္ပို႔ျခင္းကို ခြင့္ျပဳထားပါတယ္။

အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ ပို႔ကုန္မ်ားအေပၚ ထိန္းခ်ဳပ္မႈတင္းၾကပ္ဖို႔ ယူကရိန္းက ကတိျပဳၿပီးေနာက္ အဲဒီကန္႔သတ္ ခ်က္မ်ား သက္တမ္းကုန္ဆုံးေၾကာင္း ေသာၾကာေန႔မွာ အီးယူက ခြင့္ျပဳခဲ့ပါတယ္ ေတာင္သူလယ္သမားမ်ားက သီးႏွံမ်ား ရိတ္သိမ္းၿပီး ေရာင္းခ်ရန္ ျပင္ဆင္ေနဆဲကာလ အဲ့ဒီခြင့္ျပဳခ်က္ဟာ အလြန္ထိရွလြယ္တဲ့ကိစၥျဖစ္ပါတယ္။

ႏိုင္ငံမ်ားအေနနဲ႔ ယူကရိန္းသီးႏွံတင္သြင္းမႈအေပၚ တစ္ဖက္သတ္ေဆာင္႐ြက္ျခင္းမ်ားကို ေရွာင္ၾကဥ္သင့္တယ္လို႔ ဥေရာပသမဂၢကုန္သြယ္ေရးေကာ္မရွင္နာမင္းႀကီးက ေျပာပါတယ္။ ဒါေပမယ့္ အိမ္နီးခ်င္း ပိုလန္၊ ဆလိုဗက္ကီး ယားနဲ႔ ဟန္ေဂရီတို႔က ယူကရိန္းသီးႏွံတင္သြင္းမႈအေပၚ ကိုယ့္ဖာသာ ကန႔္သတ္ခ်က္မ်ား ျပန္လည္ ခ်မွတ္ျခင္းျဖင့္ ခ်က္ခ်င္းတုံ႔ျပန္လိုက္ပါတယ္။ ယူကရိန္းထြက္ကုန္မ်ား ျဖတ္သန္းခြင့္ကိုေတာ့ ဆက္လက္ခြင့္ျပဳမယ္လို႔ ဆိုပါ တယ္။

ထရပ္ကား မီးရထားမ်ားမွတဆင့္ တင္ပို႔လာတဲ့ ေကာက္ပဲသီးႏွံေတြဟာ ခရီးဆုံးအျခားႏိုင္ငံတစ္ခုခုကို ေရာက္ရွိ သြားမွာျဖစ္ေၾကာင္း သက္ေသျပႏိုင္သေ႐ြ႕ သူတို႔ျပည္တြင္တားျမစ္ခ်က္ေတြနဲ႔ အႀကဳံဝင္ျခင္း မရွိေၾကာင္း၊ အဲဒါေၾကာင့္ ယူကရိန္းရဲ႕ ပို႔ကုန္ထုတ္ႏိုင္စြမ္းကို ထိခိုက္စရာမရွိပါဘူးလို႔ ခ်ီကာဂိုအေျခစိုက္ “မာရဇ္_စိုက္ပ်ိဳး ေရးမဟာဗ်ဴဟာအခ်က္အလက္ဆိုင္ရာအင္စတီက်ဴဒ့္” မွ အႀကီးတန္းပညာရွင္တစ္ဦးက မွတ္ခ်က္ေပးပါတယ္။

ယူကရိန္းအေနနဲ႔ သူ႔ရဲ႕ပို႔ကုန္မ်ားအေပၚ ဘယ္ေလာက္အတိုင္းအတာအထိ တင္းၾကပ္ရန္ ကတိျပဳထားေၾကာင္း (သို႔မဟုတ္) အိမ္နီးခ်င္းႏိုင္ငံမ်ားရဲ႕ ယခု တားျမစ္ခ်က္အသစ္ဟာ ယူကရိန္းထြက္ကုန္စီးဆင္းမႈမ်ားအေပၚ ဘယ္ ေလာက္အထိ သက္ေရာက္မယ္ဆိုတာ ရွင္းရွင္းလင္း မသိရေသးပါဘူး။ ယခုျပႆနာဟာ အလုံးအရင္းနဲ႔ စိုက္ပ်ိဳး ထုတ္လုပ္ၾကဖို႔ ကိုယ္တိုင္လႈံေဆာ္ေနၾကတဲ့ အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕စီးပြားေရးအေပၚ ယူကရိန္းစစ္ပြဲရဲ႕ ဂယက္ ႐ိုက္ခတ္မႈနဲ႔ပတ္သက္ၿပီး ဥေရာပသမဂၢအတြင္း သေဘာကြဲလြဲမႈကို မီးေမာင္းထိုးျပေနပါတယ္။

သီးႏွံတင္ပို႔မႈကန္႔သတ္ခ်က္ကို သက္တမ္းတိုးျခင္းမျပဳဖို႔ အီးယူရဲ႕ဆုံးျဖတ္ခ်က္ကို ယူကရိန္းသမၼတ ဗိုလိုဒီျမာ_ ဇီလင္စကီးက ႀကိဳဆိုခဲ့ေပမယ့္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနနဲ႔ အီးယူရဲ႕စည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္ပါက သိမ္ေမြ႕စြာ တုံ႔ျပန္သြားမယ္လို႔ ေျပာပါတယ္။

ဒါေပမယ့္ အိမ္နီးခ်င္း သုံးႏိုင္ငံကေတာ့ သူတို႔ရဲ႕ေဆာင္႐ြက္မႈေတြဟာ သူတို႔ႏိုင္ငံစီးပြားေရး အက်ိဳးစီးပြားအတြက္ ျဖစ္တယ္လို႔ တုံ႔ျပန္ပါတယ္။

ယူကရိန္းမွ ႏွံစားနဲ႔ ဆီထြက္သီးႏွံမ်ားကို ကုလသမဂၢ ေက်ာေထာက္ေနာက္ခံျပဳ ရင္ၾကားေစ့ေရးလမ္းမ်ားဟု ေခၚၾကတဲ့ ေဘးကင္းလုံၿခဳံစြာ ေရလမ္းေၾကာင္းမွ တင္ပို႔ေရး ပင္လယ္နက္သေဘာတူညီခ်က္မွ ဇူလိုင္လမွာ ႐ုရွား က ႏႈတ္ထြက္သြားခဲ့ပါတယ္။ ဒီအတြက္ အစားထိုး ကုန္းတြင္းလမ္းေၾကာင္းကို အီးယူက ဖန္တီးဖို႔ ျဖစ္လာပါတယ္။

ရက္ေပါင္း ၃ဝ အတြင္း ပို႔ကုန္လိုင္စင္ထုတ္ေပးေရးမ်ိဳးလို အစီအစဥ္မ်ားကို စတင္က်င့္သုံးရန္ ယူကရိန္းက သေဘာတူၿပီးေနာက္ ကန္႔သတ္ခ်က္ေတြဟာ မူလအစီအစဥ္အတိုင္း သက္တမ္းကုန္မွာျဖစ္ေၾကာင္း ဥေရာပ ေကာ္မရွင္က ေျပာခဲ့ပါတယ္။ ယခင္ လြဲမွားတဲ့ တင္ပို႔မႈေတြဟာ ေစ်းကြက္မွာ ေပ်ာက္ကြယ္သြားၿပီျဖစ္ေၾကာင္း၊ ထိေရာက္တဲ့ပို႔ကုန္ထိန္းခ်ဳပ္မႈမ်ားကို ယူကရိန္းက က်င့္သုံးေနသေ႐ြ႕ ကန႔္သတ္ခ်က္မ်ားကို ခ်မွတ္မွာ မဟုတ္ဘူး လို႔လည္း ဆိုပါတယ္။

သီးႏွံထြက္ကုန္ေတြ အလွ်ံပယ္ျဖစ္လာျခင္းဟာ သူတို႔ရဲ႕ျပည္တြင္းေစ်းႏႈန္းကို ထိခိုက္ေစၿပီး ေဒဝါလီခံရတဲ့အထိ ဦးတည္ေနေၾကာင္း ယူကရိန္းအိမ္နီးခ်င္းႏိုင္ငံ ၅ ႏိုင္ငံမွ လယ္သမားတို႔က အႀကိမ္ႀကိမ္ေစာဒက တက္ခဲ့ၾက ပါတယ္။

ဘူလ္ေဂးရီးယားမွလြဲၿပီး က်န္ ၄ ႏိုင္ငံမ်ားတို႔က အီးယူရဲ႕ကန္႔သတ္မႈကို သက္တမ္းတိုးဖို႔ တြန္းအားေပးခဲ့ပါတယ္။ ၾကာသပေတးေန႔ ဘူလ္ေဂးရီးယားဟာ ကန႔္သတ္ခ်က္မ်ားကို ဖ်က္သိမ္းရန္ မဲေပးခဲ့ပါတယ္။ အျခား အိမ္နီးခ်င္း ႏိုင္ငံမ်ားနဲ႔ ေရေျမအေျခအေန တူညီျခင္းမရွိတဲ့ ႐ိုေမးနီးယားအစိုးရကေတာ့ တစ္ဖက္စပ္ တားျမစ္ခ်က္ေတြကို ေမလမတိုင္မီထိ မထုတ္ျပန္ခဲ့ပါဘူး။ ကန္႔သတ္မႈကို သက္တမ္းတိုးရန္ ဥေရာပေျဖရွင္းနည္းကို ရွာမေတြ႕သည့္ အတြက္ ဝမ္းနည္းမိေၾကာင္း၊ ယူကရိန္းရဲ႕ပို႔ကုန္ေတြ ျမင့္တက္လာတာနဲ႔အမွ် တားဆီးဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။

ကုလေက်ာေထာက္ေနာက္ခံျပဳ ရင္ၾကားေစ့လမ္းမ်ားမွတဆင့္ သီးႏွံ ၆ဝ ရာခိုင္ႏႈန္းတင္ပို႔ေနတဲ့ ယူကရိန္းဟာ ပင္လယ္နက္သေဘာတူညီခ်က္ ပ်က္ျပားသြားၿပီးေနာက္ ၄ဝ ရာခိုင္ႏႈန္း က်ဆင္းသြားပါတယ္။ ၾသဂုတ္လ ယူကရိန္းက ရင္ၾကား ေစ့လမ္းမ်ားမွတဆင့္ သီးႏွံတန္ခ်ိန္ ၄-သန္းတင္ပို႔ရာမွာ တန္ခ်ိန္ ၂.၇ သန္းနီးပါးဟာ ဒင္းညဳ ျမစ္ေၾကာင္းမွ ျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံမွာ ျမစ္ဖ်ားခံတဲ့ ဒင္းညဳဟာ ၾသစႀတီးယား၊ ဆလိုဗက္ကီးယား၊ ဟန္ေဂရီ၊ ခ႐ိုေအးရွား၊ ဆားဗီးယား၊ ႐ိုေမးနီးယား၊ ဘူးလ္ေဂးရီးယား၊ ေမာ္လ္ဒိုဗာ၊ ယူကရိန္းႏိုင္ငံမ်ားတေလွ်ာက္ မိုင္ေပါင္း ၁၈ဝဝ ခန္႔ကို ျဖတ္သန္းၿပီး ပင္လယ္နက္အတြင္း စီးဝင္ေနပါတယ္။

ဥေရာပေကာ္မရွင္အေနနဲ႔ ႐ိုေမးနီးယားမွတစ္ဆင့္ ပို႔ကုန္မ်ား ပိုမိုတိုးျမႇင့္လိုေပမယ့္ ႐ိုေမးနီးယားနယ္စပ္အနီး ယူကရိန္းရဲ႕ သီးႏွံအေျခခံအေဆာက္အအုံမ်ားကို ႐ုရွားက ဒ႐ုန္းျဖင့္ တိုက္ခိုက္ေနတဲ့အတြက္ အစီအစဥ္မွာ ရႈပ္ေထြး ေနပါတယ္။

#ယူကရိန္းသီးႏွံ_တင္ပို႔မႈ #ယူကရိန္းအိမ္နီးခ်င္း_ငါးႏိုင္ငံ #ဥေရာပေကာ္မရွင္ #ပင္လယ္နက္ #ဒင္းညဳျမစ္

(Reuters, 16 September 2023,” Poland, Hungary, Slovakia to introduce bans on Ukraine grains” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.